Page Nav

HIDE

Breaking News:

latest

Ads Place

နှစ်ပေါင်းတစ်ထောင်ကြာအောင်ခိုင်ခံ့နိုင်တယ်လို့ ကြွေးကျော်ခဲ့ပေမဲ့ နှစ် ၅၀ မပြည်ခင်ပြိုကျခဲ့ရတဲ့ တရုတ်နိုင်ငံက ကမ္ဘာကျော်ဆည်ကြီး

              မနှစ်မြုတ်နိုင်တဲ့သင်္ဘောကြီးရယ်လို့ တည်ဆောက်သူတွေတင်စားခဲ့ကြတဲ့ တိုက်တန်းနစ် သင်္ဘောကြီးအကြောင်းကို စာဖတ်သူတို့အားလုံးသိရ...

 


 

          မနှစ်မြုတ်နိုင်တဲ့သင်္ဘောကြီးရယ်လို့ တည်ဆောက်သူတွေတင်စားခဲ့ကြတဲ့ တိုက်တန်းနစ် သင်္ဘောကြီးအကြောင်းကို စာဖတ်သူတို့အားလုံးသိရှိပြီးသားဖြစ်မှာပါ ဒါပေမဲ့လည်း မနစ်မြုတ်နိုင်ဘူး ဆိုတဲ့သင်္ဘောကြီးတိုက်တန်းနစ်ဟာ သူရဲ့ပထမဆုံးခရစ်စဉ်မှာပဲ နစ်မြုတ်ခဲ့ရပါတယ်။ ဒီလိုပဲ ကမ္ဘာပေါ်မှာ တည်ဆောက်သူတွေရဲ့ကြွားလုံးနဲ့ လက်တွေကျတော့ မဟာအရှက်တော်ကွဲခဲ့ရတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုလည်းရှိပါသေးတယ်။ အဲ့ဒါကတော့တရုတ်ပြည်က နှစ်တစ်ထောင်ဆည်ကြီး ပြိုကျမှု့ပါပဲ။

          ၁၉၄၉ ခုနှစ်မှာ အာဏာရလာတဲ့ဥက္ကဌကြီးမော်စီတုန်းရဲ့ ကွန်မြူနစ်ပါတီဟာ စိုက်ပျိုးရေး ကိုအဓိကထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံတစ်ဝှမ်းရေအလုံအလောက်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ဥက္ဌကြီးမော်အစိုးရအဖွဲ့ရဲ့ ရေရရှိမှု့စီမံချက်တစ်စိတ်တစ်ပိုင်းကတော့ နိုင်ငံအဝှက်ဆည်တွေ အမြောက်အများတည်ဆောက်ဖို့ဖြစ်ပြီး နစ်အနည်းငယ်အတွင်းမှာ ဆည်ရေကာတာပေါင်း 100 လောက်ကိုတည်ဆောက်ဖို့ စီမံချက်ရေးဆွဲထားကြပါတယ်။

          တရုတ်အစိုးရရဲ့ရေကာတာစီမံကိန်းကို လူအများကသဘောကြနှစ်သက်ခဲ့ကြပေမဲ့လည်း အဲ့ဒိအချိန်က တရုတ်နိုင်ငံရဲ့ထိပ်တန်းမိုးလေဝသပညာရှင်ကြီး ချန်းရှီကတော့ ဆည်တွေကြောင့် ဖြစ်လာမဲ့ဆိုးကျိုးကိုထိပ်လန့်ကြောက်ရွံ့နေခဲ့ပါတယ်။ အဲ့ဒိအချိန်မှာတရုတ်ပြည်ရဲ့အကြီး ဆုံးဆည်ကြီးဖြစ်လာမဲ့ Banqiao ဆည်ကြီးကိုတရုတ်အစိုးရက စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာတော့ ဆည်ကြီးအပြီးသတ်နိုင်ခဲ့ပြီး တရုတ်တည်ဆောက်ရေးပညာရှင်တွေ ကတော့  နှစ်ပေါင်း ၁၀၀၀ ကြာအောင်ခိုင်ခံ့မဲ့သံမဏိတာတမံကြီးအဖြစ် ကြွားလုံးထုတ်ခဲ့ကြပါတယ်။

Banqiao ဆည်ဟာ  သူ့ရဲ့နာမည်ဂုဏ်ဒြွပ်တွေနဲ့လိုက်ဖက်စွာ ရေဂါလံပေါင်း ၁၅၈ ဘီလီယံကို သိုလှောင်ထားနိုင်ပြီး ဒီပမာဏဟာ အိုလံပစ်အားကစား ရေကူးကန်ပေါင်း ၂၄၀,၀၀၀ ကို ရေဖြည့်ပေးနိုင်လောက်အောင်များတဲ့ ပမာဏပဲဖြစ်ပါ တယ်။  ဒါပေမဲ့ဒီဆည်မှာ အားနည်းချက်တွေ ရှိနေပါတယ်။ ဒီအားနည်းချက်ကိုမြင်တဲ့သူကတော့ တရုတ်မိုးလေဝသပညာရှင်ကြီး ချန်းရှိ ပဲဖြစ်ပါတယ်။ Banqiao ဆည်ကိုတည်ဆောက်ခဲ့တဲ့သူတွေဟာ အတွေ့အကြုံအားဖြင့် နုနယ်ပြီး အဂတိလိုက်စားတတ်တဲ့အာဏာရှင်အစိုးရတို့ရဲ့ ထုံးစံအတိုင်း နီးစပ်ရာကိုလက်သိပ်ထိုး တည်ဆောက်ခွင့်ပေးတတ်တဲ့ထုံးစံကြောင့် ကျွမ်းကျင်မှု့အားနည်းတဲ့အင်ဂျင်နီယာတွေက ဦးစီး တည်ဆောက်ခဲ့ကြပါတယ်။

ဆည်ကြီးတည်ဆောက်နေတဲ့အချိန်အတွင်းမှာ ချန်းက ရေပိုလွှဲပေါက်ကို ၁၂ ပေါက်အထိထားသင့်ကြောင်း ဒါမှသာလျှင်ရာသီဥတုဖောက်ပြန်ပြီး မိုးများတဲ့နှစ်တွေမှာ ဆည်အတွင်းကရေပိုတွေကို အချိန်မီစွန့်ထုတ်နိုင်မှာဖြစ်ပြီး ဆည်ရဲ့ခံနိုင်ဝန်အားကို ထိန်းနိုင်မှာဖြစ်ကြောင်း သတိပေးခဲ့ပေမဲ့ တရုတ်အစိုးရအပါအဝင် တခြားဘယ်သူကမှ ဂရုစိုက်ခဲ့ခြင်း မရှိခဲ့တဲ့အပြင် လက်ယာဝါဒယိမ်း အချောင်သမားအဖြစ်စွပ်စွဲကြပြီး သူ့ရဲ့အလုပ်ကိုပါ ထိပါးအောင်တရုတ်အစိုးရကဖိအားပေး နှိပ်ကွပ်ခဲ့ပြီး ချန်းရဲ့သတိပေးချက်ကိုလှစ်လျှူရှု့ကာ ဆည်ရေပိုလွှဲကို ၅ပေါက်သာတပ်ဆင်ထားခဲ့ပါတယ်။

တည်ဆောက်စဉ်ကတည်းက ကျွမ်းကျင်မှု့အားနည်းတဲ့သူတွေရဲ့လက်ချက်ကြောင့် ကြံ့ခိုင်မှု့အားနည်းတဲ့ဆည်ကြီးရဲ့ ရေပိုလွှဲပေါက်တွေဟာ ဆည်တည်ဆောက်ပြီးမကြာခင်မှာပဲ အက်ကြောင်းတွေလိုက်လာပါတော့တယ်။ ဒါကြောင့်တရုတ်အစိုးရက ဆိုဗီယက်ရုရှားရဲ့အကူအညီနဲ့ ဆည်ကြီးကိုပြန်လည်ပြုပြင်ခဲ့ပေမဲ့လည်း နှစ်စဉ်ပြုလုပ်သင့်တဲ့ ပြုပြင်ထိန်းသိမ်းမှု့လုပ်ငန်းစဉ် တွေကိုတော့ လှစ်လှူရှုခဲ့ကြပြန်ပါတယ်။

ဒီလိုနဲ့ကံဆိုးမှု့တွေကျရောက်လာမဲ့ ၁၉၇၅ ခုနှစ်ကိုရောက်ရှိလာခဲ့ပါပြီ။ ဒီနှစ်မှာတော့ ပညာရှင်ကြီး ချန်းကြိုတင်တွက်ဆမဲ့ထားခဲ့သလိုပဲဆိုးဝါးတဲ့ရာသီဥတုဖောက်ပြန်မှု့ကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ နှစ်ပေါင်း ၂၀၀၀ အတွင်း အပြင်းထန်ဆုံးလေမုန်းတိုင်းကြီးဖြစ်တဲ့ တိုက်ဖုန်းမုန်တိုင် နီနာဟာ ဖိလစ်ပိုင်ပင်လယ်ပြင်ကိုဗဟိုပြုပြီး တစ်နာရီကို ၂၅၅ ကီလိုမီတာ လေတိုက်နှုန်းနဲ့အပြင်း အထန်တိုက်ခတ်ပါတော့တယ်။ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်ပင်လယ်ပြင်မှာ တင်ရပ်တံ့မသွားပဲ တရုတ်နိုင်ငံအလယ်ပိုင်း ကုန်းတွင်းဒေသအတွင်း ဝင်ရောက်တိုက်ခတ်တဲ့အခါ ကုန်းမြေကိုမုန်တိုင်း ဝင်ရောက်တဲ့ ၅ ရက်အတွင်း မိုးရေအချိန်လက်မပေါင်း ၅၅ လက်မအထိ မိုးရွာသွန်းခဲ့ပါတယ်။  ၁၉၅၇ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ကတည်းကမုန်တိုင်းတိုက်ခတ်မှု့ ဒဏ်ကိုခံနေရပေမဲ့ ဆည်ရဲ့ခံနိင်ဝန်ကိုယုံကြည်ထားတဲ့ မောရဲ့အစိုးရအဖွဲ့ဟာ ဆည်ရေပိုလွှဲ တံခါးတွေကို ချက်ချင်းမဖွင့်ချလိုက်ကြပဲ ဆည်ကြီးဟာမုန်တိုင်းဒဏ်ကိုခံနိုင်ရည်ရှိကြောင်း ယခုအချိန် ဆည်ကိုဖွင့်ချလိုက်ရင် ရေကြီးရေလျံမှု့တွေဖြစ်လာမှာဖြစ်တယ်လို့ ပြည်သူလူထုကို သတင်းချပြခဲ့ပါတယ်။

ဒါပေမဲ့ မုန်တိုင်းအကြီးအကျယ်တိုက်ခတ်နေတဲ့အချိန်မှာတော့ ဆည်ကြီးရဲ့ရေထိန်းတံခါးတွေ ကို ချက်ချင်းဆိုသလို ဖွင့်ချလိုက်ရမှာဆိုပေမဲ့ ဆက်သွယ်ရေးလိုင်းတွေ ရုတ်တရက်ပျက်တောက်သွား တာကြောင့် တာဝန်ခံအင်ဂျင်နီယာတွေဟာ အစိုးရရဲ့အမိန့်မပါဘဲ ဆည်တံခါးတွေကိုဖွင့်ချလိုက်ရင် အပြစ်ပေးခံရမှာကိုကြောင့်တာကြောင့် တံခါးတွေကိုမဖွင့်ပဲ ဆက်တိုက်ပိတ်ထားခဲ့ကြပါတယ်။ အဲ့ဒိအချိန်မှာ ဆည်ရဲ့ရေမျက်နှာပြင်ဟာ ဆည်စိုးရိမ်ရေအမှတ်ထက် ၁၄ ပေ မြင့်တက် ကျော်လွန်နေပြီဖြစ်ပါတယ်။

၁၉၅၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နံနက် ၁ နာရီအချိန်မှာတော့ ဧရာမဆည်ကြီးဟာ ကျိုးပေါက်သွားပြီး ပေ ၂၀ အထိမြင့်တဲ့ရေလှိုင်းလုံးကြီးဟာ ၁ နာရီကို မိုင် ၂၀ နှုန်းနဲ့ မြင်မြင်သမျှကို တိုက်စားဝါးမြိုသွားပါတော့တယ်။ Banqiao ဆည်ရဲ့ပြိုလဲမှု့ကြောင့် သူနဲ့ဆက်စပ်နေတဲ့ အခြားဆည် ၆၂ ခုကိုပါပြိုလဲသွားစေခဲ့ပါတယ်။ ဆည်ကျိုးပေါက်ပြီး ပထမ ၂ နာရီအတွင်းမှာပဲ လူပေါင်း ၈၅၀၀၀ ကျော်သေဆုံးခဲ့ရပြီး  ဆည်ကျိုးပေါက်ပြီးတစ်ပတ်အကြာခန့်အထိ ရေဘေးဒဏ်ခံရတဲ့ဒေသတွေကို စားနပ်ရိက္စာနဲ့ ဆေးဝါးအကူအညီတွေမရောက်တာကြောင့် အငတ်ဘေးသင့်ပြီး လူပေါင်း ၁ သိန်းကျော်ထပ်မံသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ တရုတ်သတင်းထောက်တစ်ဦးဖြစ်တဲ့ ရီစီရဲ့မှတ်တမ်းအရ ဆည်ကျိုးပေါက်ပြီး ၁၃ ရက်အကြာအထိ လူပေါင်း ၁ သန်းကျော်ဟာ ရေပြင်အလည်မှာပိတ်မိနေဆဲဖြစ်ပြီး မသေအောင်ကျိုးစားရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ်။ ရေလွှမ်းမိုးမှု့ဒဏ်ကို ၁၄ ရက်ကျော်အကြာအထိ ပြင်းအထန်ခံခဲ့ရပြီး ရေပြန်ကျသွားတဲ့အချိန်မှာတော့ ရေလွှမ်းမိုးရာ‌ဒေသတစ်လျှောက်မှာ လူသေတွေရဲ့အလောင်းကောင်တွေ ပြည့်နှက်လို့ကျန်ခဲ့တယ်လို့ ရီစီကမှတ်တမ်းတင်ထားပါတယ်။

Banqiao ဆည်ကြီးကျိုးပေါက်မှု့ဟာ လူ့သမိုင်းတစ်လျှောက် လူအသေပျောက်အများဆုံး ဆည်ကျိုးမှု့ကြီးအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ခေတ်သစ်ဆည်တည်ဆောက်သူတွေကို ခြောက်လှန့်နေတဲ့ အိမ်မက်ဆိုးကြီးတစ်ခုအဖြစ်လဲ တည်ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတရုတ်နိုင်ငံတစ်လွှား ဆည်ရေကာတာပေါင်း ၁၀၀၀၀၀ ကျော်တည်ရှိနေပြီး ၂၀၁၂ ခုနှစ်မှာထုတ်ပြန်ထားတဲ့ ကနေဒါနိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုရဲ့ထုတ်ပြန်ချက်အရ အဲ့ဒိဆည်ပေါင်း ၁၀၀၀၀၀ ကျော်ထဲက ၁၃၀ ကျော်ဟာ အချိန်မရွေးပြိုလဲကျသွားနိုင်တယ်လို့ဆို ပါတယ်။


Latest Articles