Page Nav

HIDE

Breaking News:

latest

Ads Place

မြန်မာ့သမိုင်းထဲကအမေ့လျော့ခံသူရဲကောင်း(သို့)စစ်သူကြီးမဟာသီဟသူရ အပိုင်း(၂)

အပိုင်း(၁)မှအဆက် အရှေ့မြောက်စစ်မြေပြင်သို့ရောက်ရှိနေသောမြန်မာတပ်များသည် ဆင်ဖြူရှင်မင်း၏ဒေါသအကြောင်းသိသောကြောင့် နေပြည်တော်သို့ချက်ခြင်းပြန်မ...




အပိုင်း(၁)မှအဆက်
အရှေ့မြောက်စစ်မြေပြင်သို့ရောက်ရှိနေသောမြန်မာတပ်များသည် ဆင်ဖြူရှင်မင်း၏ဒေါသအကြောင်းသိသောကြောင့် နေပြည်တော်သို့ချက်ခြင်းပြန်မလာသေးဘဲ မဏိပူရသူပုန်များကို ပြင်းအထန်တိုက်ခိုက်နှိမ်နှင်းပြလေတော့သည်။ သို့သော်လည်း စစ်ဘုရင်ဆင်ဖြူရှင်မင်းသည် စိတ်ဆိုးမပြေဘဲ စစ်ဦးစီးချုပ်မဟာသီဟသူရကို ခရစ်နှစ် ၁၇၇၀ ခုနှစ်တွင် မြစ်ငယ်မြစ်အရှေ့ဘက်ကမ်းတွင်သာနေစေပြီး အတော်ကြာသည့်အခါမှ စိတ်ပြေပြီးနေပြည်တော်သို့ပြန်လည်ခေါ်ဆောင်ပါသည်။

နေပြည်တော်သို့ပြန်လည်ရောက်ရှိပြီး မကြာမီပင် ယိုးဒယားတွင်ပုန်ကန်ထကြွမှုဖြစ်သဖြင့် မင်းကြီးမဟာသီဟသူရလည်း တိုက်ခိုက်ရန်စစ်ချီရပြန်သည်။ သို့သော်လက်အောက်ခံတပ်ဗိုလ်၊ တပ်မှူးများနှင့်သဘောထားချင်းကွဲလွဲသဖြင့် ဘုရားသုံးဆူကြောင်းချီမြန်မာစစ်တပ်ကြီးသည် ယိုးဒယားသူပုန်များအားနှိမ်နင်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာလာရသည် ၄◌င်းပြန်လည်ဆုတ်ခွာလာသည့်လမ်းတွင်ပင် အင်းဝနေပြည်တော်တွင် ဆင်ဖြူရှင်းမင်း နတ်ရွာစံ၍ သားတော်စဉ်ကူးမင်းသည် ၁၇၇၆ ခုနှစ်တွင် အင်းဝနေပြည်တော်တို့နန်းတက်ခဲ့ပါသည်။ ၄◌င်းစဉ်ကူးမင်းသည် မင်းကြီးမဟာသီဟသူ၏သားမက်တော်စပ်သူဖြစ်ပြီး အရက်သေစာမူးယစ် သောက်စားတတ်သောအလေ့အထရှိပါသည်။

နန်းတွင်းရေးရာများတွင် အရာရောက်သောစစ်သူကြီးတစ်ဦးလည်းဖြစ်သည့် မင်းကြီးမဟာသီဟသူရသည် စဉ်ကူးမင်း၏ဆုံးဖြတ်ချက်အမှားများကို ညီလာခံတွင်ထောက်ပြဆွေးနွေးသည့်အခါ စဉ်းကူးမင်းလည်း မင်းကြီးမဟာသီဟသူရကို ရာထူးမှချ၍စစ်ကိုင်းသို့ပို့ကာအငြိမ်းစားယူ၍နေစေလေသည်။ ခရစ်နှစ် ၁၇၇၇ ခုနှစ်တွင်လည်း ၄◌င်း၏မိဖုရားဖြစ်၍ မင်းကြီးမဟာသီဟသူရ၏သမီးဖြစ်သည့်သီရိမဟာမင်္ဂလာဒေဝီအားလည်းမိဖုရားအရာမှချ၍ စစ်ကိုင်းစံအိမ်သို့ပို့ပြန်လေသည်။ သို့သော်ရက်စက်တက်သော စဉ်ကူးမင်းသည် ၄◌င်း၏မိဖုရားသီရိမဟာမင်္ဂလာဒေဝီအား ၁၇၇၈ ခုနှစ် မြန်မာသက္ကရာဇ် ၁၁၃၉ ခုနှစ် ဝါခေါင်လဆန်းတွင် မင်းမိန့်ဖြင့်ရေတွင်ဖျောက်(ရေနှစ်သတ်)လေသည်။(စဉ်ကူးမင်းသည် ၄◌င်း၏မိဖုရားအားသတ်ရန်အမိန့်ပေးခဲ့သည့်အချိန်တွင် မင်းကြီးမဟာသီဟသူရ၏သမီး စဉ်ကူးမင်း၏မိဖုရားသည် သားတော်လေးအားမွေးပြီးခါစဖြစ်ပါသည်) မင်းကြီးမဟာသီဟသူရသည် စဉ်ကူးမင်း၏အန္တရာယ်ကို တွေးမြင်သဖြင့် စဉ်ကူးမင်းနှင့်သီရိမဟာမင်္ဂလာဒေဝီတို့၏သားဖြစ်သည့် လသားအရွယ်မင်းသားကလေးဘိုးသစ္စာအား ပေါင်းတည်မြို့နယ်သို့ပို့၍ ပုန်းခိုနေရစေလေသည်။

ထို့နောက်စဉ်ကူးမင်းအား ဖောင်းကားစားမောင်မောင်မှနန်းချ၍ အင်းဝထီးနန်းကိုသိမ်းပိုက်ပြီးသောအခါ မင်းကြီးမဟာသီဟသူရသည် မြန်မာ့တပ်မတော်၏ဦးစီးချုပ်အဖြစ်တာဝန်ယူရပြန်လေသည်။ ဖောင်းကားစားမောင်မောင်နန်းသက် (၇)ရက်အရောက်တွင် ၄◌င်းအား ဘိုးတော်မင်းတရားကလုပ်ကြံ၍ အင်းဝထီးနန်းအားသိမ်းယူပြန်လေသည်။ ဘိုးတော်ဘုရားသည် ရှေ့ဘုရင်၏စစ်သူကြီးဖြစ်သော မင်းကြီးမဟာသီဟသူရကို  ဝန်ကြီးအရာဖြင့်ပင်ဆက်လက်ထားလေသည်။ သို့သော် ဘိုးတော်မင်းတရားသည်လည်း နောက်ဆုံးတွင် မင်းကြီးမဟာသီဟသူရကိုမလိုလားသော နန်းတွင်အုပ်စုများတွင် ကုန်းချောစကားကိုနားယောင်၍ ဘုရင့်ထီးနန်းအား ညီတော်သာစည်မင်းသားနှင့်ပူးပေါင်း၍ လုပ်ကြံရန်ကြံစည်သည်ဟုစွတ်စွဲကာ ခရစ်နှစ် ၁၇၈၂ ခုနှစ် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် တပေါင်းလတွင် ရှေးမြန်မာတို့၏ထုံးစံအတိုင်း လူသတ်ကုန်းတွင် ခေါင်းဖြတ်၍သတ်ရန်သေမိန့်ချ ကွပ်မျက်ခဲ့ပါသည်။ ထိုဘိုးတော်ဘုရားမင်းလက်ထက်တွင် စဉ်ကူးမင်းအပါအဝင် ဖောင်းကားစားမောင်မောင်၊ မင်းကြီးမဟာသီဟသူရ၊ စဉ်ကူးမင်း၏ညီတော်ပင်းတလဲမြို့စားတို့အပြင် နန်းတွင်းရှိသူရဲကောင်းများ ပညာရှိမူးမတ်အများအပြားကိုလည်း သံသယရှိသဖြင့် ကွပ်မျက်ခဲ့ပါသည်။

ဤတွင် ကုန်းဘောင်မင်းဆက်စတင်စဉ်မှစ၍ အရှေ့တောင်အာရှတလွှားတွင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည့် ကုန်းဘောင်အင်ပါယာကြီး၏ မဟာသေနာပတိကြီးလည်းဖြစ်ပြီး အလောင်းမင်းတရားကြီး၏လူယုံ မင်းဆက်လေးဆက်တို့၏ဆွေမျိုးတော်စပ်သူဖြစ်၍ အလောင်းမင်းတရားပင်တိုက်၍မရခဲ့သည့် ယိုးဒယားကိုအနိုင်တိုက်ခဲ့သူဖြစ်ပြီး တရုတ်တပ်များကို (၄)ကြိမ်တိုက်တိုက် အမျိုးဖြုတ်အနိုင်ရခဲ့သူ မင်းကြီးမဟာသီဟသူရသည် ဘုရင်တစ်ပါး၏သံသယကြောင့်နောက်ဆုံးတွင် သူပုန်သူကန်သဖွယ်ကွပ်မျက်ခြင်းခံခဲ့ရလေသည်။

စာကြွင်း။ မင်းကြီးမဟာသီဟသူရကွယ်လွန်ပြီးနောက်ပိုင်းတွင် ဘိုးတော်ဘုရားသည် ယိုးဒယားအား (၃)ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။


                                                                                                          သက်တံ့နောင်(Wizardry Myanmar)

Latest Articles