မြန်မာ့သမိုင်းတွင် သာမန်ထက်အနည်းငယ်ပိုပိုထူးသောဘုရင်များရှိသည်။ ဆိုလိုသည်မှာ မြန်မာသမိုင်းတွင် ရေလုံးဝမချိုးသောဘုရင်၊ အိမ်သာတက်ပြီးတိုင်းရေမ...
မြန်မာ့သမိုင်းတွင် သာမန်ထက်အနည်းငယ်ပိုပိုထူးသောဘုရင်များရှိသည်။ ဆိုလိုသည်မှာ မြန်မာသမိုင်းတွင် ရေလုံးဝမချိုးသောဘုရင်၊ အိမ်သာတက်ပြီးတိုင်းရေမဆေးသောဘုရင်၊ လယ်စိုက်ရဝါသနာပါလွန်းသဖြင့် လယ်ခဏခဏဆင်းစိုက်သောဘုရင်စသည်ဖြင့်စသည်ဖြင့် ရှိကြသည့်အနက် ယခုဖော်ပြမည့်ဘုရင်သည် ဘုမသိဘမသိနှင့်လက်ရှိဘုရင်အား တူရွင်းနှင့်ကောက်ထုလိုက်ရာမှဘုရင်ဖြစ်လာသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။
မြန်မာသက္ကရာဇ် ၂၇၉ခုနှစ် ပုဂံမင်းဆက်တွင် ၃၇ ပါးမြောက်မင်းဖြစ်သည့် သိန်းခိုမင်းသည် တောကစားခြင်း တောကောင်ပစ်ခြင်းကိုအလွန်နှစ်သက်သောဘုရင်တစ်ပါးဖြစ်ပါသည်။ တစ်နေ့တွင် သိန်းခိုမင်းသည် မှူးမတ်များနှင့်အတူ တောကစားထွက်လာစဉ် တောထဲတွင်ရွှေသမင်တစ်ကောင်အားတွေ့ရှိရာဝိုင်းဝန်းဖမ်း ဆီးရန်ကြံသော်လည်း ၎င်းရွှေသမင်သည် မင်းကြီးရှိရာဘက်မှထွက်ပြေးလွတ်မြောက်သွားပါသည်။ (ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ဟူသောစကားပုံသည် ဤတွင်ပေါ်ပေါက်လာသည်ဟုမှတ်သားဖူးပါသည်။) မင်းကြီးလည်း ၎င်းရှိနေသည့်ဘက်မှရွှေသမင်ထွက်ပြေးလွတ်မြောက်သွားသဖြင့် ရွှေသမင်အားဖမ်းဆီးရန် အတင်းလိုက်လေရာ တောထဲတွင်အခြားမှူးမတ်များနှင့်ကွဲ၍ တစ်ဦးတည်းလမ်းပျောက်နေလေသည်။
ကာလကြာလာသောအခါ မင်းကြီးသည်ရွှေသမင်လည်းမတွေ့ သောက်စရာရေနှင့်စားစရာရိက္ခာလည်း မပါသဖြင့် အလွန်ဆာလောင်နေသည့်အချိန်တောတစ်နေရာတွင် တောင်သူဦး၏စိုက်ခင်းကိုတွေ့ရှိရ၍ ၎င်းစိုက်ခင်းအတွင်းစိုက်ပျိုးထားသော သခွားသီးများအားခူးယူစားသုံးလေသည်။ သခွားပင်ဆိုသည်မှာ မြေမှာ ကပ်၍ပေါက်သောအပင်ဖြစ်သည်ကို ဘုရင်ဖြစ်သူ သိန်းခိုမင်းသည်မသိသဖြင့် သခွားသီးများအား မထိုင်ပဲ ခူးလေရာ သခွားသီးခူးတိုင်း သခွားပင်များပါအတန်းလိုက်ပါလာသဖြင့် အနီးရှိစိုက်ခင်းပိုင်ရှင် တောင်သူမှ "ငါ့အသီးလဲခိုးစားသေးတယ် ငါ့အပင်ကိုလည်းဖျက်ဆီးသေးတယ်"ဆို၍ လက်ထဲရှိတူရွင်းပြားနှင့်ရိုက်ရာ သိန်းခိုမင်းလည်းနေရာတွင်ပင်သေလေသည်။ ထိုခေတ်ထိုအခါက တောသူတောင်သားဆိုသည်မှာ ဘုရင်ကိုကြားဖူးယုံသာကြားဖူး၍ မြင်တွေ့ဖူးသူမဟုတ်သဖြင့် ၎င်းတောင်သူသည် ဘုရင်အားသူခိုးမှတ်၍ ရိုက်နှက်မိခြင်းဖြစ်လေသည်။
ထိုအချိန်တွင် သိန်းခိုမင်း၏လူယုံများသည် ၎င်းစိုက်ခင်းအနီးသို့ရောက်ရှိလာစဉ် စိုက်ခိုင်းထဲတွင်ကွယ်လွန် နေပြီဖြစ်သောဘုရင်သိန်းခိုမင်းအားတွေ့ရှိရာ ဘုရင်မပါဘဲ နန်းတော်သို့ပြန်သွားလျှင် တိုင်းပြည်ဆူပူမည်စိုးရိမ်သဖြင့် ထိုခေတ်ကအစဉ်အလာအတိုင်း ဘုရင်အားသတ်လိုက်သူ တောင်သူကိုသာဘုရင်အဖြစ်တင်မြှောက်ရန်ဆုံးဖြတ်ကြလေသည်။ သို့သော်ရိုးသားသောတောင်သူကြီးသည် ဘုရင်အဖြစ်ကိုမလိုချင် သူ့၏သခွားစိုက်ခင်းကြီးကိုသာမခွဲနိုင်ဖြစ်နေသဖြင့် ဘုရင့်မှူးမတ်များမှ ဘုရင်ဖြစ်လျှင်ဒီထက်မကကြီးတဲ့ သခွားခင်းကြီးကိုပိုင်နိုင်တယ်ဟု မက်လုံးပေးကာ ညအချိန်တွင်ပုဂံနန်းတော်သို့ပြန်လည်ခေါ်ဆောင်လာလေ သည်။
နန်းတော်သို့ရောက်သောအခါ သိန်းခိုမင်း၏မိဘုရားခေါင်ကြီးနှင့်တိုင်ပင်၍ နန်းတော်အတွင်းတွင် တစ်လအတွင်း အဝင်အထွက်အားလုံးပိတ်၍ တောသားစင်စစ်ကြီးဖြစ်သည့် တောင်သူကြီးအား ကိုယ်လက်သန့်စင်ပေးခြင်း၊ နန်းတွင်းနေထိုင်ပုံနန်းစနစ်များအား သင်ကြားပေးခြင်း၊ မင်းတို့၏ဟန်ပန်များအားသင်ကြားပေး ရလေသည်။ နောက်တစ်လခန့်အကြာ ဘုရင်တစ်ပါးကဲ့သို့ဟန်ပန်များရှိလာသည့်အချိန်တွင်မှ နန်းတော်အား ပြန်လည်ဖွင့်၍ ညီလာခံကျင်းပရလေသည်။ ၎င်းညီလာခံတွင်လည်း အလိုက်မသိသူ မှူးမတ်ငယ်တစ်ဦးက ဘုရင့်အားမော်ကြည့်ရာ သိန်းခိုမင်းမဟုတ်သဖြင့် "ဟယ်ငါတို့ဘုရင်လည်းမဟုတ်ပါလား"ဟုယောင်၍ ပြောမိရာ နန်းတော်ဝတွင်အလှချထားသည့် ကျောက်ရုပ်မှအသက်ဝင်၍ ၎င်းမှူးမတ်ငယ်၏ကျောအားတံတောင်ဖြင့်ထောင်းရာ မှူးမတ်ငယ်လည်းနေရာတွင်ပင်သေလေသည်။ ထိုအခါမှူးမတ်များသည် အလွန်ဘုန်းတံခိုးကြီး သောဘုရင်ဖြစ်သည်ဟုသတ်မှတ်၍ နောက်နောင်မင်းကြီးကိုစော်ကားရာရောက်သည့်ကိစ္စများကို ရှောင်ကျဉ်ကြလေသည်။
ဤသို့ဖြင့်ဘုရင်အား သူခိုးမှတ်၍တူရွင်းနှင့်ရိုက်မိသူ တောင်သူကြီးမှာ မြန်မာသက္ကရာဇ် ၂၇၉ ခုနှစ် ခရစ်နှစ် ၉၃၁ ခုနှစ်တွင် ပုဂံပြည်၏ပြည့်ရှင်မင်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။ ပုဂံပြည်၏မင်းအဖြစ်ကိုရောက်ရှိသော် လည်း ညောင်ဦးစောရဟန်းမင်းဟုခေါ်သည့် တောင်သူကြီးမင်းသည် ၎င်း၏သခွားခင်းကြီးနှင့် ဗူးသီးခြောက် ရေကိုသာမကြာခဏတမ်းတတတ်သည်ဟုလည်းဆိုကြပါသည်။ မြန်မာပြည်တွင် သုဝဏ္ဏဘူမိခေတ်ပြီး လျှင် အနော်ရထာမင်းလက်တွင်မှ ဗုဒ္ဓသာသနာရှိသည်ဟုလူအများကလက်ခံထားကြသော်လည်း တောင်သူကြီးမင်းသည် ဘုရားတည်ခြင်း သိမ်ဆောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း စောရဟန်းကျောက်စာအရသိရှိရပါသည်။
စောရဟန်းကျောက်စာ
ဘုန်းတန်ခိုးအလွန်ကြီးသည့်တောင်သူကြီးမင်း ဘုန်းကံကုန်ခါနီးတွင် "တူရွင်းတောင်ခြေတွင် မင်းလောင်းပေါ်မယ်" ဟူသောတပေါင်စကားအရ မင်းဖြစ်လာမည့် ကွမ်းဆော်မင်းလောင်းသည် နန်းတော်သို့ မင်းမြှောက်တန်ဆာငါးပါးဝတ်ဆင်၍ မြင်းစီးလာကြောင်း တောင်သူကြီးမင်းကြားသောအခါ "ငါဘုရင်ရှိတာ တောင် ဘယ်သူကဘုရင်လုပ်ချင်သေးတာလဲ"ဟုရေရွတ်၍ နန်းတော်ဝသို့ထွက်ကြည့်ရာ နန်းတော်ဝရှိ ကျောက်ရုပ်မှတွန်းချသဖြင့် နန်းတော်ပေါ်မှပြုတ်ကျကာ သေဆုံးရလေသည်။
ထို့နောက် တပေါင်စကားအတိုင်းတိုင်းပင် နန်းကျဘုရင်တန်နက်မင်း၏သားဖြစ်သူ ကွမ်းဆော်မင်းသည် ခရစ်နှစ် ၉၆၄ ခုနှစ်တွင် ပုဂံပြည်၏ ဘုရင်ဖြစ်လာ၍ ၎င်းကွမ်းဆော်မင်းသည် အနော်ရထာမင်းကြီး၏ အဖေတော်စပ်သူဖြစ်ပါသည်။
သက်တံ့နောင်(Wizardry Myanmar)
ျမန္မာ့သမိုင္းတြင္ သာမန္ထက္အနည္းငယ္ပိုပိုထူးေသာဘုရင္မ်ားရွိသည္။ ဆိုလိုသည္မွာ ျမန္မာသမိုင္းတြင္ ေရလုံးဝမခ်ိဳးေသာဘုရင္၊ အိမ္သာတက္ၿပီးတိုင္းေရမေဆးေသာဘုရင္၊ လယ္စိုက္ရဝါသနာပါလြန္းသျဖင့္ လယ္ခဏခဏဆင္းစိုက္ေသာဘုရင္စသည္ျဖင့္စသည္ျဖင့္ ရွိၾကသည့္အနက္ ယခုေဖာ္ျပမည့္ဘုရင္သည္ ဘုမသိဘမသိႏွင့္လက္ရွိဘုရင္အား တူရြင္းႏွင့္ေကာက္ထုလိုက္ရာမွဘုရင္ျဖစ္လာသည့္ ပုဂၢိဳလ္တစ္ဦးျဖစ္ပါသည္။
ျမန္မာသကၠရာဇ္ ၂၇၉ခုႏွစ္ ပုဂံမင္းဆက္တြင္ ၃၇ ပါးေျမာက္မင္းျဖစ္သည့္ သိန္းခိုမင္းသည္ ေတာကစားျခင္း ေတာေကာင္ပစ္ျခင္းကိုအလြန္ႏွစ္သက္ေသာဘုရင္တစ္ပါးျဖစ္ပါသည္။ တစ္ေန႔တြင္ သိန္းခိုမင္းသည္ မႉးမတ္မ်ားႏွင့္အတူ ေတာကစားထြက္လာစဥ္ ေတာထဲတြင္ေရႊသမင္တစ္ေကာင္အားေတြ႕ရွိရာဝိုင္းဝန္းဖမ္း ဆီးရန္ႀကံေသာ္လည္း ၎ေရႊသမင္သည္ မင္းႀကီးရွိရာဘက္မွထြက္ေျပးလြတ္ေျမာက္သြားပါသည္။ (ေရႊသမင္ဘယ္ကထြက္ မင္းႀကီးတာကထြက္ဟူေသာစကားပုံသည္ ဤတြင္ေပၚေပါက္လာသည္ဟုမွတ္သားဖူးပါသည္။) မင္းႀကီးလည္း ၎ရွိေနသည့္ဘက္မွေရႊသမင္ထြက္ေျပးလြတ္ေျမာက္သြားသျဖင့္ ေရႊသမင္အားဖမ္းဆီးရန္ အတင္းလိုက္ေလရာ ေတာထဲတြင္အျခားမႉးမတ္မ်ားႏွင့္ကြဲ၍ တစ္ဦးတည္းလမ္းေပ်ာက္ေနေလသည္။
ကာလၾကာလာေသာအခါ မင္းႀကီးသည္ေရႊသမင္လည္းမေတြ႕ ေသာက္စရာေရႏွင့္စားစရာရိကၡာလည္း မပါသျဖင့္ အလြန္ဆာေလာင္ေနသည့္အခ်ိန္ေတာတစ္ေနရာတြင္ ေတာင္သူဦး၏စိုက္ခင္းကိုေတြ႕ရွိရ၍ ၎စိုက္ခင္းအတြင္းစိုက္ပ်ိဳးထားေသာ သခြားသီးမ်ားအားခူးယူစားသုံးေလသည္။ သခြားပင္ဆိုသည္မွာ ေျမမွာ ကပ္၍ေပါက္ေသာအပင္ျဖစ္သည္ကို ဘုရင္ျဖစ္သူ သိန္းခိုမင္းသည္မသိသျဖင့္ သခြားသီးမ်ားအား မထိုင္ပဲ ခူးေလရာ သခြားသီးခူးတိုင္း သခြားပင္မ်ားပါအတန္းလိုက္ပါလာသျဖင့္ အနီးရွိစိုက္ခင္းပိုင္ရွင္ ေတာင္သူမွ "ငါ့အသီးလဲခိုးစားေသးတယ္ ငါ့အပင္ကိုလည္းဖ်က္ဆီးေသးတယ္"ဆို၍ လက္ထဲရွိတူရြင္းျပားႏွင့္ရိုက္ရာ သိန္းခိုမင္းလည္းေနရာတြင္ပင္ေသေလသည္။ ထိုေခတ္ထိုအခါက ေတာသူေတာင္သားဆိုသည္မွာ ဘုရင္ကိုၾကားဖူးယုံသာၾကားဖူး၍ ျမင္ေတြ႕ဖူးသူမဟုတ္သျဖင့္ ၎ေတာင္သူသည္ ဘုရင္အားသူခိုးမွတ္၍ ရိုက္ႏွက္မိျခင္းျဖစ္ေလသည္။
ထိုအခ်ိန္တြင္ သိန္းခိုမင္း၏လူယုံမ်ားသည္ ၎စိုက္ခင္းအနီးသို႔ေရာက္ရွိလာစဥ္ စိုက္ခိုင္းထဲတြင္ကြယ္လြန္ ေနၿပီျဖစ္ေသာဘုရင္သိန္းခိုမင္းအားေတြ႕ရွိရာ ဘုရင္မပါဘဲ နန္းေတာ္သို႔ျပန္သြားလၽွင္ တိုင္းျပည္ဆူပူမည္စိုးရိမ္သျဖင့္ ထိုေခတ္ကအစဥ္အလာအတိုင္း ဘုရင္အားသတ္လိုက္သူ ေတာင္သူကိုသာဘုရင္အျဖစ္တင္ေျမႇာက္ရန္ဆုံးျဖတ္ၾကေလသည္။ သို႔ေသာ္ရိုးသားေသာေတာင္သူႀကီးသည္ ဘုရင္အျဖစ္ကိုမလိုခ်င္ သူ႔၏သခြားစိုက္ခင္းႀကီးကိုသာမခြဲနိုင္ျဖစ္ေနသျဖင့္ ဘုရင့္မႉးမတ္မ်ားမွ ဘုရင္ျဖစ္လၽွင္ဒီထက္မကႀကီးတဲ့ သခြားခင္းႀကီးကိုပိုင္နိုင္တယ္ဟု မက္လုံးေပးကာ ညအခ်ိန္တြင္ပုဂံနန္းေတာ္သို႔ျပန္လည္ေခၚေဆာင္လာေလ သည္။
နန္းေတာ္သို႔ေရာက္ေသာအခါ သိန္းခိုမင္း၏မိဘုရားေခါင္ႀကီးႏွင့္တိုင္ပင္၍ နန္းေတာ္အတြင္းတြင္ တစ္လအတြင္း အဝင္အထြက္အားလုံးပိတ္၍ ေတာသားစင္စစ္ႀကီးျဖစ္သည့္ ေတာင္သူႀကီးအား ကိုယ္လက္သန႔္စင္ေပးျခင္း၊ နန္းတြင္းေနထိုင္ပုံနန္းစနစ္မ်ားအား သင္ၾကားေပးျခင္း၊ မင္းတို႔၏ဟန္ပန္မ်ားအားသင္ၾကားေပး ရေလသည္။ ေနာက္တစ္လခန႔္အၾကာ ဘုရင္တစ္ပါးကဲ့သို႔ဟန္ပန္မ်ားရွိလာသည့္အခ်ိန္တြင္မွ နန္းေတာ္အား ျပန္လည္ဖြင့္၍ ညီလာခံက်င္းပရေလသည္။ ၎ညီလာခံတြင္လည္း အလိုက္မသိသူ မႉးမတ္ငယ္တစ္ဦးက ဘုရင့္အားေမာ္ၾကည့္ရာ သိန္းခိုမင္းမဟုတ္သျဖင့္ "ဟယ္ငါတို႔ဘုရင္လည္းမဟုတ္ပါလား"ဟုေယာင္၍ ေျပာမိရာ နန္းေတာ္ဝတြင္အလွခ်ထားသည့္ ေက်ာက္႐ုပ္မွအသက္ဝင္၍ ၎မႉးမတ္ငယ္၏ေက်ာအားတံေတာင္ျဖင့္ေထာင္းရာ မႉးမတ္ငယ္လည္းေနရာတြင္ပင္ေသေလသည္။ ထိုအခါမႉးမတ္မ်ားသည္ အလြန္ဘုန္းတံခိုးႀကီး ေသာဘုရင္ျဖစ္သည္ဟုသတ္မွတ္၍ ေနာက္ေနာင္မင္းႀကီးကိုေစာ္ကားရာေရာက္သည့္ကိစၥမ်ားကို ေရွာင္က်ဥ္ၾကေလသည္။
ဤသို႔ျဖင့္ဘုရင္အား သူခိုးမွတ္၍တူရြင္းႏွင့္ရိုက္မိသူ ေတာင္သူႀကီးမွာ ျမန္မာသကၠရာဇ္ ၂၇၉ ခုႏွစ္ ခရစ္ႏွစ္ ၉၃၁ ခုႏွစ္တြင္ ပုဂံျပည္၏ျပည့္ရွင္မင္းအျဖစ္သို႔ေရာက္ရွိခဲ့ပါသည္။ ပုဂံျပည္၏မင္းအျဖစ္ကိုေရာက္ရွိေသာ္ လည္း ေညာင္ဦးေစာရဟန္းမင္းဟုေခၚသည့္ ေတာင္သူႀကီးမင္းသည္ ၎၏သခြားခင္းႀကီးႏွင့္ ဗူးသီးေျခာက္ ေရကိုသာမၾကာခဏတမ္းတတတ္သည္ဟုလည္းဆိုၾကပါသည္။ ျမန္မာျပည္တြင္ သုဝဏၰဘူမိေခတ္ၿပီး လၽွင္ အေနာ္ရထာမင္းလက္တြင္မွ ဗုဒၶသာသနာရွိသည္ဟုလူအမ်ားကလက္ခံထားၾကေသာ္လည္း ေတာင္သူႀကီးမင္းသည္ ဘုရားတည္ျခင္း သိမ္ေဆာက္ျခင္းတို႔ကို ျပဳလုပ္ခဲ့ေၾကာင္း ေစာရဟန္းေက်ာက္စာအရသိရွိရပါသည္။
ဘုန္းတန္ခိုးအလြန္ႀကီးသည့္ေတာင္သူႀကီးမင္း ဘုန္းကံကုန္ခါနီးတြင္ "တူရြင္းေတာင္ေျခတြင္ မင္းေလာင္းေပၚမယ္" ဟူေသာတေပါင္စကားအရ မင္းျဖစ္လာမည့္ ကြမ္းေဆာ္မင္းေလာင္းသည္ နန္းေတာ္သို႔ မင္းေျမႇာက္တန္ဆာငါးပါးဝတ္ဆင္၍ ျမင္းစီးလာေၾကာင္း ေတာင္သူႀကီးမင္းၾကားေသာအခါ "ငါဘုရင္ရွိတာ ေတာင္ ဘယ္သူကဘုရင္လုပ္ခ်င္ေသးတာလဲ"ဟုေရရြတ္၍ နန္းေတာ္ဝသို႔ထြက္ၾကည့္ရာ နန္းေတာ္ဝရွိ ေက်ာက္႐ုပ္မွတြန္းခ်သျဖင့္ နန္းေတာ္ေပၚမွျပဳတ္က်ကာ ေသဆုံးရေလသည္။
ထို႔ေနာက္ တေပါင္စကားအတိုင္းတိုင္းပင္ နန္းက်ဘုရင္တန္နက္မင္း၏သားျဖစ္သူ ကြမ္းေဆာ္မင္းသည္ ခရစ္ႏွစ္ ၉၆၄ ခုႏွစ္တြင္ ပုဂံျပည္၏ ဘုရင္ျဖစ္လာ၍ ၎ကြမ္းေဆာ္မင္းသည္ အေနာ္ရထာမင္းႀကီး၏ အေဖေတာ္စပ္သူျဖစ္ပါသည္။
သက္တံ့ေနာင္(Wizardry Myanmar)