Page Nav

HIDE

Breaking News:

latest

Ads Place

သင်မသိလိုက်တဲ့ မြန်မာနိုင်ငံအတွင်းကဘာသာရေးဝါဒပြိုင်ပွဲ အပိုင်း(၂)

အပိုင်း(၁) မှအဆက် Unicode ဖြင့်ဖတ်ရန် နှစ်ဦးနှစ်ဖက်သဘောတူညီချက်များပြုလုပ်ပြီးနောက် ဟောပြောဝါဒပြိုင်မည့်သူများအားရှာကြလေတော့သည်။ ခရစ်ယာန်ဘာသ...

အပိုင်း(၁) မှအဆက်
Unicode ဖြင့်ဖတ်ရန်

နှစ်ဦးနှစ်ဖက်သဘောတူညီချက်များပြုလုပ်ပြီးနောက် ဟောပြောဝါဒပြိုင်မည့်သူများအားရှာကြလေတော့သည်။ ခရစ်ယာန်ဘာသာဝင်တို့ဘက်မှ ယှဉ်ပြိုင်ဟောပြောမည်သူ ဦးစွာပေါ်လာလေသည်။ ၎င်းမှာ ဦးရွှေမှန်၊ ဦးသာဒင်(ရန်ကုန်)နှင့် ဦးသာဒင်(မန္တလေး)တို့ကြပြီး ၎င်းတို့အားလုံးသည် ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ပြောင်းလဲသွားကြသူများဖြစ်ကြပြီး ပဋိကတ်တော်များကို ထုံးလေချေရေလိုနှောက်အထူးကျွမ်းကျင်သူများလည်းဖြစ်ကြသည်။

ထို့အခါ ဗုဒ္ဓဘာသာဝင်များဘက်မှ အခက်အခဲကြီးဖြစ်တော့သည်။ ခရစ်ယာန်ဘာသာဝင်များဘက်မှ ဟောပြောမည့်သူများသည် ဗုဒ္ဓဘာသာအကြောင်းကောင်းကောင်းမွန်မွန်သိရှိသူဖြစ်သဖြင့် ဗုဒ္ဓဘာသာဘက်မှ ဟောပြောမည့်သူသည် ပဋိကတ်တော်များကိုကျွမ်းကျင်သူဖြစ်ယုံနှင့်ပင်မရ စကားပြောလည်းကျွမ်းကျင်ပိုင်နိုင်မည့်သူဖြစ်မှရတော့မည်။ မဟုတ်လျှင် ဝါဒပြိုင်ပွဲကြီးတွင် ဗုဒ္ဓဘာသာသည်အရှုံးနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ဦးလှောင်တို့ရွာ၏အနီးတွင် အလိုတော်ရဂိုဏ်းရှိသည်။ ဦးလှောင်တို့လည်း အလိုတော်ရဂိုဏ်းချုပ်အားအကူအညီတောင်းရာ ၎င်းဂိုဏ်းတွင်လည်းပိဋိကတ်တော်ကိုသာကျွမ်းကျင်၍ စကားအပြောကောင်းသော ပုဂ္ဂိုလ်မရှိ။ သို့ဖြစ်သောကြောင့် အလိုတော်ရဂိုဏ်းချုပ်ဆရာတော်မှဦးဆောင်ကာ ဗုဒ္ဓဘာသာအတွက် ဟောပြောမည့်သူကိုရှာဖွေလေတော့သည်။

ရန်ကုန်မှဆရာတော်အချို့မှ နာမည်ကြီးဆရာတော်ဦးဉေယျကိုပင့်ဖိတ်ရန်အကြံဉာဏ်ပေးလေသည်။ ဦးဉေယျသည် ထိုခေတ်ထိုအခါက ခရစ်ယာန်ဘာသာကို ရှုတ်ချသည့်စာများရေးသားပြီး လူသိများထင်ရှားသော ဆရာတော်တစ်ပါးလည်းဖြစ်ပါသည်။ သို့သော်ဦးလှောင်တို့မှ စာဖြင့်ပင့်ဖိတ်သော်လည်း ၎င်းဆရာတော်မှ ပြန်လည်အကြောင်းပြန်ခြင်းမရှိသဖြင့် အခက်တွေ့တော့သည်။

ထို့နောက်အလိုတော်ရဂိုဏ်းချုပ်ဆရာတော်မှ တစ်ဆင့်ဆရာတော် ဦးဥက္ကဌအား အကျိုးအကြောင်းပြောပြ၍ ပိတ်ဖိတ်သောအခါ ဆရာတော်မှဟောပြောပြသရန် လက်ခံလိုက်လေသည်။

ဗုဒ္ဓဘာသာဘက်မှ ယှဉ်ပြိုင်ဟောပြောမည့်သူပေါ်လာသည့်အခါတွင်မှ ဝါဒပြိုင်ပွဲကြီးကိုအောက်ပါအတိုင်း စီစဉ်ကြလေသည်။

  • နံနက် (၇) နာရီတွင် ယှဉ်ပြိုင်ပွဲကို စရန်။
  • သဘာပတိအနေဖြင့် ခရစ်ယာန်ဘက်က တစ်ဦး၊ ဗုဒ္ဓဘာသာဘက်က တစ်ဦး၊ နှစ်ဦးတင်ရန်။
  • ၇ နာရီမှ ၇ နာရီ ၁၅ မိနစ်အထိ ခရစ်ယာန်ဘက်မှ သဘာပတိ မိန့်ခွန်းပြောရန်။
  • ၇ နာရီ ၁၅ မိနစ်မှ ၇ နာရီ ၃၀ မိနစ်အထိ ဗုဒ္ဓဘာသာဝင် သဘာပတိက မိန့်ခွန်းပြောရန်။
  • ၇ နာရီ ၃၀ မိနစ် မှ ၈ နာရီ ၁၅ မိနစ်အထိ ခရစ်ယာန်တို့ဘက်မှ ဗုဒ္ဓဘာသာကို ဝေဖန်ပြောကြားရန်။
  • ၈ နာရီ ၁၅ မိနစ် မှ ၉ နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာကို ဝေဖန်ပြောကြားရန်။
  • ၉ နာရီ မှ ၁၂ နာရီအထိ ဟောပြောပွဲကို ရပ်နားရန်။
  • နေ့လယ် ၁၂ နာရီတွင် ဟောပြောပွဲကို ပြန်လည်ဖွင့်လှစ်ရန်။
  • ၁၂ နာရီ မှ ၂ နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ဝေဖန်ပြောကြားရန်။
  • ၂ နာရီ မှ ၄ နာရီအထိ ခရစ်ယာန်ဘက်မှ ဝေဖန်ပြောကြားရန်။
  • ညနေ ၄ နာရီတွင် နှစ်ဖက်သဘာပတိများ လက်မှတ်ရေးထိုးထားသော ဟောပြောပွဲ ရုပ်သိမ်းစာကို ဖတ်၍ ဟောပြောပွဲကြီး ပြီးကြောင်း ကြေညာရန်တို့ ဖြစ်သည်

ထို့ဟောပြောပွဲကို ပရိဿာတ် (၁)သောင်းကျော်တက်ရောက်ခဲ့ပါသည်။ ပွဲစစချင်း ခရစ်ယာန်ဘာသာဝင်တို့ဘက်မှ ဦးသာဒင်မှစတင်ဟောပြောလေသည်။ ဦးသာဒင်သည် ထိုဝါဒပြိုင်ပွဲကို နာမည်ကျော်ဆရာတော် ဦးဉေယျတက်ရောက်မည်အထင်နှင့် ဦးဉေယျရေးသားသည့် စာပေများမှ အချက်အလက်များကိုကောက်နုတ်ကာ "ဗုဒ္ဓဝင်ကျမ်းသည် ဗုဒ္ဓဘုရားရှင်၏ဖြစ်စဉ်သာဖြစ်ကြောင်း ၎င်းကျမ်းတွင်ပါသောအချက်အလက်များ သည်ယုတ္တိမရှိကြောင်း ထို့အပြင်မြတ်စွာဘုရားရှိသည် ဝါခေါင်လပြည့်နေတွင် ပဋိသန္ဓေနေတော်မူသဖြင့် သုဒ္ဓေါဒနမင်းကြီးနှင့်မယ်တော်မာယာတို့သည် ဝါတွင်းကြီးပင်လျှင်မေထုန်အမှု(လိင်ဆက်ဆံခြင်း)ကိုရှောင်ကျဉ်ပုံမရကြောင်း၊ ထို့အပြင် ဘုရားလောင်းပဋိသန္ဓေနေသည့်အချိန်တွင် ဘုရားဖြစ်မည့်သူမှန်းမည်သူမျှ မသိဘဲ မွေးဖွားကာနီးမှ ပုဏ္ဏားတို့၏ပြောပြချက်အရ သိရှိရခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ဗုဒ္ဓဘုရားသည် သာမာန်လူသာဖြစ်ကြောင်း"စတင်ဟောပြောလေသည်။

ထို့အပြင်၎င်းမှဆက်၍ " ဘုရားလောင်း၏ဖွားဖက်တော် ၇ ဦးတွင် မြင်းလည်းပါကြောင်း၊ ရွှေအိုးကြီးများလည်းပါသဖြင့် ယုတ္တိမရှိကြောင်း ညီတော်အာနန္ဒါအရှင်သည်လည်း ဘုရားလောင်း၏ညီဖြစ်သော်လည်း ဖွားဘက်တော်ဟုဖော်ပြခြင်းသည် အဓိပ္ပာယ်မရှိကြောင်း"ဟောပြောပြန်လေသည်။  နောက်ထပ်တစ်ဖန် ဘရားရှင်မှ စိဥ္ဇမာနအားအောင်မြင်တော်မူခန်းတွင် တရားပွဲတွင်အခြားအမျိုးသမီးများလည်းရှိပါလျှက်နဲ့ စိဉ္ဇမာန၏ ဗိုက်အားမစမ်းသပ်ဘဲ သိကြားမင်းသည် စိဥ္ဇမာန၏ဗိုက်တွင်ကာရံထားသည့် ပျဉ်ချပ်များအား ကိုက်ဖျက်ကာ ထဘီအတွင်းသို့ဝင်သဖြင့် ဗုဒ္ဓဘာသာအယူအရ အဓိပ္ပာယ်မရှိကြောင်း မိန်းမ ထဘီအတွင်းသို့ပင်ဝင်သည့် သိကြားမင်းဖြစ်ကြောင်း၊ ထို့အပြင်နန္ဒေါပနန္ဒနဂါးမင်းအားချေချွတ်ခန်းတွင်လည်း တန်ခိုးရှင်ဘုရားရှင်သည် ကိုယ်တိုင်နှိမ်နင်းခြင်းမပြုဘဲ ရှင်မောဂ္ဂလာန်ကိုနှိမ်နင်းခိုင်းခြင်းသည် အဓိပ္ပာယ်မရှိကြောင်း၊ ထို့အပြင်နဂါးမင်းအား ရှင်မောဂ္ဂလာန်ဖန်ဆင်းထားသည့်နဂါးမှ မြင်းမိုရ်တောင်နှင့်ညှပ်၍ ရစ်ပတ်သဖြင့် ဘုရားရှင်ဟောပြောသည့် သတ္တဝါတို့အား မညှင်းဆဲရဟူသောအချက်နှင့် ကွဲပြား၍ ဘုရား၏ရှေ့တွင်ပင် နဂါးမင်းသားညှင်းဆဲခြင်းဖြစ်ကြောင်း၊ ထို့အပြင်ထိုမျှတန်ခိုးကြီးသော ရှင်မောဂ္ဂလာန်သည် သာမန်သူခိုးတို့၏ရိုက်သတ်ခြင်းကိုခံရသည် ဆိုခြင်းသည် အဓိပ္ပာယ်ရှိပမလားဟုပင် ဗုဒ္ဓဘာသာပရိဿာတ်ကိုမေးခွန်းထုတ်ပြန်လေသည်။

ဆက်၍ "ဗုဒ္ဓဘုရားရှင်သည် ၎င်း၏တပည့်သံဃာများအား တန်ခိုးမပြရန်စည်းကမ်းထုတ်ထားပြီး ၎င်းကိုယ်တိုင်က ရောင်ချည်တော်များလွှတ်ခြင်း၊ ရေမီးတို့ဖြင့် တန်ခိုးပြခြင်းများဆောင်ရွက်ခြင်းသည် မိမိထုတ်ထားသေည့်စည်းကမ်းကို မိမိကိုယ်တိုင်ဖျက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့အပြင်တာဝတိံသာနတ်ပြည်ကို တန်ခိုးတော်နှင့်တက်သွားသည့် ဘုရားရှင်အား ပြန်လာသည့်အခါ နတ်သိကြားတို့က ပြန်လည်ပို့ဆောင်ရခြင်းသည်မဖြစ်နိုင်ကြောင်း၊ ထို့အပြင် သစ္စကပရိဗိုက်အားအောင်မြင်တော်မူခန်းတွင် သစ္စကပရဗိုက်ကြီးသည် ဘုရားရှင်မေးသည့်မေးခွန်းများကို မဖြေဘဲရှိစဉ် သိကြားမင်းက ဘီလူးပုံဖန်ဆင်းခြိမ်းခြောက်တော့မှဖြေကြောင်းဖော်ပြထားသဖြင့် ဘုရားသည်မိမိကိုယ်တိုင်တန်ခိုးရှင်ဖြစ်၍ တန်ခိုးမပြဘဲ ဘာကြောင့် သိကြားမင်းကဝင်ပါရသလဲ" ဟုမေးခွန်းထုတ်ပြန်ပါသည်။

ထို့အပြင်တန်ခိုးတော်အနန္တဖြစ်သောဘုရားရှင်သည် ပဋိနိဗ္ဗာန်စံတော်မူခါနီးတွင် ဝမ်းတော်လား၍ သက်တော်(၈၀)အရွယ် ဗုဒ္ဓရှင်ကိုညီတော်အာနန္ဒာက ကုသိနာရုံအရောက်တွဲခေါ်သွားရခြင်းဆိုသည်မှာ အဓိပ္ပာယ်မရှိကြောင်း၊ တန်ခိုးကြီးပုဂ္ဂိုလ်ဖြစ်သည့်ဘုရားသည် ဝမ်းသွားခြင်းကြောင့် လမ်းပင်မလျှောက်နိုင်ခြင်းဆိုသည်မှာအဓိပ္ပာယ်မရှိကြောင်း၊ ဘုရားရှင်ထိုသို့ဖြစ်နေစဉ်တွင်လည်း မည်သည်နတ်မှကူညီခြင်းမရှိဘူးလားဟု ဆက်တိုက်မေးခွန်းများထုတ်နေပါသည်။

ထို့အပြင် ဘုရားတစ်ဆူပွင့်တော်မူရန်အတွက် ဘုရားလောင်းဖြစ်မည့်ပုဂ္ဂိုလ်အား ရှေ့ဘုရားမှာ ဗျာဒိတ်ပေးခြင်းဖြစ်သဖြင့် ပထမဦးဆုံးဘုရားရှင်ကိုမည်သူကဗျာဒိတ်တော်ပေးသလဲ ဟူသောအချက်သည်စဉ်းစားစရာပင်ဖြစ်ကြောင်းမေးခွန်းများဆက်တိုက်ထုတ်၍ ဗုဒ္ဓဘာသာကျမ်းစာအသီးသီးမှ ဟောပြောချက်၊ ပါရှိချက်များကိုတစ်ချက်ချင်းထောက်၍ ဝေဖန်တိုက်ခိုက်လေတော့သည်။ ထို့နောက်၎င်း၏ဟောပြောချက်အားနိဂုံးချုပ်ရာတွင် ၎င်းသည်မူလကဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း သို့သော်ထိုကဲ့သို့အဓိပ္ပာယ်မရှိသည့်အချက်များ ကိုတွေ့မြင်ရသည့်အတွက် ခရစ်ယာန်ဘာသာဘက်သို့ပြောင်းလဲခြင်းဖြစ်ကြောင်း၊ အဓိပ္ပာယ်မရှိသော ဗုဒ္ဓဘာသာကိုဆက်၍ကိုးကွယ်မလား၊ ထာဝရဘုရားသခင်၏ ခရစ်ယာန်ဘာသာအားကိုးကွယ်မလားဟု မေးခွန်းထုတ်၍ ၎င်း၏ဟောပြောချက်အား အဆုံးသတ်လိုက်ပါသည်။

၎င်း၏စကားအဆုံးတွင် ခရစ်ယာန်ပရိဿာတ်မှ လက်ခုတ်လက်ဝါးတီး၍ အားပေးကြပြီး ဦးသာဒင်၏ဟောပြောချက်များသည် အချို့သော ဗုဒ္ဓဘာသာဝင်များပင် သေချာစွာသိရှိခြင်းမရှိသည့်အချက်များဖြစ်သဖြင့် ဗုဒ္ဓဘာသာပရိဿာတ်သည် ချွေးသီးချွေးပေါက်များကျကာ ၎င်းမေးသည့်မေးခွန်းများအပေါ် မည်သို့တုံပြန်ရမှန်းမသိဖြစ်ပြီး ဗုဒ္ဓဘာသာဘက်မှ ဟောပြောမည့် ဦးဥက္ကဌ၏မျက်နှာတော်ကိုသာ အားကိုးတစ်ကြီးကြည့်နေရတော့သည်။ 

ဦးသာဒင်၏ဟောပြောချက်များအပြီးတွင် ၎င်း၏ဟောပြောချက်များအား ချေပဟောပြောရန် ဆရာတော် ဦးဥက္ကဌ၏အလှည့်သို့ရောက်ရှိလာလေသည်။ ဆရာတော်လည်း ထိုင်ရာမှထ၍ ပရိဿာတ်တို့အား နှုတ်ခွန်းဆက်၍ ဦးသာဒင်နှင့်မိမိသည်ယခင်ကတွေ့ဖူးထားသည့်သူများမဟုတ်သဖြင့် ပုဂ္ဂိုလ်ရေးအရ အညှိုးအာဃာတများမရှိကြောင်း ယခုအချိန်တွင်လည်း မတူညီသည့်အယူအဆနှင့်ဘာသာနှစ်ခုဟောပြောခြင်းသာဖြစ်သဖြင့် ပုဂ္ဂိုလ်ရေးအရမစဉ်းစားဘဲ ဓမ္မသဘောအနှစ်သာရကိုသာ စဉ်းစားဆုံးဖြတ်ရန်ဦးစွာပြော၍ ဟောပြောမှုအားစတင်ရန် ပြင်ဆင်လေတော့သည်။

ဆက်လက်ဖော်ပြပါမည်။
သက်တံ့နောင်(Wizardry Myanmar)
ကိုးကား
သခင်မြတ်ဆိုင်၏ ကျောက်ကွင်းအရေးတော်ပုံကျမ်း
Wiki Myanmar ၏ ကျောက်ကွင်းဝါဒပြိုင်ပွဲဆောင်းပါး

Zawgyi ျဖင့္ဖတ္ရန္



ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခ်က္မ်ားျပဳလုပ္ၿပီးေနာက္ ေဟာေျပာဝါဒၿပိဳင္မည့္သူမ်ားအားရွာၾကေလေတာ့သည္။ ခရစ္ယာန္ဘာသာဝင္တို႔ဘက္မွ ယွဥ္ၿပိဳင္ေဟာေျပာမည္သူ ဦးစြာေပၚလာေလသည္။ ၎မွာ ဦးေရႊမွန္၊ ဦးသာဒင္(ရန္ကုန္)ႏွင့္ ဦးသာဒင္(မႏၲေလး)တို႔ၾကၿပီး ၎တို႔အားလုံးသည္ ဗုဒၶဘာသာမွ ခရစ္ယာန္ဘာသာသို႔ေျပာင္းလဲသြားၾကသူမ်ားျဖစ္ၾကၿပီး ပဋိကတ္ေတာ္မ်ားကို ထုံးေလေခ်ေရလိုေႏွာက္အထူးကၽြမ္းက်င္သူမ်ားလည္းျဖစ္ၾကသည္။



ထို႔အခါ ဗုဒၶဘာသာဝင္မ်ားဘက္မွ အခက္အခဲႀကီးျဖစ္ေတာ့သည္။ ခရစ္ယာန္ဘာသာဝင္မ်ားဘက္မွ ေဟာေျပာမည့္သူမ်ားသည္ ဗုဒၶဘာသာအေၾကာင္းေကာင္းေကာင္းမြန္မြန္သိရွိသူျဖစ္သျဖင့္ ဗုဒၶဘာသာဘက္မွ ေဟာေျပာမည့္သူသည္ ပဋိကတ္ေတာ္မ်ားကိုကၽြမ္းက်င္သူျဖစ္ယုံႏွင့္ပင္မရ စကားေျပာလည္းကၽြမ္းက်င္ပိုင္နိုင္မည့္သူျဖစ္မွရေတာ့မည္။ မဟုတ္လၽွင္ ဝါဒၿပိဳင္ပြဲႀကီးတြင္ ဗုဒၶဘာသာသည္အရႈံးႏွင့္ရင္ဆိုင္ရေတာ့မည္ျဖစ္သည္။



ဦးေလွာင္တို႔ရြာ၏အနီးတြင္ အလိုေတာ္ရဂိုဏ္းရွိသည္။ ဦးေလွာင္တို႔လည္း အလိုေတာ္ရဂိုဏ္းခ်ဳပ္အားအကူအညီေတာင္းရာ ၎ဂိုဏ္းတြင္လည္းပိဋိကတ္ေတာ္ကိုသာကၽြမ္းက်င္၍ စကားအေျပာေကာင္းေသာ ပုဂၢိဳလ္မရွိ။ သို႔ျဖစ္ေသာေၾကာင့္ အလိုေတာ္ရဂိုဏ္းခ်ဳပ္ဆရာေတာ္မွဦးေဆာင္ကာ ဗုဒၶဘာသာအတြက္ ေဟာေျပာမည့္သူကိုရွာေဖြေလေတာ့သည္။



ရန္ကုန္မွဆရာေတာ္အခ်ိဳ႕မွ နာမည္ႀကီးဆရာေတာ္ဦးေဉယ်ကိုပင့္ဖိတ္ရန္အႀကံဉာဏ္ေပးေလသည္။ ဦးေဉယ်သည္ ထိုေခတ္ထိုအခါက ခရစ္ယာန္ဘာသာကို ရႈတ္ခ်သည့္စာမ်ားေရးသားၿပီး လူသိမ်ားထင္ရွားေသာ ဆရာေတာ္တစ္ပါးလည္းျဖစ္ပါသည္။ သို႔ေသာ္ဦးေလွာင္တို႔မွ စာျဖင့္ပင့္ဖိတ္ေသာ္လည္း ၎ဆရာေတာ္မွ ျပန္လည္အေၾကာင္းျပန္ျခင္းမရွိသျဖင့္ အခက္ေတြ႕ေတာ့သည္။



ထို႔ေနာက္အလိုေတာ္ရဂိုဏ္းခ်ဳပ္ဆရာေတာ္မွ တစ္ဆင့္ဆရာေတာ္ ဦးဥကၠဌအား အက်ိဳးအေၾကာင္းေျပာျပ၍ ပိတ္ဖိတ္ေသာအခါ ဆရာေတာ္မွေဟာေျပာျပသရန္ လက္ခံလိုက္ေလသည္။



ဗုဒၶဘာသာဘက္မွ ယွဥ္ၿပိဳင္ေဟာေျပာမည့္သူေပၚလာသည့္အခါတြင္မွ ဝါဒၿပိဳင္ပြဲႀကီးကိုေအာက္ပါအတိုင္း စီစဥ္ၾကေလသည္။



နံနက္ (၇) နာရီတြင္ ယွဥ္ၿပိဳင္ပြဲကို စရန္။
သဘာပတိအေနျဖင့္ ခရစ္ယာန္ဘက္က တစ္ဦး၊ ဗုဒၶဘာသာဘက္က တစ္ဦး၊ ႏွစ္ဦးတင္ရန္။
၇ နာရီမွ ၇ နာရီ ၁၅ မိနစ္အထိ ခရစ္ယာန္ဘက္မွ သဘာပတိ မိန႔္ခြန္းေျပာရန္။
၇ နာရီ ၁၅ မိနစ္မွ ၇ နာရီ ၃၀ မိနစ္အထိ ဗုဒၶဘာသာဝင္ သဘာပတိက မိန႔္ခြန္းေျပာရန္။
၇ နာရီ ၃၀ မိနစ္ မွ ၈ နာရီ ၁၅ မိနစ္အထိ ခရစ္ယာန္တို႔ဘက္မွ ဗုဒၶဘာသာကို ေဝဖန္ေျပာၾကားရန္။
၈ နာရီ ၁၅ မိနစ္ မွ ၉ နာရီအထိ ဗုဒၶဘာသာဘက္မွ ခရစ္ယာန္ဘာသာကို ေဝဖန္ေျပာၾကားရန္။
၉ နာရီ မွ ၁၂ နာရီအထိ ေဟာေျပာပြဲကို ရပ္နားရန္။
ေန႔လယ္ ၁၂ နာရီတြင္ ေဟာေျပာပြဲကို ျပန္လည္ဖြင့္လွစ္ရန္။
၁၂ နာရီ မွ ၂ နာရီအထိ ဗုဒၶဘာသာဘက္မွ ေဝဖန္ေျပာၾကားရန္။
၂ နာရီ မွ ၄ နာရီအထိ ခရစ္ယာန္ဘက္မွ ေဝဖန္ေျပာၾကားရန္။
ညေန ၄ နာရီတြင္ ႏွစ္ဖက္သဘာပတိမ်ား လက္မွတ္ေရးထိုးထားေသာ ေဟာေျပာပြဲ ႐ုပ္သိမ္းစာကို ဖတ္၍ ေဟာေျပာပြဲႀကီး ၿပီးေၾကာင္း ေၾကညာရန္တို႔ ျဖစ္သည္


ထို႔ေဟာေျပာပြဲကို ပရိႆာတ္ (၁)ေသာင္းေက်ာ္တက္ေရာက္ခဲ့ပါသည္။ ပြဲစစခ်င္း ခရစ္ယာန္ဘာသာဝင္တို႔ဘက္မွ ဦးသာဒင္မွစတင္ေဟာေျပာေလသည္။ ဦးသာဒင္သည္ ထိုဝါဒၿပိဳင္ပြဲကို နာမည္ေက်ာ္ဆရာေတာ္ ဦးေဉယ်တက္ေရာက္မည္အထင္ႏွင့္ ဦးေဉယ်ေရးသားသည့္ စာေပမ်ားမွ အခ်က္အလက္မ်ားကိုေကာက္ႏုတ္ကာ "ဗုဒၶဝင္က်မ္းသည္ ဗုဒၶဘုရားရွင္၏ျဖစ္စဥ္သာျဖစ္ေၾကာင္း ၎က်မ္းတြင္ပါေသာအခ်က္အလက္မ်ား သည္ယုတၱိမရွိေၾကာင္း ထို႔အျပင္ျမတ္စြာဘုရားရွိသည္ ဝါေခါင္လျပည့္ေနတြင္ ပဋိသေႏၶေနေတာ္မူသျဖင့္ သုေဒၶါဒနမင္းႀကီးႏွင့္မယ္ေတာ္မာယာတို႔သည္ ဝါတြင္းႀကီးပင္လၽွင္ေမထုန္အမႈ(လိင္ဆက္ဆံျခင္း)ကိုေရွာင္က်ဥ္ပုံမရေၾကာင္း၊ ထို႔အျပင္ ဘုရားေလာင္းပဋိသေႏၶေနသည့္အခ်ိန္တြင္ ဘုရားျဖစ္မည့္သူမွန္းမည္သူမၽွ မသိဘဲ ေမြးဖြားကာနီးမွ ပုဏၰားတို႔၏ေျပာျပခ်က္အရ သိရွိရျခင္းသည္ အဓိပၸာယ္မရွိေၾကာင္း ဗုဒၶဘုရားသည္ သာမာန္လူသာျဖစ္ေၾကာင္း"စတင္ေဟာေျပာေလသည္။



ထို႔အျပင္၎မွဆက္၍ " ဘုရားေလာင္း၏ဖြားဖက္ေတာ္ ၇ ဦးတြင္ ျမင္းလည္းပါေၾကာင္း၊ ေရႊအိုးႀကီးမ်ားလည္းပါသျဖင့္ ယုတၱိမရွိေၾကာင္း ညီေတာ္အာနႏၵါအရွင္သည္လည္း ဘုရားေလာင္း၏ညီျဖစ္ေသာ္လည္း ဖြားဘက္ေတာ္ဟုေဖာ္ျပျခင္းသည္ အဓိပၸာယ္မရွိေၾကာင္း"ေဟာေျပာျပန္ေလသည္။  ေနာက္ထပ္တစ္ဖန္ ဘရားရွင္မွ စိဥၨမာနအားေအာင္ျမင္ေတာ္မူခန္းတြင္ တရားပြဲတြင္အျခားအမ်ိဳးသမီးမ်ားလည္းရွိပါလၽွက္နဲ႔ စိဥၨမာန၏ ဗိုက္အားမစမ္းသပ္ဘဲ သိၾကားမင္းသည္ စိဥၨမာန၏ဗိုက္တြင္ကာရံထားသည့္ ပ်ဥ္ခ်ပ္မ်ားအား ကိုက္ဖ်က္ကာ ထဘီအတြင္းသို႔ဝင္သျဖင့္ ဗုဒၶဘာသာအယူအရ အဓိပၸာယ္မရွိေၾကာင္း မိန္းမ ထဘီအတြင္းသို႔ပင္ဝင္သည့္ သိၾကားမင္းျဖစ္ေၾကာင္း၊ ထို႔အျပင္နေႏၵါပနႏၵနဂါးမင္းအားေခ်ခၽြတ္ခန္းတြင္လည္း တန္ခိုးရွင္ဘုရားရွင္သည္ ကိုယ္တိုင္ႏွိမ္နင္းျခင္းမျပဳဘဲ ရွင္ေမာဂၢလာန္ကိုႏွိမ္နင္းခိုင္းျခင္းသည္ အဓိပၸာယ္မရွိေၾကာင္း၊ ထို႔အျပင္နဂါးမင္းအား ရွင္ေမာဂၢလာန္ဖန္ဆင္းထားသည့္နဂါးမွ ျမင္းမိုရ္ေတာင္ႏွင့္ညႇပ္၍ ရစ္ပတ္သျဖင့္ ဘုရားရွင္ေဟာေျပာသည့္ သတၱဝါတို႔အား မညႇင္းဆဲရဟူေသာအခ်က္ႏွင့္ ကြဲျပား၍ ဘုရား၏ေရွ႕တြင္ပင္ နဂါးမင္းသားညႇင္းဆဲျခင္းျဖစ္ေၾကာင္း၊ ထို႔အျပင္ထိုမၽွတန္ခိုးႀကီးေသာ ရွင္ေမာဂၢလာန္သည္ သာမန္သူခိုးတို႔၏ရိုက္သတ္ျခင္းကိုခံရသည္ ဆိုျခင္းသည္ အဓိပၸာယ္ရွိပမလားဟုပင္ ဗုဒၶဘာသာပရိႆာတ္ကိုေမးခြန္းထုတ္ျပန္ေလသည္။



ဆက္၍ "ဗုဒၶဘုရားရွင္သည္ ၎၏တပည့္သံဃာမ်ားအား တန္ခိုးမျပရန္စည္းကမ္းထုတ္ထားၿပီး ၎ကိုယ္တိုင္က ေရာင္ခ်ည္ေတာ္မ်ားလႊတ္ျခင္း၊ ေရမီးတို႔ျဖင့္ တန္ခိုးျပျခင္းမ်ားေဆာင္ရြက္ျခင္းသည္ မိမိထုတ္ထားေသည့္စည္းကမ္းကို မိမိကိုယ္တိုင္ဖ်က္ျခင္းပင္ျဖစ္ေၾကာင္း၊ ထို႔အျပင္တာဝတႎသာနတ္ျပည္ကို တန္ခိုးေတာ္ႏွင့္တက္သြားသည့္ ဘုရားရွင္အား ျပန္လာသည့္အခါ နတ္သိၾကားတို႔က ျပန္လည္ပို႔ေဆာင္ရျခင္းသည္မျဖစ္နိုင္ေၾကာင္း၊ ထို႔အျပင္ သစၥကပရိဗိုက္အားေအာင္ျမင္ေတာ္မူခန္းတြင္ သစၥကပရဗိုက္ႀကီးသည္ ဘုရားရွင္ေမးသည့္ေမးခြန္းမ်ားကို မေျဖဘဲရွိစဥ္ သိၾကားမင္းက ဘီလူးပုံဖန္ဆင္းၿခိမ္းေျခာက္ေတာ့မွေျဖေၾကာင္းေဖာ္ျပထားသျဖင့္ ဘုရားသည္မိမိကိုယ္တိုင္တန္ခိုးရွင္ျဖစ္၍ တန္ခိုးမျပဘဲ ဘာေၾကာင့္ သိၾကားမင္းကဝင္ပါရသလဲ" ဟုေမးခြန္းထုတ္ျပန္ပါသည္။



ထို႔အျပင္တန္ခိုးေတာ္အနႏၲျဖစ္ေသာဘုရားရွင္သည္ ပဋိနိဗၺာန္စံေတာ္မူခါနီးတြင္ ဝမ္းေတာ္လား၍ သက္ေတာ္(၈၀)အရြယ္ ဗုဒၶရွင္ကိုညီေတာ္အာနႏၵာက ကုသိနာ႐ုံအေရာက္တြဲေခၚသြားရျခင္းဆိုသည္မွာ အဓိပၸာယ္မရွိေၾကာင္း၊ တန္ခိုးႀကီးပုဂၢိဳလ္ျဖစ္သည့္ဘုရားသည္ ဝမ္းသြားျခင္းေၾကာင့္ လမ္းပင္မေလၽွာက္နိုင္ျခင္းဆိုသည္မွာအဓိပၸာယ္မရွိေၾကာင္း၊ ဘုရားရွင္ထိုသို႔ျဖစ္ေနစဥ္တြင္လည္း မည္သည္နတ္မွကူညီျခင္းမရွိဘူးလားဟု ဆက္တိုက္ေမးခြန္းမ်ားထုတ္ေနပါသည္။



ထို႔အျပင္ ဘုရားတစ္ဆူပြင့္ေတာ္မူရန္အတြက္ ဘုရားေလာင္းျဖစ္မည့္ပုဂၢိဳလ္အား ေရွ႕ဘုရားမွာ ဗ်ာဒိတ္ေပးျခင္းျဖစ္သျဖင့္ ပထမဦးဆုံးဘုရားရွင္ကိုမည္သူကဗ်ာဒိတ္ေတာ္ေပးသလဲ ဟူေသာအခ်က္သည္စဥ္းစားစရာပင္ျဖစ္ေၾကာင္းေမးခြန္းမ်ားဆက္တိုက္ထုတ္၍ ဗုဒၶဘာသာက်မ္းစာအသီးသီးမွ ေဟာေျပာခ်က္၊ ပါရွိခ်က္မ်ားကိုတစ္ခ်က္ခ်င္းေထာက္၍ ေဝဖန္တိုက္ခိုက္ေလေတာ့သည္။ ထို႔ေနာက္၎၏ေဟာေျပာခ်က္အားနိဂုံးခ်ဳပ္ရာတြင္ ၎သည္မူလကဗုဒၶဘာသာဝင္ျဖစ္ေၾကာင္း သို႔ေသာ္ထိုကဲ့သို႔အဓိပၸာယ္မရွိသည့္အခ်က္မ်ား ကိုေတြ႕ျမင္ရသည့္အတြက္ ခရစ္ယာန္ဘာသာဘက္သို႔ေျပာင္းလဲျခင္းျဖစ္ေၾကာင္း၊ အဓိပၸာယ္မရွိေသာ ဗုဒၶဘာသာကိုဆက္၍ကိုးကြယ္မလား၊ ထာဝရဘုရားသခင္၏ ခရစ္ယာန္ဘာသာအားကိုးကြယ္မလားဟု ေမးခြန္းထုတ္၍ ၎၏ေဟာေျပာခ်က္အား အဆုံးသတ္လိုက္ပါသည္။



၎၏စကားအဆုံးတြင္ ခရစ္ယာန္ပရိႆာတ္မွ လက္ခုတ္လက္ဝါးတီး၍ အားေပးၾကၿပီး ဦးသာဒင္၏ေဟာေျပာခ်က္မ်ားသည္ အခ်ိဳ႕ေသာ ဗုဒၶဘာသာဝင္မ်ားပင္ ေသခ်ာစြာသိရွိျခင္းမရွိသည့္အခ်က္မ်ားျဖစ္သျဖင့္ ဗုဒၶဘာသာပရိႆာတ္သည္ ေခၽြးသီးေခၽြးေပါက္မ်ားက်ကာ ၎ေမးသည့္ေမးခြန္းမ်ားအေပၚ မည္သို႔တုံျပန္ရမွန္းမသိျဖစ္ၿပီး ဗုဒၶဘာသာဘက္မွ ေဟာေျပာမည့္ ဦးဥကၠဌ၏မ်က္ႏွာေတာ္ကိုသာ အားကိုးတစ္ႀကီးၾကည့္ေနရေတာ့သည္။ 



ဦးသာဒင္၏ေဟာေျပာခ်က္မ်ားအၿပီးတြင္ ၎၏ေဟာေျပာခ်က္မ်ားအား ေခ်ပေဟာေျပာရန္ ဆရာေတာ္ ဦးဥကၠဌ၏အလွည့္သို႔ေရာက္ရွိလာေလသည္။ ဆရာေတာ္လည္း ထိုင္ရာမွထ၍ ပရိႆာတ္တို႔အား ႏႈတ္ခြန္းဆက္၍ ဦးသာဒင္ႏွင့္မိမိသည္ယခင္ကေတြ႕ဖူးထားသည့္သူမ်ားမဟုတ္သျဖင့္ ပုဂၢိဳလ္ေရးအရ အညႇိုးအာဃာတမ်ားမရွိေၾကာင္း ယခုအခ်ိန္တြင္လည္း မတူညီသည့္အယူအဆႏွင့္ဘာသာႏွစ္ခုေဟာေျပာျခင္းသာျဖစ္သျဖင့္ ပုဂၢိဳလ္ေရးအရမစဥ္းစားဘဲ ဓမၼသေဘာအႏွစ္သာရကိုသာ စဥ္းစားဆုံးျဖတ္ရန္ဦးစြာေျပာ၍ ေဟာေျပာမႈအားစတင္ရန္ ျပင္ဆင္ေလေတာ့သည္။



ဆက္လက္ေဖာ္ျပပါမည္။

သက္တံ့ေနာင္(Wizardry Myanmar)

ကိုးကား

သခင္ျမတ္ဆိုင္၏ ေက်ာက္ကြင္းအေရးေတာ္ပုံက်မ္း

Wiki Myanmar ၏ ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲေဆာင္းပါး







Latest Articles