Unicode Version မြန်မာသက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီးမင်းသည် အင်းဝနေပြည်တော်၏ ပိုင်နက်များဖြစ်သည့် ယောနယ်၊ ဆောနယ်များကိုဝင်ရော...
Unicode Version
မြန်မာသက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီးမင်းသည် အင်းဝနေပြည်တော်၏ ပိုင်နက်များဖြစ်သည့် ယောနယ်၊ ဆောနယ်များကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လေသည်။ ထိုအချိန်သည် အင်းဝ-ဟံသာဝတီအနှစ် (၄၀)စစ်ပွဲကြီးဖြစ်ပွားနေသည့်အချိန်ဖြစ်သဖြင့် အင်းဝနေပြည်တော်တွင် ရခိုင်တပ်များကိုတိုက်ခိုက်ရလောက်အောက် ထက်မြတ်သည့်စစ်သူကြီးမရှိ။ ထိုအချိန်တွင်နောင်တစ်ချိန်တွင် မြန်မာ့ရာဇဝင်တွင် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည့်သူတစ်ဦးပေါ်ထွက်လာခဲ့သည်။ ၎င်းမှာအင်းဝဘုရင်မင်းခေါင်၏သားတော် အသက်(၁၃)နှစ်သာရှိသေးသည့် မင်းသားငယ် မင်းရဲကျော်စွာပင်ဖြစ်လေသည်။
မင်းရဲကျော်စွာဟုဆိုလိုက်လျှင် မြန်မာရာဇဝင်တွင် သတ္တိအလွန်ကောင်းသော ကလေးစစ်ဘုရင်ဟုလူအများသိပြီးကြပြီးဖြစ်ပါသည်။ မင်းရဲကျော်စွာသည်နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် ဇာတိဿရဉာဏ်ခေါ် ရှေးဘဝကိုပြန်လည်သိရှိနိုင်သည့် မှတ်ဉာဏ်မျိုးပါရှိသည့် လူဝင်စားတစ်ဦးပင်ဖြစ်ပါသည်။ ၎င်းသည်ယခင်ဘဝက မွန်ဘုရင် ရာဇဓိရာဇ်၏သားတော် ဗောလောကျန်းဒေါဖြစ်ခဲ့သောပုဂ္ဂိုလ်ဖြစ်လေသည်။ မွန်မင်းသားဘဝကတည်းပင် ဗောလောကျန်းဒေါမင်းသားသည် ဓားရေး လှံရေးတို့ကိုနှစ်သက်သူဖြစ်သဖြင့် အရွယ်မရောက်မီကပင် ဆင်မြင်း ဓားလှံတို့ဖြင့်လေ့ကျင့်လေသည်။ ထိုအကြောင်းကိုရာဇဓိရာဇ်သိရှိသောအခါ အရွယ်မရောက်မီကပင် ဓားလှံကိုင်နေပြီ ကြီးလာလျှင် လုပ်ကြံနိုင်သည်ဟုတွေးကာ သူသတ်သမားလွှတ်၍ သတ်စေသည်။ ထိုအကြောင်းကို ဗောလောကျန်းဒေါမင်းသားသိရှိသောအခါ သူသတ်သမားတို့အား ခေတ္တတောင်းပန်၍ ကိုယ်တွင်ဝတ်ဆင်ထားသည့်လက်ဝတ်တန်ဆာများအား ရွှေမောဓောဘုရားတွင်လှူ၍ နောင်ဘဝတွင် ရာဇဓိရာဇ်မင်းနှင့်စီးချင်းထိုးလိုကြောင်း ဆုတောင်းပြီးနောက် သူသတ်သမားတို့၏ သတ်ခြင်းကိုခံရလေသည်။
ထိုဘဝမှကွယ်လွန်ပြီးသောအခါ ဘုရင်မင်းခေါင်၏မိဘုရားခေါင်ကြီး၏ဝမ်းတွင်ဝင်စား၍ မင်းရဲကျော်စွာဟူသောမင်းသားဖြစ်လာလေသည်။ ရခိုင်ဘုရင်၏တပ်များအင်းဝနယ်နိမိတ်များကို ဝင်ရောက်တိုက်ခိုက်သောအခါ မင်းရဲကျော်စွာသည် တပ်ကြီး ၁၃ တပ်ကိုဦးစီး၍ခုခံရန်ချီတက်လေသည်။ အင်းဝတပ်များချီတက်လာကြောင်းကြားသိသောအခါ ရခိုင်ဘုရင်သည် နနွင်းတောင်တွင်ခံတပ်ကြီးဖွဲ့၍ စောင့်နေလေသည်။ မင်းရဲကျော်စွာသည် ၎င်း၏တပ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ ပင်မစစ်ကြောင်းတွင် ၎င်းကိုယ်တိုက်ဦးစီးကာ မြင်းသည် ၃၀၀၀ ခြံရံ၍ ဆင်စီး၍ ရခိုင်တပ်များအား အတင်းဝင်ရောက်တိုက်ခိုက်လေသည်။ အင်းဝတပ်များ၏အတင်းတိုက်ခိုက်မှုအားမခံနိုင်သောကြောင့် ရခိုင်ဘုရင်လည်း ဆင်ပေါ်မှမြင်းသို့ပြောင်း၍ ဆုတ်ခွာသော်လည်း အင်းဝတပ်များ၏လက်ချက်ဖြင့်ကျဆုံးလေသည်။
ထိုအကြောင်းကိုသိရှိသောအခါ ဘုရင်မင်းခေါင်သည် မင်းရဲကျော်စွာအား မြန်မာသက္ကရာဇ် ၇၆၈ ခုနှစ်တွင် စောမင်းလှမင်းသမီးနှင့်လက်ထပ်ပေး၍ သူကောင်းပြုထားလေသည်။ ထိုကြောင့်ဘုရင်မင်းခေါင်၏ မင်းသိဒ္ဓတ်မှ မကျေမနပ်ဖြစ်၍ ဘုရင်မင်းခေါင်အားပုန်ကန်ပြီး ရာဇဓိရာဇ်ထံခိုလှုံလေသည်။ ထိုကြောင့်မင်းရဲကျော်စွာသည် မြန်မာသက္ကရာဇ် ၇၇၂ ခုနှစ် အသက် ၂၀ အရွယ်တွင် ရာဇဓိရာဇ်အားတိုက်ခိုက်ရန် ချီတက်လာခဲ့လေသည်။ ပထမဦးဆုံးမြောင်းမြကိုတိုက်ခိုက်ရာ မြောင်းမြရှိ မွန်သူရဲကောင်း မဟာသမိန်ဗရမ်းနှင့် လဂွန်းအိမ်တို့၏ရေတပ်ကိုတိုက်ခိုက်၍ မနိုင်ပဲဖြစ်နေလေသည်။ ထိုအချိန်တွင် သိန္နီစော်ဘွားပုန်ကန်ပြန်သဖြင့် မင်းရဲကျော်စွာသည် ဟံသာဝတီစစ်မြေပြင်မှ ရှမ်းစစ်မြေပြင်သို့ချီတက်ရပြန်သည်။ ထိုအကြောင်ကို ရာဇဓိရာဇ်သိသောအခါ ပြည်မြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်လေသည်။ မြန်မာသက္ကရာဇ် ၇၇၄ ခုနှစ်တွင် သိန္နီစော်ဘွားအားအနိုင်ရရှိခဲ့ပြီးနောက် ဟံသာဝတီသို့ထပ်မံချီတက်ရပြန်သည်။ ထိုအချိန်တွင် ရေးမြိုကို ယိုးဒယားတို့လာရောက်တိုက်ခိုက်သဖြင့် ရာဇဓိရာဇ်သည် ရေးမြို့တွင်ခုခံရန်အိမ်ရှေ့မင်းသားအားစေလွှတ်ကာ ကိုယ်တိုင်ကမူ မုတ္တမခံတပ်တွင် တပ်စွဲနေလေသည်။
ပြည်မြို့ရှိမွန်တပ်များအား အင်းဝတပ်များက တိုက်ခိုက်ကြောင်း ရာဇဓိရာဇ်သိရှိကြောင်းအခါ ပြည်မြို့သို့ ထပ်မံချီတက်လာပြန်လေသည်။ ထိုတစ်ကြိမ်တွင်မူ အင်းဝတပ်များဘက်မှ ဘုရင်မင်းခေါင်က ရေကြောင်း၊ မင်းရဲကျော်စွာက ကြည်းကြောင်းဖြင့်နှစ်ဖက်ညှပ်၍တိုက်ခိုက်ရာ ဟံသာဝတီနာမည်ကျော်သူရဲကောင်း လဂွန်းအိမ်ကျဆုံးလေသည်။ ထိုတိုက်ပွဲတွင်အောင်မြင်ခဲ့ပြီးနောက် ရာဇဓိရာဇ်သည် မုတ္တမခံတပ်သို့ဆုတ်ခွာခဲ့ပြီးနောက် မင်းရဲကျော်စွာသည် ဒလမြို့တွင် တပ်စွဲထားလေသည်။
ထို့နောက် ရာဇဓိရာဇ်သည် အင်အားပြန်လည်စုဖွဲ့၍ ဒလသို့ချီတက်လာပြီး မင်းရဲကျော်စွာအား စီးချင်းထိုးရန် စိန်ခေါ်လေသည်။ မင်းရဲကျော်စွာအား ဇာတာမသန့်သဖြင့် စီးချင်းထိုးချင်းကို လက်မခံရန် ပုဏ္ဏတို့ပြောသောကြောင့် အကြောင်းမပြန်ပဲရှိလေရာ ရာဇဓိရာဇ်သည် ငယ်ရွယ်သော မင်းရဲကျော်စွာအား ဒေါသထွက်စေရန် ပရိယာယ်ဖြင့် ၎င်း၏ညာလက်ရုံးစစ်သူကြီး အမတ်ဒိန်အား ဆင်တပ်မြင်းတပ်အနည်းငယ်ကိုဦးစီး၍ မင်းရဲကျော်စွာ၏ တပ်အနီးတွင်စခန်းချခါ အင်းဝတပ်များအား စိန်ခေါ်စေလေသည်။ ထိုအချိန်တွင် မင်းရဲကျော်စွာသည် အရက်မူးနေသည့်အချိန်ဖြစ်သဖြင့် ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ပဲ မွန်တပ်များအား တိုက်ခိုက်လေသည်။ တိုက်ပွဲစသည်နှင့် မွန်တပ်များမှ ထွက်ပြေးဟန်ပရိယာယ်ပြု၍ နောက်သို့ဆုတ်သည်ကို မင်းရဲကျော်စွာက မွန်များနောက်ပြန်ဆုတ်ပြေးသည်အထင်နှင့် အတင်းလိုက်၍တိုက်ခိုက်လေသည်။ ထိုအချိန်တွင် မြေဒူးမြိုစားစီးသော ဗကမတ်ဆင်သည် မုန်ယို၍ အင်းဝတပ်အား အတင်းပြန်လည်တိုက်ခိုက်ရာ အင်းဝတပ်များဖရိုဖရဲဖြစ်လေသည်။ ထိုအချိန်တွင် အရက်မူးနေသော မင်းရဲကျော်စွာသည် အင်းဝတပ်များနှင့်ကွဲ၍ ဟံသာဝတီတပ်အလယ် တစ်ဦးတည်းရောက်ရှိသွားလေသည်။ ဟံသာဝတီတပ်များဝန်းရံထားသော်လည်း လက်ရုံးရည်ကောင်းသော မင်းရဲကျော်စွာသည် ဟံသာဝတီတပ်(၄)တပ်အား နိုင်အောင်တိုက်လေသည်။ အချိန်ကြာ၍ စစ်ပန်းသည့်အချိန်ရောက်သောအခါ ရာဇဓိရာဇ်မှထွက်၍ မင်းရဲကျော်စွာအား စီးချင်းထိုးလေသည်။ သို့သော်လည်း ဟံသာဝတီတပ်(၄)တပ်အား နိုင်အောင်တိုက်ခိုက်ထားသော မင်းရဲကျော်စွာသည် လက်ပမ်းကျကာ စီးလာသည့်ဆင်တော်ပေါ်မှ ပြုတ်ကျ၍ ခါးကျိုးလေသည်။
မင်းရဲကျော်စွာအားဖမ်းမိသောအခါ ရာဇဓိရာဇ်သည် ငယ်ရွယ်သူမင်းသားအားမသတ်လိုသဖြင့် ဒဏ်ရာအားကုသပါ ပြီးနောက် သမီးတော်နှင့်လက်ထပ်ပေးမည်ဟုဆိုသော်လည်း မင်းရဲကျော်စွာသည် ဆေးဝါးများအား သုံးဆောင်ခြင်းမပြုဘဲနေသဖြင့် မြန်မာသက္ကရာဇ် ၇၇၆ ခုနှစ် တန်ခူးလဆန်း ၄ ရက်နေ့ အသက်(၂၅)နှစ်အရွယ်တွင် ကွယ်လွန်လေသည်။ မင်းရဲကျော်စွာ၏အလောင်းအား ရာဇဓိရာဇ်မှ ဒလတွင်ကောင်းမွန်စွာသင်္ဂြိုလ်၍ တပ်များဆုတ်ခွာ ခဲ့လေသည်။ ထို့နောက်ဘုရင်မင်းခေါင်လည်း ဒလသို့ချီတက်လာကာ အရိုးပြာအိုးအားတူးဖော်ယူ၍ ပသဝ အရပ်တွင် မြုတ်နှံခဲ့လေသည်။ မင်းရဲကျော်စွာသည် နို့စို့အရွယ်ကပင် ငို၍မည်သို့မျှချော့၍မရသည့်အခါ မိခင်ဖြစ်သူ မိဘုရားရှင်မိနောက်မှ "သားကြီးလာလျှင် အင်းဝတပ်ကိုဦးစီး၍ ဟံသာဝတီအားသိမ်းပိုက်ပါ" ဟုဆိုမှ ရယ်၍အငိုတိတ်သည်အထိ အငြှိုးကြီးမားသူဖြစ်လေသည်။ မင်းရဲကျော်စွာကွယ်လွန်ပြီးနောက် မကျွတ်မလွတ်ပဲ နတ်စိမ်းဖြစ်နေသဖြင့် မြန်မာရိုးရာ (၃၇)မင်းနတ်များစာရင်းတွင် စာရင်းသွင်း၍ ကိုးကွယ်ကြရာ ဒလကိုကြီးကျော်ခေါ် မောင်မင်းဖြူနတ်အဖြစ်သို့ရောက်ရှိလေသည်။
သက်တံ့နောင်(Wizardry Myanmar)
Zawgyi Version
ျမန္မာသကၠရာဇ္ ၇၆၅ ခုႏွစ္တြင္ ရခိုင္ဘုရင္ ေထာရာႀကီးမင္းသည္ အင္းဝေနျပည္ေတာ္၏ ပိုင္နက္မ်ားျဖစ္သည့္ ေယာနယ္၊ ေဆာနယ္မ်ားကိုဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ေလသည္။ ထိုအခ်ိန္သည္ အင္းဝ-ဟံသာဝတီအႏွစ္ (၄၀)စစ္ပြဲႀကီးျဖစ္ပြားေနသည့္အခ်ိန္ျဖစ္သျဖင့္ အင္းဝေနျပည္ေတာ္တြင္ ရခိုင္တပ္မ်ားကိုတိုက္ခိုက္ရေလာက္ေအာက္ ထက္ျမတ္သည့္စစ္သူႀကီးမရွိ။ ထိုအခ်ိန္တြင္ေနာင္တစ္ခ်ိန္တြင္ ျမန္မာ့ရာဇဝင္တြင္ နာမည္ေက်ာ္ပုဂၢိဳလ္တစ္ဦးျဖစ္လာမည့္သူတစ္ဦးေပၚထြက္လာခဲ့သည္။ ၎မွာအင္းဝဘုရင္မင္းေခါင္၏သားေတာ္ အသက္(၁၃)ႏွစ္သာရွိေသးသည့္ မင္းသားငယ္ မင္းရဲေက်ာ္စြာပင္ျဖစ္ေလသည္။
မင္းရဲေက်ာ္စြာဟုဆိုလိုက္လၽွင္ ျမန္မာရာဇဝင္တြင္ သတၱိအလြန္ေကာင္းေသာ ကေလးစစ္ဘုရင္ဟုလူအမ်ားသိၿပီးၾကၿပီးျဖစ္ပါသည္။ မင္းရဲေက်ာ္စြာသည္နယ္နယ္ရရ ပုဂၢိဳလ္မဟုတ္ ဇာတိႆရဉာဏ္ေခၚ ေရွးဘဝကိုျပန္လည္သိရွိနိုင္သည့္ မွတ္ဉာဏ္မ်ိဳးပါရွိသည့္ လူဝင္စားတစ္ဦးပင္ျဖစ္ပါသည္။ ၎သည္ယခင္ဘဝက မြန္ဘုရင္ ရာဇဓိရာဇ္၏သားေတာ္ ေဗာေလာက်န္းေဒါျဖစ္ခဲ့ေသာပုဂၢိဳလ္ျဖစ္ေလသည္။ မြန္မင္းသားဘဝကတည္းပင္ ေဗာေလာက်န္းေဒါမင္းသားသည္ ဓားေရး လွံေရးတို႔ကိုႏွစ္သက္သူျဖစ္သျဖင့္ အရြယ္မေရာက္မီကပင္ ဆင္ျမင္း ဓားလွံတို႔ျဖင့္ေလ့က်င့္ေလသည္။ ထိုအေၾကာင္းကိုရာဇဓိရာဇ္သိရွိေသာအခါ အရြယ္မေရာက္မီကပင္ ဓားလွံကိုင္ေနၿပီ ႀကီးလာလၽွင္ လုပ္ႀကံနိုင္သည္ဟုေတြးကာ သူသတ္သမားလႊတ္၍ သတ္ေစသည္။ ထိုအေၾကာင္းကို ေဗာေလာက်န္းေဒါမင္းသားသိရွိေသာအခါ သူသတ္သမားတို႔အား ေခတၱေတာင္းပန္၍ ကိုယ္တြင္ဝတ္ဆင္ထားသည့္လက္ဝတ္တန္ဆာမ်ားအား ေရႊေမာေဓာဘုရားတြင္လႉ၍ ေနာင္ဘဝတြင္ ရာဇဓိရာဇ္မင္းႏွင့္စီးခ်င္းထိုးလိုေၾကာင္း ဆုေတာင္းၿပီးေနာက္ သူသတ္သမားတို႔၏ သတ္ျခင္းကိုခံရေလသည္။
ထိုဘဝမွကြယ္လြန္ၿပီးေသာအခါ ဘုရင္မင္းေခါင္၏မိဘုရားေခါင္ႀကီး၏ဝမ္းတြင္ဝင္စား၍ မင္းရဲေက်ာ္စြာဟူေသာမင္းသားျဖစ္လာေလသည္။ ရခိုင္ဘုရင္၏တပ္မ်ားအင္းဝနယ္နိမိတ္မ်ားကို ဝင္ေရာက္တိုက္ခိုက္ေသာအခါ မင္းရဲေက်ာ္စြာသည္ တပ္ႀကီး ၁၃ တပ္ကိုဦးစီး၍ခုခံရန္ခ်ီတက္ေလသည္။ အင္းဝတပ္မ်ားခ်ီတက္လာေၾကာင္းၾကားသိေသာအခါ ရခိုင္ဘုရင္သည္ နႏြင္းေတာင္တြင္ခံတပ္ႀကီးဖြဲ႕၍ ေစာင့္ေနေလသည္။ မင္းရဲေက်ာ္စြာသည္ ၎၏တပ္အား စစ္ေၾကာင္းသုံးေၾကာင္းခြဲ၍ ပင္မစစ္ေၾကာင္းတြင္ ၎ကိုယ္တိုက္ဦးစီးကာ ျမင္းသည္ ၃၀၀၀ ၿခံရံ၍ ဆင္စီး၍ ရခိုင္တပ္မ်ားအား အတင္းဝင္ေရာက္တိုက္ခိုက္ေလသည္။ အင္းဝတပ္မ်ား၏အတင္းတိုက္ခိုက္မႈအားမခံနိုင္ေသာေၾကာင့္ ရခိုင္ဘုရင္လည္း ဆင္ေပၚမွျမင္းသို႔ေျပာင္း၍ ဆုတ္ခြာေသာ္လည္း အင္းဝတပ္မ်ား၏လက္ခ်က္ျဖင့္က်ဆုံးေလသည္။
ထိုအေၾကာင္းကိုသိရွိေသာအခါ ဘုရင္မင္းေခါင္သည္ မင္းရဲေက်ာ္စြာအား ျမန္မာသကၠရာဇ္ ၇၆၈ ခုႏွစ္တြင္ ေစာမင္းလွမင္းသမီးႏွင့္လက္ထပ္ေပး၍ သူေကာင္းျပဳထားေလသည္။ ထိုေၾကာင့္ဘုရင္မင္းေခါင္၏ မင္းသိဒၶတ္မွ မေက်မနပ္ျဖစ္၍ ဘုရင္မင္းေခါင္အားပုန္ကန္ၿပီး ရာဇဓိရာဇ္ထံခိုလႈံေလသည္။ ထိုေၾကာင့္မင္းရဲေက်ာ္စြာသည္ ျမန္မာသကၠရာဇ္ ၇၇၂ ခုႏွစ္ အသက္ ၂၀ အရြယ္တြင္ ရာဇဓိရာဇ္အားတိုက္ခိုက္ရန္ ခ်ီတက္လာခဲ့ေလသည္။ ပထမဦးဆုံးေျမာင္းျမကိုတိုက္ခိုက္ရာ ေျမာင္းျမရွိ မြန္သူရဲေကာင္း မဟာသမိန္ဗရမ္းႏွင့္ လဂြန္းအိမ္တို႔၏ေရတပ္ကိုတိုက္ခိုက္၍ မနိုင္ပဲျဖစ္ေနေလသည္။ ထိုအခ်ိန္တြင္ သိႏၷီေစာ္ဘြားပုန္ကန္ျပန္သျဖင့္ မင္းရဲေက်ာ္စြာသည္ ဟံသာဝတီစစ္ေျမျပင္မွ ရွမ္းစစ္ေျမျပင္သို႔ခ်ီတက္ရျပန္သည္။ ထိုအေၾကာင္ကို ရာဇဓိရာဇ္သိေသာအခါ ျပည္ၿမိဳ႕ကိုတိုက္ခိုက္သိမ္းပိုက္လိုက္ေလသည္။ ျမန္မာသကၠရာဇ္ ၇၇၄ ခုႏွစ္တြင္ သိႏၷီေစာ္ဘြားအားအနိုင္ရရွိခဲ့ၿပီးေနာက္ ဟံသာဝတီသို႔ထပ္မံခ်ီတက္ရျပန္သည္။ ထိုအခ်ိန္တြင္ ေရးၿမိဳကို ယိုးဒယားတို႔လာေရာက္တိုက္ခိုက္သျဖင့္ ရာဇဓိရာဇ္သည္ ေရးၿမိဳ႕တြင္ခုခံရန္အိမ္ေရွ႕မင္းသားအားေစလႊတ္ကာ ကိုယ္တိုင္ကမူ မုတၱမခံတပ္တြင္ တပ္စြဲေနေလသည္။
ျပည္ၿမိဳ႕ရွိမြန္တပ္မ်ားအား အင္းဝတပ္မ်ားက တိုက္ခိုက္ေၾကာင္း ရာဇဓိရာဇ္သိရွိေၾကာင္းအခါ ျပည္ၿမိဳ႕သို႔ ထပ္မံခ်ီတက္လာျပန္ေလသည္။ ထိုတစ္ႀကိမ္တြင္မူ အင္းဝတပ္မ်ားဘက္မွ ဘုရင္မင္းေခါင္က ေရေၾကာင္း၊ မင္းရဲေက်ာ္စြာက ၾကည္းေၾကာင္းျဖင့္ႏွစ္ဖက္ညႇပ္၍တိုက္ခိုက္ရာ ဟံသာဝတီနာမည္ေက်ာ္သူရဲေကာင္း လဂြန္းအိမ္က်ဆုံးေလသည္။ ထိုတိုက္ပြဲတြင္ေအာင္ျမင္ခဲ့ၿပီးေနာက္ ရာဇဓိရာဇ္သည္ မုတၱမခံတပ္သို႔ဆုတ္ခြာခဲ့ၿပီးေနာက္ မင္းရဲေက်ာ္စြာသည္ ဒလၿမိဳ႕တြင္ တပ္စြဲထားေလသည္။
ထို႔ေနာက္ ရာဇဓိရာဇ္သည္ အင္အားျပန္လည္စုဖြဲ႕၍ ဒလသို႔ခ်ီတက္လာၿပီး မင္းရဲေက်ာ္စြာအား စီးခ်င္းထိုးရန္ စိန္ေခၚေလသည္။ မင္းရဲေက်ာ္စြာအား ဇာတာမသန႔္သျဖင့္ စီးခ်င္းထိုးခ်င္းကို လက္မခံရန္ ပုဏၰတို႔ေျပာေသာေၾကာင့္ အေၾကာင္းမျပန္ပဲရွိေလရာ ရာဇဓိရာဇ္သည္ ငယ္ရြယ္ေသာ မင္းရဲေက်ာ္စြာအား ေဒါသထြက္ေစရန္ ပရိယာယ္ျဖင့္ ၎၏ညာလက္႐ုံးစစ္သူႀကီး အမတ္ဒိန္အား ဆင္တပ္ျမင္းတပ္အနည္းငယ္ကိုဦးစီး၍ မင္းရဲေက်ာ္စြာ၏ တပ္အနီးတြင္စခန္းခ်ခါ အင္းဝတပ္မ်ားအား စိန္ေခၚေစေလသည္။ ထိုအခ်ိန္တြင္ မင္းရဲေက်ာ္စြာသည္ အရက္မူးေနသည့္အခ်ိန္ျဖစ္သျဖင့္ ရွည္ရွည္ေဝးေဝးစဥ္းစားမေနေတာ့ပဲ မြန္တပ္မ်ားအား တိုက္ခိုက္ေလသည္။ တိုက္ပြဲစသည္ႏွင့္ မြန္တပ္မ်ားမွ ထြက္ေျပးဟန္ပရိယာယ္ျပဳ၍ ေနာက္သို႔ဆုတ္သည္ကို မင္းရဲေက်ာ္စြာက မြန္မ်ားေနာက္ျပန္ဆုတ္ေျပးသည္အထင္ႏွင့္ အတင္းလိုက္၍တိုက္ခိုက္ေလသည္။ ထိုအခ်ိန္တြင္ ေျမဒူးၿမိဳစားစီးေသာ ဗကမတ္ဆင္သည္ မုန္ယို၍ အင္းဝတပ္အား အတင္းျပန္လည္တိုက္ခိုက္ရာ အင္းဝတပ္မ်ားဖရိုဖရဲျဖစ္ေလသည္။ ထိုအခ်ိန္တြင္ အရက္မူးေနေသာ မင္းရဲေက်ာ္စြာသည္ အင္းဝတပ္မ်ားႏွင့္ကြဲ၍ ဟံသာဝတီတပ္အလယ္ တစ္ဦးတည္းေရာက္ရွိသြားေလသည္။ ဟံသာဝတီတပ္မ်ားဝန္းရံထားေသာ္လည္း လက္႐ုံးရည္ေကာင္းေသာ မင္းရဲေက်ာ္စြာသည္ ဟံသာဝတီတပ္(၄)တပ္အား နိုင္ေအာင္တိုက္ေလသည္။ အခ်ိန္ၾကာ၍ စစ္ပန္းသည့္အခ်ိန္ေရာက္ေသာအခါ ရာဇဓိရာဇ္မွထြက္၍ မင္းရဲေက်ာ္စြာအား စီးခ်င္းထိုးေလသည္။ သို႔ေသာ္လည္း ဟံသာဝတီတပ္(၄)တပ္အား နိုင္ေအာင္တိုက္ခိုက္ထားေသာ မင္းရဲေက်ာ္စြာသည္ လက္ပမ္းက်ကာ စီးလာသည့္ဆင္ေတာ္ေပၚမွ ျပဳတ္က်၍ ခါးက်ိဳးေလသည္။
မင္းရဲေက်ာ္စြာအားဖမ္းမိေသာအခါ ရာဇဓိရာဇ္သည္ ငယ္ရြယ္သူမင္းသားအားမသတ္လိုသျဖင့္ ဒဏ္ရာအားကုသပါ ၿပီးေနာက္ သမီးေတာ္ႏွင့္လက္ထပ္ေပးမည္ဟုဆိုေသာ္လည္း မင္းရဲေက်ာ္စြာသည္ ေဆးဝါးမ်ားအား သုံးေဆာင္ျခင္းမျပဳဘဲေနသျဖင့္ ျမန္မာသကၠရာဇ္ ၇၇၆ ခုႏွစ္ တန္ခူးလဆန္း ၄ ရက္ေန႔ အသက္(၂၅)ႏွစ္အရြယ္တြင္ ကြယ္လြန္ေလသည္။ မင္းရဲေက်ာ္စြာ၏အေလာင္းအား ရာဇဓိရာဇ္မွ ဒလတြင္ေကာင္းမြန္စြာသၿဂႋဳလ္၍ တပ္မ်ားဆုတ္ခြာ ခဲ့ေလသည္။ ထို႔ေနာက္ဘုရင္မင္းေခါင္လည္း ဒလသို႔ခ်ီတက္လာကာ အရိုးျပာအိုးအားတူးေဖာ္ယူ၍ ပသဝ အရပ္တြင္ ျမဳတ္ႏွံခဲ့ေလသည္။ မင္းရဲေက်ာ္စြာသည္ နို႔စို႔အရြယ္ကပင္ ငို၍မည္သို႔မၽွေခ်ာ့၍မရသည့္အခါ မိခင္ျဖစ္သူ မိဘုရားရွင္မိေနာက္မွ "သားႀကီးလာလၽွင္ အင္းဝတပ္ကိုဦးစီး၍ ဟံသာဝတီအားသိမ္းပိုက္ပါ" ဟုဆိုမွ ရယ္၍အငိုတိတ္သည္အထိ အျငႇိုးႀကီးမားသူျဖစ္ေလသည္။ မင္းရဲေက်ာ္စြာကြယ္လြန္ၿပီးေနာက္ မကၽြတ္မလြတ္ပဲ နတ္စိမ္းျဖစ္ေနသျဖင့္ ျမန္မာရိုးရာ (၃၇)မင္းနတ္မ်ားစာရင္းတြင္ စာရင္းသြင္း၍ ကိုးကြယ္ၾကရာ ဒလကိုႀကီးေက်ာ္ေခၚ ေမာင္မင္းျဖဴနတ္အျဖစ္သို႔ေရာက္ရွိေလသည္။
သက္တံ့ေနာင္(Wizardry Myanmar)