Page Nav

HIDE

Breaking News:

latest

Ads Place

ဘင်္ဂလားဒေ့ချ်မှ ဗုဒ္ဓဘာသာများ

Unicode Version အာရပ်ကမ္ဘာကြားထဲမှာ တစ်ဦးတည်ရပ်တည်နေနိုင်တဲ့ အစ္စရေးလို့ခေါ်တဲ့နိုင်ငံကိုသင်သိပါသလား။ အစ္စရေးတွေဟာ အစ္စလာမ်နိုင်ငံတွေကြားထဲမ...


Unicode Version
အာရပ်ကမ္ဘာကြားထဲမှာ တစ်ဦးတည်ရပ်တည်နေနိုင်တဲ့ အစ္စရေးလို့ခေါ်တဲ့နိုင်ငံကိုသင်သိပါသလား။ အစ္စရေးတွေဟာ အစ္စလာမ်နိုင်ငံတွေကြားထဲမှာနေထိုင်နေတဲ့ ဂျူးလူမျိုးနိုင်ငံငယ်လေးဖြစ်ပြီး "စစ်ရေးမှာအစ္စရေး"လို့ခေါ်ရလောက်အောင်စစ်ရေးမှာထူးချွန်ကြပြီး အာရပ်နိုင်ငံ (၁၁)နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ယှဉ်ပြိုင်တိုက်ခိုက်သောစစ်ပွဲကြီးဖြစ်၍ ၆ ရက်အတွင်း အစ္စရေးတို့မှ အာရပ်တပ်ပေါင်းစုများအား နိုင်အောင်တိုက်ခဲ့ သဖြင့် ယနေ့ကမ္ဘာတွင် အစ္စရေးကိုမည်သည့်အာရပ်နိုင်ငံတို့ကမျှ စော်ကားခြင်းမပြုရဲပေ။

ထို့ကဲ့သို့ပင်အစ္စလာမ်နိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ချ်နိုင်ငံတွင်ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများထဲမှ တိုင်းရင်းသားတစ်မျိုးသည့် ယနေ့တိုင်နေထိုင်လျှက်ရှိပြီး ဗုဒ္ဓဘာသာ၏ထုံးတမ်းအစဉ်အလာအတိုင်းပင် နေထိုင်လျှက်ရှိပြပါသည်။ ၎င်းလူမျိုးများကို မာရမာလူမျိုးဟုခေါ်၍ ဒုတိယမြန်မာနိုင်ငံတော်အား တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး၏ ဆွေတော်မျိုးတော်များလည်းဖြစ်ကြပါသည်။

သက္ကရာဇ် ၁၅၉၉ ခုနှစ် နန္ဒဘုရင်လက်ထက်တွင် မြန်မာဘုရင့်တပ်များသည်တောင်ငူဘုရင်၊ ရခိုင်ဘုရင်နှင့် ယိုးဇယားမင်းသားနရဲစွမ်တို့နှင့် စစ်မျက်နှာသုံးခုဖွင့်ကာခုခံတိုက်ခိုက်ခဲ့သော်လည်း နန္ဒဘုရင်၏တပ်များရှုံးနိမ့်သွားပြီးနောက် ရခိုင်တပ်များသည် ကမ္ဘောဇသာဒီနန်းတော်ကြီးကိုမီးရှို့ဖျက်ဆီးခဲ့၍ ဘုရင့်ဆွေတော်မျိုးတော်များအား ရခိုင်သို့ သုံပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုစဉ်ကရခိုင် ဧကရာဇ်၏လက်အောက်ခံဖြစ်သည့် စစ်တကောင်း ဒေသတွင်နေထိုင်စေခဲ့ပါသည်။ အဆိုပါစစ်တကောင်းဒေသသည် ရခိုင်ဘုရင်နှင့် မြန်မာဘုရင်တို့၏လက်အောက်တွင်နှစ်ပေါင်းများစွာကျရောက်ပြီးနောက် ဒုတိယကမ္ဘာစစ်အပြီးမှစတင်၍ ဘင်္ဂလားဒေချ်နိုင်ငံအတွင်းသို့ပါဝင်ခဲ့ပြီး အဆိုပါဒေသတွင်နေထိုင်သော ဘုရင့်နောင်၏ဆွေတော်မျိုးတော်များသည် မာရမာလူမျိုးဟူသောအမည်ဖြင့် ယခုတိုင်နေထိုင်လျှက်ရှိပါသည်။ (ရခိုင်လူမျိုး မာရမာကြီးလူမျိုးဖြစ်သည်ဟူ၍ လည်းမူကွဲရှိပါသည်)


မာရမာတို့အား အုပ်ချုပ်နေသည့်ဗိုလ်မင်းကြီး

အဆိုပါမာရမာလူမျိုးများအား ဗိုလ်မင်းကြီးဟုခေါ်သည့်ပုဂ္ဂိုလ်မှအုပ်ချုပ်၍နေထိုင်ပြီး ဘင်္ဂလားဒေ့ချ်ဒေသ မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလည်းဖြစ်ပါသည်။ ၎င်းဗိုလ်မင်းအား အဆိုပါဒေသနေပြည်သူများမှ အခွန်အခများပေးဆောင်ရပြီး ဗိုလ်မင်းအဆင့်အဆင့်ပြောင်းလဲအုပ်ချုပ်လာသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ကြောင်းသိရှိရပါသည်။ ၎င်းလူမျိုးများသည် ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းတွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ ကြသော်လည်း ၎င်းလူမျိုးတို့နှင့်ရောနှောဆက်ဆံခြင်း၊ လက်ထပ်ခြင်းများမပြုလုပ်ကြပဲ ယခုထက်တိုင် မာရမာလူမျိုးနှင့်ဗုဒ္ဓဘာသာ၏ထုံးတမ်းအစဉ်အလာများအား ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိကြပါသည်။
မာရမာတို့၏သင်္ကြန်ပွဲတော်

ထို့အပြင်နှစ်စဉ်နှစ်သစ်ကူးပွဲတော်အဖြစ် သင်္ကြန်ပွဲတော်အားကျင်းပလျှက်ရှိပြီး ဥပုတ်သီလစောင့်တည်ခြင်း ကောင်းမှုကုသိုလ်ပြုခြင်းစသည်တို့ကိုလည်း ပြုလုပ်ကြကြောင်းသိရှိရပါသည်။  သို့သော်လည်း ၂၀၁၁ ခုနှစ်ခန့်မှစတင်၍ အဆိုပါမာရမာလူမျိုးများပိုင်လယ်မြေ၊ ယာမြေများအား ဘင်္ဂါလီများမှ လုယက်တိုက်ခိုက် မှုများရှိခဲ့ကြပြီး ၂၀၁၃ ခုနှစ်တွင်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ သို့သော်ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများကို ဘင်္ဂလားဒေ့ချ်အစိုးရမှ ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာ အတိုင်း ပန်းဝါမြို့တွင် ဝါကျွတ်ပွဲပြုလုပ်ကျင်းပသည်ကိုလည်း ဘင်္ဂလားဒေ့ချ်စစ်တပ်အပြင် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ် များမှ လုံခြုံရေးယူပေးခဲ့ကြပြီး အဆိုပါပွဲကို မာရမာလူမျိုးများကပြုလုပ်ကျင်းပခဲ့ကာ ၎င်းပွဲတော်အား လူဦးရေ လေးသောင်းကျော်တက်ရောက်ခဲ့ကြပါသည်။

ယခုလတ်တလောကာလများတွင် ဘင်္ဂလားဒေ့ချ်နှင့်မြန်မာနှစ်နိုင်ငံတို့အကြား ဘင်္ဂလီများ၏မွေနှောက်မှုများကြောင့် မာရမာလူမျိုးများမြန်မာနိုင်ငံအတွင်းပြန်လည် ဝင်ရောက်ခိုလှုံနေမှုများလည်းရှိကြပါသည်။

သက်တံ့နောင်(Wizardry Myanmar)

Zawgyi Version

အာရပ္ကမၻာၾကားထဲမွာ တစ္ဦးတည္ရပ္တည္ေနနိုင္တဲ့ အစၥေရးလို႔ေခၚတဲ့နိုင္ငံကိုသင္သိပါသလား။ အစၥေရးေတြဟာ အစၥလာမ္နိုင္ငံေတြၾကားထဲမွာေနထိုင္ေနတဲ့ ဂ်ဴးလူမ်ိဳးနိုင္ငံငယ္ေလးျဖစ္ၿပီး "စစ္ေရးမွာအစၥေရး"လို႔ေခၚရေလာက္ေအာင္စစ္ေရးမွာထူးခၽြန္ၾကၿပီး အာရပ္နိုင္ငံ (၁၁)နိုင္ငံႏွင့္ အစၥေရးနိုင္ငံတို႔ယွဥ္ၿပိဳင္တိုက္ခိုက္ေသာစစ္ပြဲႀကီးျဖစ္၍ ၆ ရက္အတြင္း အစၥေရးတို႔မွ အာရပ္တပ္ေပါင္းစုမ်ားအား နိုင္ေအာင္တိုက္ခဲ့ သျဖင့္ ယေန႔ကမၻာတြင္ အစၥေရးကိုမည္သည့္အာရပ္နိုင္ငံတို႔ကမၽွ ေစာ္ကားျခင္းမျပဳရဲေပ။



ထို႔ကဲ့သို႔ပင္အစၥလာမ္နိုင္ငံတစ္ခုျဖစ္သည့္ ဘဂၤလားေဒ့ခ်္နိုင္ငံတြင္ဗုဒၶဘာသာ ျမန္မာတိုင္းရင္းသားမ်ားထဲမွ တိုင္းရင္းသားတစ္မ်ိဳးသည့္ ယေန႔တိုင္ေနထိုင္လၽွက္ရွိၿပီး ဗုဒၶဘာသာ၏ထုံးတမ္းအစဥ္အလာအတိုင္းပင္ ေနထိုင္လၽွက္ရွိျပပါသည္။ ၎လူမ်ိဳးမ်ားကို မာရမာလူမ်ိဳးဟုေခၚ၍ ဒုတိယျမန္မာနိုင္ငံေတာ္အား တည္ေထာင္သူ ဘုရင့္ေနာင္မင္းတရားႀကီး၏ ေဆြေတာ္မ်ိဳးေတာ္မ်ားလည္းျဖစ္ၾကပါသည္။



သကၠရာဇ္ ၁၅၉၉ ခုႏွစ္ နႏၵဘုရင္လက္ထက္တြင္ ျမန္မာဘုရင့္တပ္မ်ားသည္ေတာင္ငူဘုရင္၊ ရခိုင္ဘုရင္ႏွင့္ ယိုးဇယားမင္းသားနရဲစြမ္တို႔ႏွင့္ စစ္မ်က္ႏွာသုံးခုဖြင့္ကာခုခံတိုက္ခိုက္ခဲ့ေသာ္လည္း နႏၵဘုရင္၏တပ္မ်ားရႈံးနိမ့္သြားၿပီးေနာက္ ရခိုင္တပ္မ်ားသည္ ကေမၻာဇသာဒီနန္းေတာ္ႀကီးကိုမီးရွို႔ဖ်က္ဆီးခဲ့၍ ဘုရင့္ေဆြေတာ္မ်ိဳးေတာ္မ်ားအား ရခိုင္သို႔ သုံပန္းအျဖစ္ဖမ္းဆီးေခၚေဆာင္သြားၿပီး ထိုစဥ္ကရခိုင္ ဧကရာဇ္၏လက္ေအာက္ခံျဖစ္သည့္ စစ္တေကာင္း ေဒသတြင္ေနထိုင္ေစခဲ့ပါသည္။ အဆိုပါစစ္တေကာင္းေဒသသည္ ရခိုင္ဘုရင္ႏွင့္ ျမန္မာဘုရင္တို႔၏လက္ေအာက္တြင္ႏွစ္ေပါင္းမ်ားစြာက်ေရာက္ၿပီးေနာက္ ဒုတိယကမၻာစစ္အၿပီးမွစတင္၍ ဘဂၤလားေဒခ်္နိုင္ငံအတြင္းသို႔ပါဝင္ခဲ့ၿပီး အဆိုပါေဒသတြင္ေနထိုင္ေသာ ဘုရင့္ေနာင္၏ေဆြေတာ္မ်ိဳးေတာ္မ်ားသည္ မာရမာလူမ်ိဳးဟူေသာအမည္ျဖင့္ ယခုတိုင္ေနထိုင္လၽွက္ရွိပါသည္။ (ရခိုင္လူမ်ိဳး မာရမာႀကီးလူမ်ိဳးျဖစ္သည္ဟူ၍ လည္းမူကြဲရွိပါသည္)





မာရမာတို႔အား အုပ္ခ်ဳပ္ေနသည့္ဗိုလ္မင္းႀကီး



အဆိုပါမာရမာလူမ်ိဳးမ်ားအား ဗိုလ္မင္းႀကီးဟုေခၚသည့္ပုဂၢိဳလ္မွအုပ္ခ်ဳပ္၍ေနထိုင္ၿပီး ဘဂၤလားေဒ့ခ်္ေဒသ မွ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတစ္ခုလည္းျဖစ္ပါသည္။ ၎ဗိုလ္မင္းအား အဆိုပါေဒသေနျပည္သူမ်ားမွ အခြန္အခမ်ားေပးေဆာင္ရၿပီး ဗိုလ္မင္းအဆင့္အဆင့္ေျပာင္းလဲအုပ္ခ်ဳပ္လာသည္မွာ ႏွစ္ေပါင္းမ်ားစြာ ရွိခဲ့ၿပီျဖစ္ေၾကာင္းသိရွိရပါသည္။ ၎လူမ်ိဳးမ်ားသည္ ဘဂၤလားေဒ့ခ်္နိုင္ငံအတြင္းတြင္ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ ၾကေသာ္လည္း ၎လူမ်ိဳးတို႔ႏွင့္ေရာေႏွာဆက္ဆံျခင္း၊ လက္ထပ္ျခင္းမ်ားမျပဳလုပ္ၾကပဲ ယခုထက္တိုင္ မာရမာလူမ်ိဳးႏွင့္ဗုဒၶဘာသာ၏ထုံးတမ္းအစဥ္အလာမ်ားအား ထိန္းသိမ္းေစာင့္ေရွာက္လၽွက္ရွိၾကပါသည္။



မာရမာတို႔၏သၾကၤန္ပြဲေတာ္



ထို႔အျပင္ႏွစ္စဥ္ႏွစ္သစ္ကူးပြဲေတာ္အျဖစ္ သၾကၤန္ပြဲေတာ္အားက်င္းပလၽွက္ရွိၿပီး ဥပုတ္သီလေစာင့္တည္ျခင္း ေကာင္းမႈကုသိုလ္ျပဳျခင္းစသည္တို႔ကိုလည္း ျပဳလုပ္ၾကေၾကာင္းသိရွိရပါသည္။  သို႔ေသာ္လည္း ၂၀၁၁ ခုႏွစ္ခန႔္မွစတင္၍ အဆိုပါမာရမာလူမ်ိဳးမ်ားပိုင္လယ္ေျမ၊ ယာေျမမ်ားအား ဘဂၤါလီမ်ားမွ လုယက္တိုက္ခိုက္ မႈမ်ားရွိခဲ့ၾကၿပီး ၂၀၁၃ ခုႏွစ္တြင္လည္း ဗုဒၶဘာသာဘုန္းေတာ္ႀကီးေက်ာင္းမ်ားအား ဝင္ေရာက္တိုက္ခိုက္ျခင္း မီးရွို႔ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရွိရပါသည္။ သို႔ေသာ္ဖ်က္ဆီးခံခဲ့ရသည့္ ဗုဒၶဘာသာဘုန္းေတာ္ႀကီး ေက်ာင္းမ်ားကို ဘဂၤလားေဒ့ခ်္အစိုးရမွ ျပန္လည္တည္ေဆာက္ေပးခဲ့ၿပီး ဗုဒၶဘာသာထုံးတမ္းအစဥ္အလာ အတိုင္း ပန္းဝါၿမိဳ႕တြင္ ဝါကၽြတ္ပြဲျပဳလုပ္က်င္းပသည္ကိုလည္း ဘဂၤလားေဒ့ခ်္စစ္တပ္အျပင္ ရဲတပ္ဖြဲ႕၊ နယ္ျခားေစာင့္တပ္ မ်ားမွ လုံျခဳံေရးယူေပးခဲ့ၾကၿပီး အဆိုပါပြဲကို မာရမာလူမ်ိဳးမ်ားကျပဳလုပ္က်င္းပခဲ့ကာ ၎ပြဲေတာ္အား လူဦးေရ ေလးေသာင္းေက်ာ္တက္ေရာက္ခဲ့ၾကပါသည္။



ယခုလတ္တေလာကာလမ်ားတြင္ ဘဂၤလားေဒ့ခ်္ႏွင့္ျမန္မာႏွစ္နိုင္ငံတို႔အၾကား ဘဂၤလီမ်ား၏ေမြေႏွာက္မႈမ်ားေၾကာင့္ မာရမာလူမ်ိဳးမ်ားျမန္မာနိုင္ငံအတြင္းျပန္လည္ ဝင္ေရာက္ခိုလႈံေနမႈမ်ားလည္းရွိၾကပါသည္။



သက္တံ့ေနာင္(Wizardry Myanmar)
















Latest Articles