Page Nav

HIDE

Breaking News:

latest

Ads Place

မြန်မာပြည်မှာခိုလှုံခဲ့ပြီး မြန်မာ့ထီးနန်းကိုလုဖို့ကြိုးစားခဲ့တဲ့တရုတ်ဘုရင်တစ်ဦး

Unicode version အတိတ်တွင် မြန်မာနိုင်ငံသည် တရုတ်တို့နှင့်ပတ်သက်ပြီး နာကျဉ်းစရာများပြားခဲ့ပါသည်။ တရုတ်ဧကရာဇ် အဆက်ဆက်သည် မြန်မာဘုရင့်နယ်နိမိတ်...


Unicode version

အတိတ်တွင် မြန်မာနိုင်ငံသည် တရုတ်တို့နှင့်ပတ်သက်ပြီး နာကျဉ်းစရာများပြားခဲ့ပါသည်။ တရုတ်ဧကရာဇ် အဆက်ဆက်သည် မြန်မာဘုရင့်နယ်နိမိတ်ကိုအကြိမ်ကြိမ်ကျူးကျော်ခဲ့ပြီး ပုဂံမင်းဆက် မင်းခွေးချေးဟုခေါ်သည် တရုတ်ပြေးမင်းလက်ထက်တွင် မြန်မာနိုင်ငံတစ်ခုလုံးအား သိမ်းပိုက်နိုင်လုနီးနီးအထိဖြစ်ခဲ့သည် ကိုလည်း သမိုင်းချစ်သူအားလုံးသိရှိပြီးဖြစ်လောက်ပါသည်။

ညောင်ရမ်းမင်းဆက် စတုတ္ထမြောက်မင်းဖြစ်သည့် ပင်းတလဲမင်းလက်ထက် ခရစ်နှစ် ၁၆၄၄ ခုနှစ်တွင် တရုတ်တို့၏ မင်မင်းဆက်အား မန်ချူးလူမျိုးတို့မှ ပုန်ကန်တိုက်ခိုက်သဖြင့် မင်မင်းဆက်ပျက်ပြီးနောက် မင်မင်းဆက်၏နောက်ဆုံးမျိုးဆက်များသည် စစ်သည်တော်အစုအဖွဲ့များနှင့်အတူ တရုတ်ပြည် အနှံ့အပြားသို့ထွက်ပြေးတိမ်းရှောင်ကြရပါသည်။ ၁၆၄၆ ခုနှစ်တွင် ပြည်ပြေးမင်မင်းဆက်၏ လက်အောက်ခံတို့မှ မင်းသားရုန်လီအား မင်မင်းဆက်၏ဧကရာဇ်တစ်ပါးအဖြစ်တင်မြှောက်ခဲ့ကြပါသည်။ ၎င်းဧကရာဇ် ရုန်လီသည် ယူနန်နယ်တွင် ထီးနန်းစိုက်၍ မန်ချူးတို့အားပြန်လည်တိုက်ခိုက်ခဲ့ပါသည်။ သို့သော်လည်း ရေရှည်စစ်ပွဲဖြစ်သဖြင့် ၁၆၅၈ ခုနှစ်တွင် ရုန်လီဧကရာဇ်၏တပ်များရှုံးနိမ့်သဖြင့် ၎င်းနန်းစိုက်ရာယူနန်မှတစ်ဆင့် မြန်မာပြည်ပိုင်နက်ဖြစ်သည့် ရှမ်းစော်ဘွားများနယ်အတွင်းသို့ ထွက်ပြေးလာခဲ့ကြပါသည်။ မိုးမိတ်ခံတပ်သို့ ရောက်ရှိလာသော ပြည်ပြေးတရုတ်များသည် မြန်မာဘုရင်ထံတွင်ခိုလှုံလိုကြောင်း လက်ဆောင်ပဏ္ဍာများဆက်သ မည်ဖြစ်ကြောင်းဆိုသဖြင့် ဒေသခံ ရှမ်းစော်ဘွားများက အင်းဝနေပြည်တော်ရှိပင်းတလဲမင်းထံ စာချွန်တော် ပို့၍ အကြောင်းကြားလေသည်။

ပင်းတလဲမင်းလည်း ၎င်းနန်းကျဘုရင်နှင့်ပြည်ပြေးတရုတ်များအား လက်ခံကြိုဆိုခဲ့ပြီး ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတွင် တရုတ်ဘုရင်နေထိုင်ရန်အတွက် အိမ်ကြီးတစ်ဆောင်ဆောက်လုပ်ပေးခဲ့ ပါသည်။ နန်းကျဘုရင်ရုန်လီစစ်ကိုင်းတွင် နေထိုင်နေကြောင်းသိရှိသည်နှင့်တစ်ပြိုင်နက် တရုတ်လူမျိုး တစ်သိန်းခန့်သည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ဝင်ရောက်လာလေသည်။ ၎င်းတို့သည် ရုန်လီအားသစ္စာခံ ကြောင်းကြေငြာ၍ မိုးနဲနှင့်ညောင်ရွှေတို့တွင် နေထိုင်ကြလေသည်။ သို့သော်၎င်းတရုတ်တို့သည် ကာလကြာလာသောအခါ ရုန်လီအား ၎င်းတို့ရှိလာသို့ပြန်လာရန် အကြောင်းကြား၍ မိုးနဲနှင့်ညောင်ရွှေအား သိမ်းပိုက်လိုက်ကြလေသည်။

ထိုမှတစ်ဆင့် အင်းဝနေပြည်တော်သို့ချီတက်လာခဲ့ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများအားဖျက်ဆီးခြင်း၊ ဘုန်းတော်ကြီးကျောင်းများအားမီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပါသည်။ ၎င်းတရုတ်သူပုန်များအားနှိမ်နင်းရန် ပင်းတလဲမင်းစေလွှတ်လိုက်သောတပ်ကြီးသည်လည်း ယခုမေမြို့အထက်ပိုင်းတွင် တရုတ်များနှင့်ရင်ဆိုင် တိုက်ခိုက်ရာရှုံးနိမ့်ခဲ့သဖြင့် မြန်မာတပ်များပြန်လည်ဆုတ်ခွာခဲ့ရပါသည်။ တရုတ်တပ်များသည် တဆင့်တဆင့်ချီတက်လာခဲ့ပြီး ၁၉၅၉ခုနှစ်တွင် အင်းဝမြို့အားဝန်းရံတိုက်ခိုက်သော်လည်း မြို့အတွင်းရှိ ဘုရင့်တပ်တော်များနှင့် ပေါ်တူဂီအမြောက်တပ်များမှ ပစ်ခတ်တိုက်ခိုက်သဖြင့် မြို့အားသိမ်းပိုက်၍မရဘဲ ပုဂံအား တိုက်ခိုက်ရန်ချီတက်သွားကြပြန်သည်။ သို့သော်လည်းပုဂံအားတိုက်ခိုက်၍မရဘဲရှိလေသည်။

ထိုအချိန်တွင် မြန်မာပြည်အား တရုတ်တို့ဝင်ရောက်တိုက်ခိုက်ခြင်းသည် ပင်းတလဲမင်းမှ တရုတ်နန်းကျဘုရင် ရုန်လီအား ခိုလှုံခွင့်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုယူဆကာ တော်ဝင်စစ်သည်များမှ ဝိုင်းဝန်းဖမ်းဆီး နန်းချ၍ ပင်းတလဲမင်းထက်ပို၍ထက်မြက်သော ညီတော်ပြည်မင်းသားအားနန်းတင်ကြလေသည်။ ( ပြည်မင်းနန်းတက်ပြီးနောက် ပင်းတလဲမင်းနှင့်အတူ မိဖုရားခေါင်ကြီးနှင့် အသက်(၈)နှစ်အရွယ်သားတော်၊ အသက်(၄)နှစ်အရွယ်မြေးတော်တို့သည် ဧရာဝတီမြစ်အတွင်းဖျောက်ဖျက်(ရေနှစ်သတ်)ခြင်းခံခဲ့ရပါသည်) ပြည်မင်းနန်းတက်လာပြီးနောက် နန်းကျဘုရင်ရုန်လီမှ တရုတ်တို့၏တိုက်ခိုက်မှုများသည် ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုသဖြင့် ပြည်မင်းသည် တရုတ်နန်းကျဘုရင်၏အပါစစ်သည်များအား စစ်ကိုင်းထူပါရုံစေတီအတွင်းတွင် သစ္စာရေတိုက်ရန်ဆင့်ခေါ်လိုက်လေသည်။ သို့သော်၎င်းတရုတ်များက ငြင်းဆန်သဖြင့် ၎င်းတို့ယုံကြည်သည့်မန်စီစော်ဘွားမှဦးဆောင်မှ ထူပါရုံဘုရားသို့လိုက်လာလေသည်။ သို့သော် သစ္စရေတိုက်ပွဲတွင် မြန်မာတပ်များဝိုင်းထားသည်ကို တရုတ်များမှ ၎င်းတို့အားလုပ်ကြံသည်အထင်ဖြင့် ဓားဆွဲထုတ်ရန်ပြင်စဉ်မှာပင် မြန်မာသေနတ်ကိုင်တပ်များမှပစ်ခတ်သဖြင့် ထူပါရုံဘုရားဝင်းအတွင်းတွင်ပင် တရုတ် ၇၀၀ လုံးသေရလေသည်။ ၎င်းနောက်မြန်မာဘုရင့်၏တပ်များမှ ပုဂံရှိ တရုတ်ဓားပြ များအား တိုက်ခိုက်အနိုင်ရရှိခဲ့ပါသည်။

၁၆၆၂ ခုနှစ်တွင် မန်ချူးဧကရာဇ်၏တပ်များသည် မြန်မာနိုင်ငံအတွင်းသို့ချီတက်လာ၍ နန်းကျဘုရင် ရုန်လီအား ပေးရန်တောင်းဆိုလေသည်။ ထက်မြက်သောပြည်မင်းက မန်ချူးတပ်များ၏တိုက်ခိုက်လိုသော်လည်း မြန်မာပြည်အတွင်းတွင် ရုန်လီနှင့်အပေါင်းအပါများရှိခြင်းကလည်း နိုင်ငံအတွက် အကျိုးမရှိခြင်းကြောင့် ရုန်လီအား မန်ချူးတို့လက်အတွင်းသို့ အပ်လိုက်လေသည်။ မန်ချူးတို့က၎င်းအားခေါ်ဆောင်သွား၍ တပ်ကြီးကိုပြန်လည်ရုတ်သိမ်းသွားပြီ ရုန်လီအားကူမင်းတွင်ကွပ်မျက်လိုက်ကြပြီးနောက် ၎င်း၏ဇနီးနှင့်သားသမီးများ အား ပီကင်းသို့ပြန်လည်ခေါ်ဆောင်သွားကြပါသည်။ မြန်မာဘုရင့်ပိုင်နက်အတွင်း ရုန်လီနှင့်၎င်း၏သစ္စာခံများ ဝင်ရောက်လာခြင်း၏အကျိုးဆက်အဖြစ် ရှမ်းပြည်နယ်နှင့်တရုတ်နယ်စပ်တွင် ၎င်းမင်မင်းဆက်၏မျိုးဆက်များ ဆက်လက်နေထိုင်ကြပြီး ၎င်းတို့သည် ကိုးကန့် လူမျိုးများဖြစ်လာကြပါတော့သည်။

သက်တံ့နောင်(Wizardry Myanmar)
Zawgyi Version

အတိတ္တြင္ ျမန္မာနိုင္ငံသည္ တ႐ုတ္တို႔ႏွင့္ပတ္သက္ၿပီး နာက်ဥ္းစရာမ်ားျပားခဲ့ပါသည္။ တ႐ုတ္ဧကရာဇ္ အဆက္ဆက္သည္ ျမန္မာဘုရင့္နယ္နိမိတ္ကိုအႀကိမ္ႀကိမ္က်ဴးေက်ာ္ခဲ့ၿပီး ပုဂံမင္းဆက္ မင္းေခြးေခ်းဟုေခၚသည္ တ႐ုတ္ေျပးမင္းလက္ထက္တြင္ ျမန္မာနိုင္ငံတစ္ခုလုံးအား သိမ္းပိုက္နိုင္လုနီးနီးအထိျဖစ္ခဲ့သည္ ကိုလည္း သမိုင္းခ်စ္သူအားလုံးသိရွိၿပီးျဖစ္ေလာက္ပါသည္။



ေညာင္ရမ္းမင္းဆက္ စတုတၳေျမာက္မင္းျဖစ္သည့္ ပင္းတလဲမင္းလက္ထက္ ခရစ္ႏွစ္ ၁၆၄၄ ခုႏွစ္တြင္ တ႐ုတ္တို႔၏ မင္မင္းဆက္အား မန္ခ်ဴးလူမ်ိဳးတို႔မွ ပုန္ကန္တိုက္ခိုက္သျဖင့္ မင္မင္းဆက္ပ်က္ၿပီးေနာက္ မင္မင္းဆက္၏ေနာက္ဆုံးမ်ိဳးဆက္မ်ားသည္ စစ္သည္ေတာ္အစုအဖြဲ႕မ်ားႏွင့္အတူ တ႐ုတ္ျပည္ အႏွံ့အျပားသို႔ထြက္ေျပးတိမ္းေရွာင္ၾကရပါသည္။ ၁၆၄၆ ခုႏွစ္တြင္ ျပည္ေျပးမင္မင္းဆက္၏ လက္ေအာက္ခံတို႔မွ မင္းသား႐ုန္လီအား မင္မင္းဆက္၏ဧကရာဇ္တစ္ပါးအျဖစ္တင္ေျမႇာက္ခဲ့ၾကပါသည္။ ၎ဧကရာဇ္ ႐ုန္လီသည္ ယူနန္နယ္တြင္ ထီးနန္းစိုက္၍ မန္ခ်ဴးတို႔အားျပန္လည္တိုက္ခိုက္ခဲ့ပါသည္။ သို႔ေသာ္လည္း ေရရွည္စစ္ပြဲျဖစ္သျဖင့္ ၁၆၅၈ ခုႏွစ္တြင္ ႐ုန္လီဧကရာဇ္၏တပ္မ်ားရႈံးနိမ့္သျဖင့္ ၎နန္းစိုက္ရာယူနန္မွတစ္ဆင့္ ျမန္မာျပည္ပိုင္နက္ျဖစ္သည့္ ရွမ္းေစာ္ဘြားမ်ားနယ္အတြင္းသို႔ ထြက္ေျပးလာခဲ့ၾကပါသည္။ မိုးမိတ္ခံတပ္သို႔ ေရာက္ရွိလာေသာ ျပည္ေျပးတ႐ုတ္မ်ားသည္ ျမန္မာဘုရင္ထံတြင္ခိုလႈံလိုေၾကာင္း လက္ေဆာင္ပ႑ာမ်ားဆက္သ မည္ျဖစ္ေၾကာင္းဆိုသျဖင့္ ေဒသခံ ရွမ္းေစာ္ဘြားမ်ားက အင္းဝေနျပည္ေတာ္ရွိပင္းတလဲမင္းထံ စာခၽြန္ေတာ္ ပို႔၍ အေၾကာင္းၾကားေလသည္။



ပင္းတလဲမင္းလည္း ၎နန္းက်ဘုရင္ႏွင့္ျပည္ေျပးတ႐ုတ္မ်ားအား လက္ခံႀကိဳဆိုခဲ့ၿပီး ဧရာဝတီျမစ္တစ္ဖက္ကမ္းရွိ စစ္ကိုင္းတြင္ တ႐ုတ္ဘုရင္ေနထိုင္ရန္အတြက္ အိမ္ႀကီးတစ္ေဆာင္ေဆာက္လုပ္ေပးခဲ့ ပါသည္။ နန္းက်ဘုရင္႐ုန္လီစစ္ကိုင္းတြင္ ေနထိုင္ေနေၾကာင္းသိရွိသည္ႏွင့္တစ္ၿပိဳင္နက္ တ႐ုတ္လူမ်ိဳး တစ္သိန္းခန႔္သည္ ျမန္မာနိုင္ငံနယ္နိမိတ္အတြင္းသို႔ဝင္ေရာက္လာေလသည္။ ၎တို႔သည္ ႐ုန္လီအားသစၥာခံ ေၾကာင္းေၾကျငာ၍ မိုးနဲႏွင့္ေညာင္ေရႊတို႔တြင္ ေနထိုင္ၾကေလသည္။ သို႔ေသာ္၎တ႐ုတ္တို႔သည္ ကာလၾကာလာေသာအခါ ႐ုန္လီအား ၎တို႔ရွိလာသို႔ျပန္လာရန္ အေၾကာင္းၾကား၍ မိုးနဲႏွင့္ေညာင္ေရႊအား သိမ္းပိုက္လိုက္ၾကေလသည္။



ထိုမွတစ္ဆင့္ အင္းဝေနျပည္ေတာ္သို႔ခ်ီတက္လာခဲ့ၿပီး လမ္းတစ္ေလၽွာက္ရွိ ေက်းရြာမ်ားအားဖ်က္ဆီးျခင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအားမီးရွို႔ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ခဲ့ပါသည္။ ၎တ႐ုတ္သူပုန္မ်ားအားႏွိမ္နင္းရန္ ပင္းတလဲမင္းေစလႊတ္လိုက္ေသာတပ္ႀကီးသည္လည္း ယခုေမၿမိဳ႕အထက္ပိုင္းတြင္ တ႐ုတ္မ်ားႏွင့္ရင္ဆိုင္ တိုက္ခိုက္ရာရႈံးနိမ့္ခဲ့သျဖင့္ ျမန္မာတပ္မ်ားျပန္လည္ဆုတ္ခြာခဲ့ရပါသည္။ တ႐ုတ္တပ္မ်ားသည္ တဆင့္တဆင့္ခ်ီတက္လာခဲ့ၿပီး ၁၉၅၉ခုႏွစ္တြင္ အင္းဝၿမိဳ႕အားဝန္းရံတိုက္ခိုက္ေသာ္လည္း ၿမိဳ႕အတြင္းရွိ ဘုရင့္တပ္ေတာ္မ်ားႏွင့္ ေပၚတူဂီအေျမာက္တပ္မ်ားမွ ပစ္ခတ္တိုက္ခိုက္သျဖင့္ ၿမိဳ႕အားသိမ္းပိုက္၍မရဘဲ ပုဂံအား တိုက္ခိုက္ရန္ခ်ီတက္သြားၾကျပန္သည္။ သို႔ေသာ္လည္းပုဂံအားတိုက္ခိုက္၍မရဘဲရွိေလသည္။



ထိုအခ်ိန္တြင္ ျမန္မာျပည္အား တ႐ုတ္တို႔ဝင္ေရာက္တိုက္ခိုက္ျခင္းသည္ ပင္းတလဲမင္းမွ တ႐ုတ္နန္းက်ဘုရင္ ႐ုန္လီအား ခိုလႈံခြင့္ေပးခဲ့ျခင္းေၾကာင့္ျဖစ္သည္ဟုယူဆကာ ေတာ္ဝင္စစ္သည္မ်ားမွ ဝိုင္းဝန္းဖမ္းဆီး နန္းခ်၍ ပင္းတလဲမင္းထက္ပို၍ထက္ျမက္ေသာ ညီေတာ္ျပည္မင္းသားအားနန္းတင္ၾကေလသည္။ ( ျပည္မင္းနန္းတက္ၿပီးေနာက္ ပင္းတလဲမင္းႏွင့္အတူ မိဖုရားေခါင္ႀကီးႏွင့္ အသက္(၈)ႏွစ္အရြယ္သားေတာ္၊ အသက္(၄)ႏွစ္အရြယ္ေျမးေတာ္တို႔သည္ ဧရာဝတီျမစ္အတြင္းေဖ်ာက္ဖ်က္(ေရႏွစ္သတ္)ျခင္းခံခဲ့ရပါသည္) ျပည္မင္းနန္းတက္လာၿပီးေနာက္ နန္းက်ဘုရင္႐ုန္လီမွ တ႐ုတ္တို႔၏တိုက္ခိုက္မႈမ်ားသည္ ၎တို႔ႏွင့္သက္ဆိုင္ျခင္းမရွိေၾကာင္း ျငင္းဆိုသျဖင့္ ျပည္မင္းသည္ တ႐ုတ္နန္းက်ဘုရင္၏အပါစစ္သည္မ်ားအား စစ္ကိုင္းထူပါ႐ုံေစတီအတြင္းတြင္ သစၥာေရတိုက္ရန္ဆင့္ေခၚလိုက္ေလသည္။ သို႔ေသာ္၎တ႐ုတ္မ်ားက ျငင္းဆန္သျဖင့္ ၎တို႔ယုံၾကည္သည့္မန္စီေစာ္ဘြားမွဦးေဆာင္မွ ထူပါ႐ုံဘုရားသို႔လိုက္လာေလသည္။ သို႔ေသာ္ သစၥေရတိုက္ပြဲတြင္ ျမန္မာတပ္မ်ားဝိုင္းထားသည္ကို တ႐ုတ္မ်ားမွ ၎တို႔အားလုပ္ႀကံသည္အထင္ျဖင့္ ဓားဆြဲထုတ္ရန္ျပင္စဥ္မွာပင္ ျမန္မာေသနတ္ကိုင္တပ္မ်ားမွပစ္ခတ္သျဖင့္ ထူပါ႐ုံဘုရားဝင္းအတြင္းတြင္ပင္ တ႐ုတ္ ၇၀၀ လုံးေသရေလသည္။ ၎ေနာက္ျမန္မာဘုရင့္၏တပ္မ်ားမွ ပုဂံရွိ တ႐ုတ္ဓားၿပ မ်ားအား တိုက္ခိုက္အနိုင္ရရွိခဲ့ပါသည္။



၁၆၆၂ ခုႏွစ္တြင္ မန္ခ်ဴးဧကရာဇ္၏တပ္မ်ားသည္ ျမန္မာနိုင္ငံအတြင္းသို႔ခ်ီတက္လာ၍ နန္းက်ဘုရင္ ႐ုန္လီအား ေပးရန္ေတာင္းဆိုေလသည္။ ထက္ျမက္ေသာျပည္မင္းက မန္ခ်ဴးတပ္မ်ား၏တိုက္ခိုက္လိုေသာ္လည္း ျမန္မာျပည္အတြင္းတြင္ ႐ုန္လီႏွင့္အေပါင္းအပါမ်ားရွိျခင္းကလည္း နိုင္ငံအတြက္ အက်ိဳးမရွိျခင္းေၾကာင့္ ႐ုန္လီအား မန္ခ်ဴးတို႔လက္အတြင္းသို႔ အပ္လိုက္ေလသည္။ မန္ခ်ဴးတို႔က၎အားေခၚေဆာင္သြား၍ တပ္ႀကီးကိုျပန္လည္႐ုတ္သိမ္းသြားၿပီ ႐ုန္လီအားကူမင္းတြင္ကြပ္မ်က္လိုက္ၾကၿပီးေနာက္ ၎၏ဇနီးႏွင့္သားသမီးမ်ား အား ပီကင္းသို႔ျပန္လည္ေခၚေဆာင္သြားၾကပါသည္။ ျမန္မာဘုရင့္ပိုင္နက္အတြင္း ႐ုန္လီႏွင့္၎၏သစၥာခံမ်ား ဝင္ေရာက္လာျခင္း၏အက်ိဳးဆက္အျဖစ္ ရွမ္းျပည္နယ္ႏွင့္တ႐ုတ္နယ္စပ္တြင္ ၎မင္မင္းဆက္၏မ်ိဳးဆက္မ်ား ဆက္လက္ေနထိုင္ၾကၿပီး ၎တို႔သည္ ကိုးကန္႔ လူမ်ိဳးမ်ားျဖစ္လာၾကပါေတာ့သည္။



သက္တံ့ေနာင္(Wizardry Myanmar)














Latest Articles