Page Nav

HIDE

Breaking News:

latest

Ads Place

ARSA တို့အစ ၁၉၄၂ခုနှစ် V Force တပ်ဖွဲ့က

ဒီဆောင်းပါးလေးကိုကျွန်တော်ရေးသင့်မရေးသင့်စဉ်းစားနေတာ တော်တော်ကြာနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူမှုကွန်ယက်မီဒီယာပေါ်မှာ ဘင်္ဂါလီတို့လို့အသုံး...





ဒီဆောင်းပါးလေးကိုကျွန်တော်ရေးသင့်မရေးသင့်စဉ်းစားနေတာ တော်တော်ကြာနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူမှုကွန်ယက်မီဒီယာပေါ်မှာ ဘင်္ဂါလီတို့လို့အသုံးအနှုန်းတွေပါလာရင် Facebook Team က လူမျိုးရေး လှုံ့ဆော်တယ်လို့ယူဆပြီး Website တစ်ခုလုံးကို Facebook ကနေ block ပြစ်တာမို့ပါ။ ဒါပေမဲ့ ယခုလက်တလောသောင်းကျန်းနေတဲ့ ASRA ဆိုတဲ့သူပုန်အကြမ်းဖက်တွေဘယ်ကစသလဲဆိုတာကိုတော့ ကျွန်တော်တို့ အားလုံးသိသင့်တာမို့ ဒီဆောင်းပါးလေးကိုရေးဖြစ်သွားတာပါ။

ARSA အကြမ်းဖက်တွေရဲ့အရင်းအမြစ်က ၁၉၁၃ ခုနှစ်ဝန်းကျင်ခန့်ကလို့ဆိုလိုရမှာပါ။ ဒီခုနှစ်တွေမှာ မြန်မာနိုင်ငံဟာလွတ်လပ်ရေးမရသေးတဲ့ကာလဖြစ်ပြီး အင်္ဂလိပ်အစိုးရက ရခိုင်ပြည်နယ် မေယုနယ်ခြား ခရိုင်မှာဒေသဖွံ့ဖြိုးရေးလုပ်နေတဲ့ကာလဖြစ်ပါတယ် ဒီကာလမှာ အင်္ဂလိပ်အစိုးရဟာ ရခိုင်ပြည်နယ် မေယုခရိုင်တစ်လွှားမှာ ရထားလမ်းဖောက်ခြင်း၊ ဥမင်လှိုဏ်ခေါင်းဖောက်ခြင်း၊ တံတားတည်ဆောက်ခြင်း စသည့်လုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် စစ်တကောင်းဒေသမှ ဘင်္ဂါလီများအား အလုပ်သမားများအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒီအလုပ်သမားဘင်္ဂါလီတွေဟာ ပုံမှန်အားဖြင့် အင်္ဂလိပ်အစိုးရလုပ်ငန်းရှိတဲ့အချိန် မြန်မာပြည်အတွင်းကိုဝင်လာပြီး အလုပ်မရှိတဲ့အချိန် စစ်တကောင်းကိုပြန်ကြပါတယ်။ 

အင်္ဂလိပ်တို့ဖောက်သွားတဲ့လှိုဏ်ခေါင်း
BDA တပ်ဖွဲ့များကဂျပန်တွေကို အင်္ဂလိပ်တို့နဲ့အတူ ပြန်လည်တိုက်ခိုက်နေစဉ် ကာလအတွင်း ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက မေယုနယ်ခြားခရိုင်မှာ V force လို့ခေါ်တဲ့တပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ ဒီ V Force တပ်ဖွဲ့ဟာ အင်္ဂလိပ်တို့အတွက် နယ်မြေသတင်းများထောက်လှမ်းပေးခြင်း၊ ဂျပန်နှင့်ပူးပေါင်းသူများအား ရှာဖွေဖော်ထုတ်ပေးခြင်း၊ ပျက်ကျသွားတဲ့ အင်္ဂလိပ်လေယာဉ်တွေကိုကယ်ဆယ်ရေးဆောင်ရွက်ပေးခြင်း စတာတွေလုပ်ကိုင်ပေးရတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီးဒီတပ်ဖွဲ့မှ ရခိုင်ပြည်နယ်မှ မွတ်စလင်များ၊ စစ်တကောင်းမှ ဘင်္ဂါလီများအများဆုံးပါဝင်တဲ့တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ် မြန်မာပြည်သိမ်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် ရခိုင်ပြည်သိမ်းတိုက်ပွဲတွေမှာ ဒီ V Force တွေရဲ့ စွမ်းဆောင်မှုဟာလည်းအရေးပါတယ်လို့ ဆိုရမှာပါ။ 

ဒါပေမဲ့ စစ်ကြီးပြီးလို့ မြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့အချိန်ကစပြီး ဒါဟာပြဿနာတစ်ခုဖြစ်လာပါတော့တယ်။ ရခိုင်ပြည်နယ်ထဲမှာတစ်စတစ်စ ဝင်ရောက်နေထိုင်လာတဲ့ ဘင်္ဂလီတွေဟာ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်မှာ ၂၁၇၈၀၀ ဦးအထိရှိနေပြီဖြစ်ပြီပါတယ်။ တစ်စတစ်စများပြားလာတဲ့ ဘင်္ဂါလီတွေဟာ စစ်ကြီးပြီးလို့ V Force ဖျက်သိမ်းပြီးသွားသည့်တိုင် ၎င်းတို့မူလနေထိုင်ရာ ဘင်္ဂလားဒေ့ချ် ပြည် စစ်တကောင်းဒေသကိုမပြန်တော့ဘဲ မောင်တောဒေသတစ်ဝိုက်မှာအခြေချနေထိုင်လာပြီး ဒေသခံ ရခိုင်ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ နယ်မြေလုယက်ခြင်းစတာတွေကိုလုပ်ဆောင်လာကြပါတော့တယ်။ ဒီလိုသတ်ဖြတ်မှုတွေကြောင့် ၁၉၄၂ ခုနှစ်တစ်ခုတည်းမှာပင် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးပေါင်း (၃၀၀၀၀)ခန့်သေဆုံးခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ "မူဂျာဟစ်" တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး အစိုးရကို အတိအလင်းပုန်ကန်ခဲ့ပါတယ်။ 

၎င်း"မူဂျာဟစ်"တပ်ဖွဲ့တွင် ယခင်အင်္ဂလိပ်အစိုးရလက်ထပ် စစ်တပ်ဝန်ထမ်းဟောင်းများစွာပါဝင်ခဲ့ပြီး အင်အား ၂၀၀၀ မှ ၅၀၀၀ အထိရှိသောတပ်ဖွဲ့ကြီးဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဦးနု၏အစိုးရလက်ထက် မူဂျာဟစ်တို့သည် အလွန်သောင်းကျန်းခဲ့ကြပြီး ရန်ကုန်မြို့ရှိ ပါကစ္စတန်သံအမတ်ကြီး(ထိုစဉ်က ဘင်္ဂလားဒေသသည် ပါကစ္စတန်နိုင်ငံအတွင်းရှိ ပြည်နယ်တစ်ခုဖြစ်ပါသည်) ကိုယ်တိုင် ၁၉၅၀ ခုနှစ်တွင်ဝင်ရောက် ညှိနှိုင်းပေးခဲ့သော်လည်း ပြေလည်မှုမရသဖြင့် ၁၉၅၁ မှ ၁၉၅၄ ခုနှစ်အထိ မြန်မာ့တပ်မတော်မှ အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၂)ချင်းတပ်ရင်းတို့မှ မေယုစစ်ဆင်ရေးနှင့် မုတ်သုန်စစ်ဆင်ရေးများအဖြစ်  မေယုဒေသတွင်အကြီးအကျယ်တပ်စွဲထားသည့် မူဂျာဟစ်တို့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ပွဲများတွင် ယနေ့ NLD ပါတီနာယကကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်းသူရဦးတင်ဦးလည်းပါဝင်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်တွင် မူဂျာဟစ်တို့၏ပုန်ကန်မှု အပြီးတိုင်အဆုံးသတ်သွားခဲ့ပြီး ထိုစဉ်က ဒုတိယဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးထံတွင် မူဂျာဟစ်သူပုန်များလက်နက်ချခဲ့ကြတယ်။
မူဂျာဟစ်စခန်းအားသိမ်းပိုက်အပြီး
မူဂျာဟစ်များ လက်နက်ချပြီးနောက်တွင် မြန်မာနှင့်ဘင်္ဂလားဒေသတို့နယ်ခြားစည်းသတ်မှတ်ခဲ့ပြီး မြန်မာပိုင်နက်အတွင်းတရားမဝင်နေထိုင်ကျန်ရစ်နေသည့် ဘင်္ဂါလီများအား ၁၉၆၆ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီအစိုးရမှ စစ်ဆင်ရေး (၆)ကြိမ်ပြုလုပ်ပြီး နှင်ထုတ်ခဲ့ပါတယ်။ သို့သော်ထိုသို့နှိမ်နင်းမှု များပြုလုပ်နေသည့်ကြားမှပင် ၁၉၈၀ ခုနှစ်ခန့်တွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦး (RPF)မှ ခွဲထွက်သူများက Rohingya Solidarity Organization (RSO) ကိုဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့ကို ယခင် (RPF) အတွင်းရေးမှူးဟောင်း မိုဟာမက်ယူနွတ်ဆိုသူမှဦးစီးခဲ့ပါတယ်။ ၎င်းအဖွဲ့သည် ဘင်္ဂလား-မြန်မာနယ်စပ်တွင် အဓိကအကျဆုံးလက်နက်ကိုင်တပ်ဖွဲ့ကြီးဖြစ်လာခဲ့ပြီးနောက် ဘာသာရေးကိစ္စများအပေါ် အခြေပြုလှုပ်ရှားမှုများ ဆောင်ရွက်လာခဲ့သည့်အတွက် ကမ္ဘာမူစလင်အသိုင်းအဝိုင်းများမှ ထောက်ပံ့မှုအမျိုးမျိုးကိုလည်းရရှိလာခဲ့ လေသည်။ ၁၉၉၁ ခုနှစ်တွင် RSO သူပုန်များသည် AK-47 ချေမှုန်းရေးရိုင်ဖယ်များ၊ လောင်ချာများအပြင်၊ မိုင်းနှင့်ဖောက်ခွဲရေးပစ္စည်းများကိုပါပိုင်ဆိုင်လာခဲ့ပြီး စစ်ရေးလေ့ကျင်မှုများကို တာလီဘန်တို့မှ ဦးစီးလေ့ကျင့်ပေးခဲ့ကြပါတယ်။ 

၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ ၎င်း RSO တို့အားအပြင်းအထန်တိုက်ထုတ်ခဲ့ကြပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ့တပ်မတော်မှ နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ချ်နိုင်ငံ၏ စစ်စခန်းတစ်ခုကိုပင် RSO တို့၏ စခန်းအထင်ဖြင့် မတော်တဆတိုက်ခိုက်သိမ်းပိုက်ခဲ့သေးပါတယ်။ ၁၉၉၈ ခုနှစ်တွင် RSO တို့မှ ရိုဟင်ဂျာအမျိုးသားကောင်စီ (RNC)နှင့် ရိုဟင်ဂျာအမျိုးသားတပ်မတော် (RNA)တို့ကိုထပ်မံဖွဲ့စည်းခဲ့ပြန် ပါတယ်။ ၎င်းကိစ္စများနှင့်ပတ်သက်၍ မြန်မာအစိုးရဆက်ဆက်က အမျိုးမျိုးညှိနှိုင်းဆောင်ရွက်ပေးသော်လည်း ကိစ္စရပ်များသည်ပြေလည်မှုမရှိခဲ့ဘဲ ယခုလက်ရှိခေတ်တွင် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် လုံခြုံရေးယူထား သည့် ဒေသခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖြစ် အကြမ်းဖက်မှုများတစ်ကျော့ပြန်ခေါင်းထောင်လာခဲ့တာပဲဖြစ်ပါတယ်။

ကိုးကား။

(၁)    ပြည်သူ့လွှတ်တော်၏ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ စာတမ်းတို

(၂)    ဧရာဝတီသတင်းဂျာနယ်၏ RSO နှင့် မူဂျာဟစ်ဒင်နောက်ခံသမိုင်း
(၃)    Eleven Media Group၏ မေယုတောင်တန်းရထားလမ်းဟောင်းများပေါ်ကနှစ်တရာပြည့်လှိုဏ်ခေါင်း
         များဆောင်းပါး

သက်တံ့နောင်(Wizardry Myanmar)










x

Latest Articles