Unicode Version ဦးပိန်တံတားဟုနာမည်ကျော်သည့် ကမ္ဘာ့အရှည်ဆုံးကျွန်းတံတားကြီးကို မြန်မာသက္ကရာဇ် ၁၀၂၉ ခုနှစ်ခရစ်နှစ် ၁၈၄၉ ခုနှစ်တွင် မြို့ဝန်ဘို...
Unicode Version
ဦးပိန်တံတားဟုနာမည်ကျော်သည့် ကမ္ဘာ့အရှည်ဆုံးကျွန်းတံတားကြီးကို မြန်မာသက္ကရာဇ် ၁၀၂၉ ခုနှစ်ခရစ်နှစ် ၁၈၄၉ ခုနှစ်တွင် မြို့ဝန်ဘိုင်ဆပ်နှင့် မြို့ဝန်စာရေးမောင်ပိန်တို့မှ ဦးစီး၍တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။ အဆိုပါတံတားကြီးသည် အရှည်ပေ (၄၀၀၀)နီးပါးရှည်၍ ကမ္ဘာစံချိန်တင် အရှည်ဆုံးကျွန်းတံတားကြီးအဖြစ် ယနေ့ မြန်မာတို့ဂုဏ်ယူရသော သမိုင်းအမွေအနှစ်တစ်ခုလည်းဖြစ်ပါသည်။
အဆိုပါကျွန်းတံတားကြီးကို ပုဂံမင်းလက်ထက်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ပုဂံမင်းသည် မြန်မာရာဇဝင်တွင် တိုင်းရေးပြည်ရေးကိုစိတ်ဝင်စားမှုမရှိ၊ လောင်းကစားဝိုင်း၊ ကြက်ဝိုင်း၊ အရက်ဝိုင်းတွင်သာ အချိန်ကုန်နေတတ်သူဖြစ်၍ တိုင်းရေးပြည်ရေးအားလုံးကို လွှတ်တော်သို့လွှဲအပ်ထားပြီး ၎င်းမှလောကီစည်းစိမ်ကိုသာအပြည့်အဝခံစား၍နေထိုင်သူဖြစ်ပါသည်။ ၎င်းမင်းလက်ထက်တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကြီးဖြစ်ပွားခဲ့ပြီး အောက်မြန်မာနိုင်ငံကိုလုံးဝစွန့်လွှတ်လိုက်ရပါသည်။
လောင်းကစားဝါသနာပါသောထိုပုဂံမင်းလက်ထက်တွင် အိမ်တော်ပါငယ်ကျွန်ဖြစ်သည့် ကုလားဘိုင်ဆပ်သည် ပုဂံမင်း မင်းမဖြစ်ခင်ကတည်းကပင်အနီးကပ်နေထိုင်သူဖြစ်၍ မင်းအလိုကိုသိရှိသောကြောင့် အမျိုးမျိုးသောလောင်းကစားပွဲများ၊ ထူးထူးဆန်းဆန်းများကိုအစဉ်အမြဲဖန်တီးပေးတတ်သူဖြစ်သဖြင့်ဘုရင် ၏ ယုံကြည်ခြင်းကိုအထူးရရှိကာ ပုဂံမင်းမှ မင်းနေပြည်တော်အမရပူရမြို့ဝန်ကြီးအဖြစ်ရာထူးပေးခြင်း ခံခဲ့ရသူဖြစ်ပါသည်။ ထိုအချိန်တွင် ဦးပိန်တံတားကြီး၏ပဲ့ကိုင်ရှင်မောင်ပိန်မှာ မြို့ဝန်စာရေးဖြစ်ပါသည်။
မြို့ဝန်ဘိုင်ဆပ်နှင့်မြို့ဝန်စာရေး မောင်ပိန်တို့မှာ မင်းတရားကြီး၏အထူးယုံကြည်ကိုးစားခြင်းကိုခံရသူများ ဖြစ်သဖြင့် နန်းမြို့ပေါ်တွင်ထင်တိုင်းကြဲနေကြည်တော့လေသည်။ တစ်နေ့တွင် မြို့ဝန်ဘိုင်ဆပ်နှင့် မောင်ပိန်တို့သည် အင်းဝရွှေနန်းတော်ဟောင်းကြီးမှ ကျွန်းတိုင်ကြီးများအားမျက်စိကျကာ တောင်သမန်အင်းကြီးကို ဟိုဖက်ဒီဖက်တံတားကြီးထိုးရန် အကြံရသဖြင့် ပုဂံမင်းထံလျှောက်ထား၍ နောင်တစ်ချိန်တွင် ဦးပိန်တံတားဟုနာမည်တွင်တော့မည့် ကမ္ဘာကျော်တံတားကြီးကို မြန်မာသက္ကရာဇ်၁၂၀၉ ခုနှစ် ခရစ်နှစ် ၁၈၄၉ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပါသည်။ အဆိုပါတံတားကြီးကိုတည်ဆောက်ရန်အတွက် စာရေးမောင်ပိန်သည် အင်းဝရွှေနန်တော်ဟောင်းကြီးအားဖျက်ကာ၎င်းမှရရှိသောသစ်များဖြင့် ဦးပိန်တံတားကြီးကို တည်ဆောက်ခဲ့ပြီး ၁၈၅၁ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။
တံတားကြီးပြီးစီးသွားပြီးနောက် နန်းတော်ဟောင်းမှပိုသော ကျွန်းသစ်တိုင်ကြီးများကိုအသုံးချကာ မြို့ဝန်စာရေးမောင်ပိန်မှသည် သူဌေးကြီးဦးပိန်ဘဝသို့ရောက်ရှိသွားလေတော့သည်။ ထို့နောက်မြို့ဝန်ဘိုင်ဆပ်နှင့် စာရေးဦးပိန်တို့သည် ပုဂံမင်းမှမြှောက်စားသည့်အလျှောက် မင်းတရားကြီးအားဆက်သရန် မြေအောက်သတ္တဝါများ အားရှာဖွေဆက်သမည်ဟုလျှောက်ထားသည်ကိုလည်း ပုဂံမင်းမှခွင့်ပြုသဖြင့် ရွှေမြို့တော်အတွင်းရှိ သူဌေးကြီးများ မင်းမှုထမ်းကြီးများတို့၏အိမ်ခြံဝင်းအတွင်း မြေအောက်ကောင်များရှာဖွေခြင်းကိုအကြောင်းပြကာ တူးဆွရှာဖွေ၍ မြှုတ်နှံထားသည့်ရတနာများအား သိမ်းပိုက်ကြပြန်သည်။
နန်းတော်မှာအာဏာကြီးလာသည့်မြို့ဝန်ဆရာတပည့်ရဲ့သောင်းကျန်းမှုသတင်းများသည် ပုဂံမင်းဆီကိုတဖြည်းဖြည်းချင်းရောက်ရှိသွားပြီး ၎င်းအချိန်တွင် မြို့ဝန်ဆရာတပည့်သည် မင်းတရားကြီး၏မိဖုရားများနေထိုင်သည့်အနောက်ဆောင်(မည်သည့်ယောက်ျားမှဝင်ခွင့်မရှိသောအဆောင်)အား အတင်းဝင်ရောက်ခဲ့သည့် ပြဿနာပေါ်ပေါက်လာသဖြင့် ပုဂံမင်းလည်း မြို့ဝန်ဘိုင်ဆပ်နှင့် စာရေးမောင်ပိန်တို့အား ရာထူးမှချကာ တံကျဉ်ထိုး(တံကျဉ်ဟုခေါ်သည့် စို့ကြီးအား စအိုမှ ပါးစပ်အထိ (၇)ရက်ကြာအောင်ဖြည်းဖြည်းချင်းထိုးသွင်းရသည့် ရှေးရာဇဝတ်သားကြီးများအား သတ်သည့်နည်း)သတ်စေရန် အမိန့်ချ၍ ကွပ်မျက်လိုက်ပါသည်။
မည်သို့ပင်ဆိုစေကာမူ မြို့ဝန်ဘိုင်ဆပ်နှင့်မြို့ဝန်စာရေးဦးပိန်တို့ကြောင့်ပင် ယနေ့မြန်မာနိုင်ငံတွင် ကမ္ဘာအမွေအနှစ်စာရင်းဝင် ရွှေနန်းတော်တိုင်များဖြင့် တည်ဆောက်ထားသည့်ကမ္ဘာအရှည်ဆုံးကျွန်းသစ်တံတားကြီးကို ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်ပါသည်။
သက်တံ့နောင်(Wizardry Myanmar)
Zawgyi Version
ဦးပိန္တံတားဟုနာမည္ေက်ာ္သည့္ ကမၻာ့အရွည္ဆုံးကၽြန္းတံတားႀကီးကို ျမန္မာသကၠရာဇ္ ၁၀၂၉ ခုႏွစ္ခရစ္ႏွစ္ ၁၈၄၉ ခုႏွစ္တြင္ ၿမိဳ႕ဝန္ဘိုင္ဆပ္ႏွင့္ ၿမိဳ႕ဝန္စာေရးေမာင္ပိန္တို႔မွ ဦးစီး၍တည္ေဆာက္ခဲ့ၾကျခင္းျဖစ္ပါသည္။ အဆိုပါတံတားႀကီးသည္ အရွည္ေပ (၄၀၀၀)နီးပါးရွည္၍ ကမၻာစံခ်ိန္တင္ အရွည္ဆုံးကၽြန္းတံတားႀကီးအျဖစ္ ယေန႔ ျမန္မာတို႔ဂုဏ္ယူရေသာ သမိုင္းအေမြအႏွစ္တစ္ခုလည္းျဖစ္ပါသည္။
အဆိုပါကၽြန္းတံတားႀကီးကို ပုဂံမင္းလက္ထက္တြင္တည္ေဆာက္ခဲ့ျခင္းျဖစ္ပါသည္။ ပုဂံမင္းသည္ ျမန္မာရာဇဝင္တြင္ တိုင္းေရးျပည္ေရးကိုစိတ္ဝင္စားမႈမရွိ၊ ေလာင္းကစားဝိုင္း၊ ၾကက္ဝိုင္း၊ အရက္ဝိုင္းတြင္သာ အခ်ိန္ကုန္ေနတတ္သူျဖစ္၍ တိုင္းေရးျပည္ေရးအားလုံးကို လႊတ္ေတာ္သို႔လႊဲအပ္ထားၿပီး ၎မွေလာကီစည္းစိမ္ကိုသာအျပည့္အဝခံစား၍ေနထိုင္သူျဖစ္ပါသည္။ ၎မင္းလက္ထက္တြင္ ဒုတိယအဂၤလိပ္-ျမန္မာစစ္ပြဲႀကီးျဖစ္ပြားခဲ့ၿပီး ေအာက္ျမန္မာနိုင္ငံကိုလုံးဝစြန႔္လႊတ္လိုက္ရပါသည္။
ေလာင္းကစားဝါသနာပါေသာထိုပုဂံမင္းလက္ထက္တြင္ အိမ္ေတာ္ပါငယ္ကၽြန္ျဖစ္သည့္ ကုလားဘိုင္ဆပ္သည္ ပုဂံမင္း မင္းမျဖစ္ခင္ကတည္းကပင္အနီးကပ္ေနထိုင္သူျဖစ္၍ မင္းအလိုကိုသိရွိေသာေၾကာင့္ အမ်ိဳးမ်ိဳးေသာေလာင္းကစားပြဲမ်ား၊ ထူးထူးဆန္းဆန္းမ်ားကိုအစဥ္အျမဲဖန္တီးေပးတတ္သူျဖစ္သျဖင့္ဘုရင္ ၏ ယုံၾကည္ျခင္းကိုအထူးရရွိကာ ပုဂံမင္းမွ မင္းေနျပည္ေတာ္အမရပူရၿမိဳ႕ဝန္ႀကီးအျဖစ္ရာထူးေပးျခင္း ခံခဲ့ရသူျဖစ္ပါသည္။ ထိုအခ်ိန္တြင္ ဦးပိန္တံတားႀကီး၏ပဲ့ကိုင္ရွင္ေမာင္ပိန္မွာ ၿမိဳ႕ဝန္စာေရးျဖစ္ပါသည္။
ၿမိဳ႕ဝန္ဘိုင္ဆပ္ႏွင့္ၿမိဳ႕ဝန္စာေရး ေမာင္ပိန္တို႔မွာ မင္းတရားႀကီး၏အထူးယုံၾကည္ကိုးစားျခင္းကိုခံရသူမ်ား ျဖစ္သျဖင့္ နန္းၿမိဳ႕ေပၚတြင္ထင္တိုင္းၾကဲေနၾကည္ေတာ့ေလသည္။ တစ္ေန႔တြင္ ၿမိဳ႕ဝန္ဘိုင္ဆပ္ႏွင့္ ေမာင္ပိန္တို႔သည္ အင္းဝေရႊနန္းေတာ္ေဟာင္းႀကီးမွ ကၽြန္းတိုင္ႀကီးမ်ားအားမ်က္စိက်ကာ ေတာင္သမန္အင္းႀကီးကို ဟိုဖက္ဒီဖက္တံတားႀကီးထိုးရန္ အႀကံရသျဖင့္ ပုဂံမင္းထံေလၽွာက္ထား၍ ေနာင္တစ္ခ်ိန္တြင္ ဦးပိန္တံတားဟုနာမည္တြင္ေတာ့မည့္ ကမၻာေက်ာ္တံတားႀကီးကို ျမန္မာသကၠရာဇ္၁၂၀၉ ခုႏွစ္ ခရစ္ႏွစ္ ၁၈၄၉ ခုႏွစ္တြင္စတင္တည္ေဆာက္ခဲ့ပါသည္။ အဆိုပါတံတားႀကီးကိုတည္ေဆာက္ရန္အတြက္ စာေရးေမာင္ပိန္သည္ အင္းဝေရႊနန္ေတာ္ေဟာင္းႀကီးအားဖ်က္ကာ၎မွရရွိေသာသစ္မ်ားျဖင့္ ဦးပိန္တံတားႀကီးကို တည္ေဆာက္ခဲ့ၿပီး ၁၈၅၁ ခုႏွစ္တြင္ ၿပီးစီးခဲ့ပါသည္။
တံတားႀကီးၿပီးစီးသြားၿပီးေနာက္ နန္းေတာ္ေဟာင္းမွပိုေသာ ကၽြန္းသစ္တိုင္ႀကီးမ်ားကိုအသုံးခ်ကာ ၿမိဳ႕ဝန္စာေရးေမာင္ပိန္မွသည္ သူေဌးႀကီးဦးပိန္ဘဝသို႔ေရာက္ရွိသြားေလေတာ့သည္။ ထို႔ေနာက္ၿမိဳ႕ဝန္ဘိုင္ဆပ္ႏွင့္ စာေရးဦးပိန္တို႔သည္ ပုဂံမင္းမွေျမႇာက္စားသည့္အေလၽွာက္ မင္းတရားႀကီးအားဆက္သရန္ ေျမေအာက္သတၱဝါမ်ား အားရွာေဖြဆက္သမည္ဟုေလၽွာက္ထားသည္ကိုလည္း ပုဂံမင္းမွခြင့္ျပဳသျဖင့္ ေရႊၿမိဳ႕ေတာ္အတြင္းရွိ သူေဌးႀကီးမ်ား မင္းမႈထမ္းႀကီးမ်ားတို႔၏အိမ္ၿခံဝင္းအတြင္း ေျမေအာက္ေကာင္မ်ားရွာေဖြျခင္းကိုအေၾကာင္းျပကာ တူးဆြရွာေဖြ၍ ျမႇုတ္ႏွံထားသည့္ရတနာမ်ားအား သိမ္းပိုက္ၾကျပန္သည္။
နန္းေတာ္မွာအာဏာႀကီးလာသည့္ၿမိဳ႕ဝန္ဆရာတပည့္ရဲ့ေသာင္းက်န္းမႈသတင္းမ်ားသည္ ပုဂံမင္းဆီကိုတျဖည္းျဖည္းခ်င္းေရာက္ရွိသြားၿပီး ၎အခ်ိန္တြင္ ၿမိဳ႕ဝန္ဆရာတပည့္သည္ မင္းတရားႀကီး၏မိဖုရားမ်ားေနထိုင္သည့္အေနာက္ေဆာင္(မည္သည့္ေယာက္်ားမွဝင္ခြင့္မရွိေသာအေဆာင္)အား အတင္းဝင္ေရာက္ခဲ့သည့္ ျပႆနာေပၚေပါက္လာသျဖင့္ ပုဂံမင္းလည္း ၿမိဳ႕ဝန္ဘိုင္ဆပ္ႏွင့္ စာေရးေမာင္ပိန္တို႔အား ရာထူးမွခ်ကာ တံက်ဥ္ထိုး(တံက်ဥ္ဟုေခၚသည့္ စို႔ႀကီးအား စအိုမွ ပါးစပ္အထိ (၇)ရက္ၾကာေအာင္ျဖည္းျဖည္းခ်င္းထိုးသြင္းရသည့္ ေရွးရာဇဝတ္သားႀကီးမ်ားအား သတ္သည့္နည္း)သတ္ေစရန္ အမိန႔္ခ်၍ ကြပ္မ်က္လိုက္ပါသည္။
မည္သို႔ပင္ဆိုေစကာမူ ၿမိဳ႕ဝန္ဘိုင္ဆပ္ႏွင့္ၿမိဳ႕ဝန္စာေရးဦးပိန္တို႔ေၾကာင့္ပင္ ယေန႔ျမန္မာနိုင္ငံတြင္ ကမၻာအေမြအႏွစ္စာရင္းဝင္ ေရႊနန္းေတာ္တိုင္မ်ားျဖင့္ တည္ေဆာက္ထားသည့္ကမၻာအရွည္ဆုံးကၽြန္းသစ္တံတားႀကီးကို ပိုင္ဆိုင္ခဲ့ရျခင္းျဖစ္ပါသည္။
သက္တံ့ေနာင္(Wizardry Myanmar)