Page Nav

HIDE

Breaking News:

latest

Ads Place

မန္တလေးကျုံးကြီးအတွင်း အလောင်းများနှင့်ပြည့်နှက်နေခဲ့သည့်နေ့

Unicode Version မန္တလေးမြို့ မြန်မာမင်းနေပြည်တော်အဖြစ်နှစ်ပေါင်းများစွာနေထိုင်ခဲ့သောမြို့လည်းဖြစ်၍ မြန်မာတို့၏ အထင်ကရမြို့ကြီးတစ်ခုလည်းဖြစ်ခ...


Unicode Version
မန္တလေးမြို့ မြန်မာမင်းနေပြည်တော်အဖြစ်နှစ်ပေါင်းများစွာနေထိုင်ခဲ့သောမြို့လည်းဖြစ်၍ မြန်မာတို့၏ အထင်ကရမြို့ကြီးတစ်ခုလည်းဖြစ်ခဲ့ကာ ဒုတိယကမ္ဘာစစ်ကာလ ထင်ရှားသောခံတပ်ကြီးမြို့ကြီးတစ်မြို့လည်း ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ်တို့မြန်မာနိုင်ငံအားသိမ်းပိုက်ထားစဉ်အချိန်က မန္တလေးမြို့ကြီးသည် တရုတ်တို့၏ထိန်းချုပ်ခြင်းခံရသောနယ်မြေအတွင်းပါဝင်သောမြို့ကြီးတစ်မြို့ဖြစ်၍ ရန်ကုန်၊ တောင်ငူနှင့် ကမ္ဘာကျော်ရွှေတောင်တိုက်ပွဲများအပြီးတွင် မဟာမိတ်တပ်ပေါင်းစု၏ နောက်ဆုံးခုခံရာခံတပ်မြို့ကြီးတစ်မြို့လည်းဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင်မြန်မာနိုင်ငံသည် အမေရိကန်၊ ဗြိတိသျှ၊ တရုတ်၊ ဂျပန်စသည့်တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်အင်အား ၅သိန်းခန့် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြသော သမိုင်းဝင်စစ်တစ်လင်းကြီးဖြစ်ခဲ့ပြီး ရန်ကုန်နှင့်မန္တလေးမြို့များသည် စစ်ဒဏ်ကြီးအကျယ်ခံခဲ့ရသောမြို့ကြီးများလည်းဖြစ်ကြပါသည်။ ၁၉၄၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တောင်ငူတွင်အခြေစိုက်ထားသည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်တပ်ပေါင်းစုကြီးဖြစသည့် ဗိုလ်ချုပ်ကြီးလောင်ကျိုးယင်၏တပ်များအား အနိုင်ရရှိခဲ့ပြီးနောက် ပြည်ရွှေတောင်တိုက်ပွဲများတွင် လည်းမဟာမိတ်တပ်များအရှုံးနှင့်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးခံစစ်စည်းကြီးအဖြစ် မန္တလေးမြို့အတွင်းတွင် မဟာမိတ်တပ်များ အကြီးအကျယ်စုဖွဲ့ခဲ့ကြပါသည်။

သို့သော် ၁၉၄၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဂျပန်တပ်များမှ ကြည်းကြောင်းဖြင့်ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုဘဲ မစ်ဆူဘီရှိလေတပ်ကြီးအားစေလွှတ်ကာ မန္တလေးခံစစ်ကြောင်းအား အကြီးအကျယ်ဗုံးကြဲတိုက်ခိုက်စေခဲ့ ပါသည်။ ဂျပန်လေတပ်များမှ ဗုံးကြဲတိုက်ခိုက်ရာတွင် မီးလောင်ဗုံးများကိုအဓိကထားအသုံးပြု၍တိုက်ခိုက် ခဲ့ကြသဖြင့် မန္တလေးမြနန်းစံကျော်ရွှေနန်းတော်ကြီးသည် လုံးဝမီးလောင်ပျက်စီးသွားခဲ့ပါသည်။ ထို့နောက် ဂျပန်တို့သည် မန္တလေးမြို့နှင့် နန်းမြို့ရိုး၊ ကျုံးများအနီးတွင် ထပ်မံတပ်စွဲထားသော မဟာမိတ်တပ်များကို ဆက်တိုက်ဆိုသလို တစ်နေကုန်ဗုံးကြဲခဲ့ကြပြီး လူနေရပ်ကွက်များကိုပါ ဗုံးကြဲခဲ့ကြပါသည်။ ထိုတိုက်ပွဲတွင်မဟာမိတ်တို့ရှုံးနိမ့်ခဲ့ကြပြီး လူဦးရေတစ်သိန်းခွဲခန့်ရှိသော မန္တလေးမြို့ကြီးတွင် အနည်းဆုံး ၂၀၀၀ မှ ၈၀၀၀ ခန့်သည် ဂျပန်တို့၏မီးလောင်ဗုံးဒဏ်ကြောင့် မီးလောင်သေဆုံးခဲ့ရပြီး မန္တလေးမြို့ကြီး၏လမ်းတိုင်းတွင် မီးလောင်နေသောအလောင်းများပြည့်နှက်နေ၍ မန္တလေးကျုံးကြီးအတွင်းတွင်လည်း မဟာမိတ်စစ်သည်များ၏အလောင်းများ၊ မြို့နေသာမန်ပြည်သူတို့၏အလောင်းများဖြင့်ပြည့်နှက်နေခဲ့ပါသည်။


မန္တလေးမြို့ကြီး၏ ၅ ပုံ ၃ ပုံသည် လုံးဝမီးလောင်ပျက်စီးသွားခဲ့ပါသည်။ ထိုအကြောင်းကို အင်္ဂလိပ်လူမျိုး စာရေးဆရာမတစ်ဦးဖြစ်သည့် ကလဲဘု့သ်လူ့စ်မှ "မန္တလေးမြို့ကြီးတော့လုံးဝပျက်စီးသွားပြီ မီးလောင်ပြီး ပုတ်သိုးနေသည့်အလောင်းများသည်လည်း ကျုံးပတ်လည်တွင်အပြည့်ဖြစ်နေသည်။ သေခြင်းတရား၏ အနံ့ဆိုးကိုလည်းတစ်မြို့လုံးခံစားနေကြရသည်၊ ဗုံးဒဏ်ကြောင့်ပျက်စီးနေသောအဆောက်အဦးများ သေဆုံးသူတို့၏ အလောင်းများကိုသာနေရာအနှံ့တွေ့နေရသည် ဒီနေ့ညမန္တလေးဆိုတာမရှိနိုင်တော့"ဟု ၎င်းကြုံတွေ့ခဲ့ရသည့် မန္တလေးမြို့ကျဆုံးခဲ့ခြင်းအကြောင်းအားရေးသားမှတ်တမ်းတင်ခဲ့ပါသည်။နောက်တွင် မေလ ၃ ရက်နေ့တွင် ဂျပန်အမှတ်(၁၅)တပ်မတော်သည် အထိနာနေသောမန္တလေးမြို့ကြီးအား အလွယ်တကူပင် သိမ်းပိုက်ခဲ့ပါသည်။


သက်တံ့နောင်(Wizardry Myanmar)

Zawgyi Version

မႏၲေလးၿမိဳ႕ ျမန္မာမင္းေနျပည္ေတာ္အျဖစ္ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ေသာၿမိဳ႕လည္းျဖစ္၍ ျမန္မာတို႔၏ အထင္ကရၿမိဳ႕ႀကီးတစ္ခုလည္းျဖစ္ခဲ့ကာ ဒုတိယကမၻာစစ္ကာလ ထင္ရွားေသာခံတပ္ႀကီးၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္း ျဖစ္ပါသည္။ ဒုတိယကမၻာစစ္ႀကီးအတြင္း အဂၤလိပ္တို႔ျမန္မာနိုင္ငံအားသိမ္းပိုက္ထားစဥ္အခ်ိန္က မႏၲေလးၿမိဳ႕ႀကီးသည္ တ႐ုတ္တို႔၏ထိန္းခ်ဳပ္ျခင္းခံရေသာနယ္ေျမအတြင္းပါဝင္ေသာၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္၍ ရန္ကုန္၊ ေတာင္ငူႏွင့္ ကမၻာေက်ာ္ေရႊေတာင္တိုက္ပြဲမ်ားအၿပီးတြင္ မဟာမိတ္တပ္ေပါင္းစု၏ ေနာက္ဆုံးခုခံရာခံတပ္ၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္းျဖစ္ပါသည္။



ဒုတိယကမၻာစစ္ႀကီးအတြင္းတြင္ျမန္မာနိုင္ငံသည္ အေမရိကန္၊ ၿဗိတိသၽွ၊ တ႐ုတ္၊ ဂ်ပန္စသည့္တပ္ဖြဲ႕အသီးသီးမွ တပ္ဖြဲ႕ဝင္အင္အား ၅သိန္းခန႔္ ရင္ဆိုင္တိုက္ပြဲဝင္ခဲ့ၾကေသာ သမိုင္းဝင္စစ္တစ္လင္းႀကီးျဖစ္ခဲ့ၿပီး ရန္ကုန္ႏွင့္မႏၲေလးၿမိဳ႕မ်ားသည္ စစ္ဒဏ္ႀကီးအက်ယ္ခံခဲ့ရေသာၿမိဳ႕ႀကီးမ်ားလည္းျဖစ္ၾကပါသည္။ ၁၉၄၂ ခုႏွစ္ မတ္လ ၃၀ ရက္ေန႔တြင္ ေတာင္ငူတြင္အေျခစိုက္ထားသည့္ ျမန္မာနိုင္ငံဆိုင္ရာတ႐ုတ္တပ္ေပါင္းစုႀကီးျဖစသည့္ ဗိုလ္ခ်ဳပ္ႀကီးေလာင္က်ိဳးယင္၏တပ္မ်ားအား အနိုင္ရရွိခဲ့ၿပီးေနာက္ ျပည္ေရႊေတာင္တိုက္ပြဲမ်ားတြင္ လည္းမဟာမိတ္တပ္မ်ားအရႈံးႏွင့္ရင္ဆိုင္ခဲ့ရၿပီး ေနာက္ဆုံးခံစစ္စည္းႀကီးအျဖစ္ မႏၲေလးၿမိဳ႕အတြင္းတြင္ မဟာမိတ္တပ္မ်ား အႀကီးအက်ယ္စုဖြဲ႕ခဲ့ၾကပါသည္။



သို႔ေသာ္ ၁၉၄၂ ခုႏွစ္ ဧၿပီလ ၄ ရက္ေန႔တြင္ ဂ်ပန္တပ္မ်ားမွ ၾကည္းေၾကာင္းျဖင့္ရင္ဆိုင္တိုက္ခိုက္ျခင္းမျပဳဘဲ မစ္ဆူဘီရွိေလတပ္ႀကီးအားေစလႊတ္ကာ မႏၲေလးခံစစ္ေၾကာင္းအား အႀကီးအက်ယ္ဗုံးၾကဲတိုက္ခိုက္ေစခဲ့ ပါသည္။ ဂ်ပန္ေလတပ္မ်ားမွ ဗုံးၾကဲတိုက္ခိုက္ရာတြင္ မီးေလာင္ဗုံးမ်ားကိုအဓိကထားအသုံးျပဳ၍တိုက္ခိုက္ ခဲ့ၾကသျဖင့္ မႏၲေလးျမနန္းစံေက်ာ္ေရႊနန္းေတာ္ႀကီးသည္ လုံးဝမီးေလာင္ပ်က္စီးသြားခဲ့ပါသည္။ ထို႔ေနာက္ ဂ်ပန္တို႔သည္ မႏၲေလးၿမိဳ႕ႏွင့္ နန္းၿမိဳ႕ရိုး၊ က်ဳံးမ်ားအနီးတြင္ ထပ္မံတပ္စြဲထားေသာ မဟာမိတ္တပ္မ်ားကို ဆက္တိုက္ဆိုသလို တစ္ေနကုန္ဗုံးၾကဲခဲ့ၾကၿပီး လူေနရပ္ကြက္မ်ားကိုပါ ဗုံးၾကဲခဲ့ၾကပါသည္။ ထိုတိုက္ပြဲတြင္မဟာမိတ္တို႔ရႈံးနိမ့္ခဲ့ၾကၿပီး လူဦးေရတစ္သိန္းခြဲခန႔္ရွိေသာ မႏၲေလးၿမိဳ႕ႀကီးတြင္ အနည္းဆုံး ၂၀၀၀ မွ ၈၀၀၀ ခန႔္သည္ ဂ်ပန္တို႔၏မီးေလာင္ဗုံးဒဏ္ေၾကာင့္ မီးေလာင္ေသဆုံးခဲ့ရၿပီး မႏၲေလးၿမိဳ႕ႀကီး၏လမ္းတိုင္းတြင္ မီးေလာင္ေနေသာအေလာင္းမ်ားျပည့္ႏွက္ေန၍ မႏၲေလးက်ဳံးႀကီးအတြင္းတြင္လည္း မဟာမိတ္စစ္သည္မ်ား၏အေလာင္းမ်ား၊ ၿမိဳ႕ေနသာမန္ျပည္သူတို႔၏အေလာင္းမ်ားျဖင့္ျပည့္ႏွက္ေနခဲ့ပါသည္။



မႏၲေလးၿမိဳ႕ႀကီး၏ ၅ ပုံ ၃ ပုံသည္ လုံးဝမီးေလာင္ပ်က္စီးသြားခဲ့ပါသည္။ ထိုအေၾကာင္းကို အဂၤလိပ္လူမ်ိဳး စာေရးဆရာမတစ္ဦးျဖစ္သည့္ ကလဲဘု႔သ္လူ႔စ္မွ "မႏၲေလးၿမိဳ႕ႀကီးေတာ့လုံးဝပ်က္စီးသြားၿပီ မီးေလာင္ၿပီး ပုတ္သိုးေနသည့္အေလာင္းမ်ားသည္လည္း က်ဳံးပတ္လည္တြင္အျပည့္ျဖစ္ေနသည္။ ေသျခင္းတရား၏ အနံ့ဆိုးကိုလည္းတစ္ၿမိဳ႕လုံးခံစားေနၾကရသည္၊ ဗုံးဒဏ္ေၾကာင့္ပ်က္စီးေနေသာအေဆာက္အဦးမ်ား ေသဆုံးသူတို႔၏ အေလာင္းမ်ားကိုသာေနရာအႏွံ့ေတြ႕ေနရသည္ ဒီေန႔ညမႏၲေလးဆိုတာမရွိနိုင္ေတာ့"ဟု ၎ၾကဳံေတြ႕ခဲ့ရသည့္ မႏၲေလးၿမိဳ႕က်ဆုံးခဲ့ျခင္းအေၾကာင္းၾကားေရးသားမွတ္တမ္းတင္ခဲ့ပါသည္။ ထို႔ေနာက္တြင္ ေမလ ၃ ရက္ေန႔တြင္ ဂ်ပန္အမွတ္(၁၅)တပ္မေတာ္သည္ အထိနာေနေသာမႏၲေလးၿမိဳ႕ႀကီးအား အလြယ္တကူပင္ သိမ္းပိုက္ခဲ့ပါသည္။



သက္တံ့ေနာင္(Wizardry Myanmar)






Latest Articles