ပထမတရုတ်-မြန်မာစစ်ပွဲကာလ အပြီးတွင် အသစ်တက်လာသောယူနန်ဘုရင်ခံချုပ်သည် မြန်မာပိုင် ဗန်းမော်ကို စစ်သည် ၂သိန်းကျော်ဖြင့်လာ...
ပထမတရုတ်-မြန်မာစစ်ပွဲကာလ အပြီးတွင် အသစ်တက်လာသောယူနန်ဘုရင်ခံချုပ်သည် မြန်မာပိုင် ဗန်းမော်ကို စစ်သည် ၂သိန်းကျော်ဖြင့်လာရောက်တိုက်ခိုက်လေတော့သည်။ စစ်ပွဲ၏ပထမပိုင်းများတွင် တရုတ်တပ်များသည် မြန်မာတို့အားအကြိမ်ကြိမ်အောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ယူနန်ဘုရင်ခံသစ်သည် မြန်မာတို့အားအပြီးတိုင်တိုက်ခိုက်ချေမှုန်းရန်ကြံစီလေတော့သည်။ ထို့ကြောင့်ယူနန်ဘုရင်ခံသည် တရုတ်ဧကရာဇ်ထံ မြန်မာနေပြည်တော်သို့စစ်ချီခွင့်ပြုရန် ခွင့်တောင်းလေတော့သည်။ တရုတ်ဧကရာဇ်သည်လည်း မြန်မာတို့အား အလွယ်တကူအောင်နိုင်စေရန် အစီအစဉ်များသေချာစွာဆောင်ရွက်၍ ဒုတိယအကြိမ်တိုက်ခိုက်ခွင့် ပြုခဲ့လေသည်။ တရုတ်ရာဇဝင်များအရ ၄◌င်းဧကရာဇ်၏ပြန်တမ်းတွင် အင်းဝနေပြည်တော်ကိုသိမ်းပိုက်ပြီးပါက တရုတ်လက်အောက်ခံတစ်ဦးဦးအားဘုရင်အဖြစ်တင်မြှောက်ထားရှိရန်ပင်ပါရှိပါသည်။
တရုတ်တို့သည် စစ်ပွဲ၏ပထမပိုင်းများတွင် တရုတ်-မြန်မာကုန်သွယ်ဌာနဖြစ်သော ဗန်းမော်အား သိမ်းပိုက်တပ်စွဲထားလိုက်လေသည်။ ထိုအချိန်တွင် ဆင်ဖြူရှင်းမင်းသည် ၄◌င်း၏စစ်သူကြီးများဖြစ်သော မင်းကြီးမဟာစည်သူကွပ်ကဲသောစစ်တပ်ကြီးအား ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှတစ်ဆင့်ဗန်းမော်သို့ချီတက်စေသည်။ နေမျိုးစည်သူအား ရေတပ်ကိုအုပ်ချုပ်စေ၍ ဗန်းမော်သို့တိုက်ရိုက်ချီတက်စေသည်။ တရုတ်တို့သည် ဗလမင်းထင်တပ်စွဲထားသော မြန်မာပိုင်ကောင်းတုံခံတပ်အားအကြိမ်ကြိမ်လာရောက်တိုက် ခိုက်သော်လည်း မြို့တွင်းသားတို့မှ မြန်မာတပ်တော်နှင့်ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် ခံတပ်အားရရှိခြင်း မရှိခဲ့ပေ။ ထိုအချိန်တွင် နေမျိုးစည်သူ၏ရေတပ်ရောက်ရှိလာသောအခါ ကောင်းတုံခံတပ်ရှိတပ်များနှင့် ရေတပ်တို့ပူးပေါင်း၍ ဗန်းမော်အားတိုက်ခိုက်ရာ ဗန်းမော်ရှိ တရုတ်တပ်များဆုတ်ခွာရလေသည်။
ဗန်းမော်အားသိမ်းပိုက်ပြီးနောက် နေပြည်တော်မှ မင်းကြီးမဟာစည်သူ၏တပ်များရောက်ရှိလာသောအခါ တရုတ်တို့အားအပြီးတိုက်ချေမှုန်းရန်အစီအစဉ်ပြုလုပ်၍ မင်းကြီးမဟာစည်သူမှရှေ့မှ တိုက်ခိုက်ရန် နေမျိုးစည်သူနှင့်ကောင်းတုံတပ်များမှ တရုတ်တပ်၏နောက်ပိုင်းအားတိုက်ခိုက်ရန် အစီအစဉ်ဆွဲ၍ ဗန်းမော်အားပြန်လည်သိမ်းပိုက်ရန် လာရောက်သောတရုတ်တပ်များအားတိုက်ခိုက်ရာ နှစ်ဖက်ညှပ်အတိုက်ခံ ရသဖြင့် တရုတ်တပ်ပျက်လေသည်။ တရုတ်စစ်သူကြီးချိုဟန်ပိုင်လည်း ကျန်ရစ်သောရိက္ခာများအား ဖျက်ဆီး၍ တပ်ဆုတ်လေတော့သည်။ ထိုအချိန်တွင် မင်းကြီးမဟာစည်သူတပ်နှင့်နေမျိုးစည်သူတပ်များပေါင်းမိ၍ နယ်စပ်တွင်တပ်စွဲထားသောတရုတ်ခံတပ်များကိုပါဆက်လက်တိုက်ခိုက်ကြလေသည်။
ထိုအချိန်တွင် ယူနန်ဘုရင်ခံထံ တရုတ်ဧကရာဇ်မှစစ်ပွဲသတင်းအားလျှောက်တင်ရန်စေလွှတ်လေရာ ဘုရင်ခံမှ မြန်မာနယ်မြေများအား မိမိတို့အောင်နိုင်နေပြီးဖြစ်ကြောင်း မြန်မာစစ်သူကြီးနေမျိုးစည်သူကိုယ်တိုင်လက်နက်ချရန် ကမ်းလှမ်းထားကြောင်း သတင်းပြန်လိုက်လေသည်။ ၄◌င်းအချိန်တွင် မြန်မာတပ်များသည် တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်နယ်(၈)နယ်အားတိုက်ခိုက်သိမ်းပိုက်ထားရှိပြီးဖြစ်လေသည်။ တရုတ်ဧကရာဇ်လည်း ၄◌င်းသတင်းကိုရရှိသောအခါ ဘုရင့်ခံအားတရုတ်နေပြည်တော်သို့ ဆင့်ခေါ်လေရာ ဘုရင်ခံသည်ဧကရာဇ်ကိုမရင်ဆိုင်ရဲသဖြင့် မိမိကိုယ်ကိုသတ်သေလေတော့သည်။
ဆက်မည်