Page Nav

HIDE

Breaking News:

latest

Ads Place

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဇကာတင်စာရင်းတွင်ဟစ်တလာပါဝင်ခဲ့ဖူး

          နိုဗယ်ဆုဟုပြောလိုက်လျှင်ကမ္ဘာတစ်လွှားတွင်မသိသူရှိနိုင်မည်ပင်မဟုတ်ပါ။ နိုဗယ်ဆုဆိုသည်မှာ ကမ္ဘာ့တစ်လွှား ကမ္ဘာ့အကျိုး၊ လူသားများအကျို...

          နိုဗယ်ဆုဟုပြောလိုက်လျှင်ကမ္ဘာတစ်လွှားတွင်မသိသူရှိနိုင်မည်ပင်မဟုတ်ပါ။ နိုဗယ်ဆုဆိုသည်မှာ ကမ္ဘာ့တစ်လွှား ကမ္ဘာ့အကျိုး၊ လူသားများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများအားပေးအပ်သော ကမ္ဘာ့တန်းဖိုးအရှိဆုံးဆုဟုခေါ်ဆိုနိုင်ပြီး ဆုအမျိုးအစား ၁၉ မျိုးရှိ၍ ၁၉၀၁ ခုနှစ်မှစတင်၍ပေးအပ်ခဲ့သောဆုလည်းဖြစ်ပါသည်။ ၄◌င်းနိုဗယ်ဆုပိုင်ရှင်အားရွေးချယ်ပုံမှာ ကမ္ဘာတစ်လွှားမှ နိုဗယ်ဆုရှင်အဖြစ် ချီးမြှင့်ခြင်း ခံရနိုင်ရန် အမည်စာရင်းတင်းသွင်းခြင်းခံရသူများအနက်မှ နော်ဝေနိုင်ငံရှိ နိုဗယ်ဆုကော်မတီမှ ရွေးချယ်၍ ဆုချီးမြှင့်ခြင်းဖြစ်ပါသည်။  အဆိုပါအမည်စာရင်းတင်းသွင်းခြင်းခံရသူများအနက်တွင် တက္ကသိုလ်ပါမောက္ခများ၊ နယ်ပယ်အသီးသီးမှနာမည်ကျော်ပုဂ္ဂိုလ်များလည်းပါဝင်လေ့ရှိပါသည်။
       နိုဗယ်ဆုရှင်အဖြစ်အမည်စာရင်းတင်သွင်းခြင်းခံရသူများသည် နှစ်စဉ် ဦးရေ ၃၀၀ ကျော်ခန့်အထိရှိပြီး ၄◌င်းအတွင်းမှ ဦးရေ ၂၀ ခန့်အထိ ဇကာတင်ရွေးချယ်ပြီး ၄◌င်းအနက်မှ နိုဗယ်ဆုပိုင်ရှင်အား စီစစ်ရွေးချယ်ကြခြင်းဖြစ်ပါသည်။

      ကမ္ဘာတစ်လွှားတွင် အာဏာရှင်အဖြစ်နာမည်ကျော်ကြားခဲ့သော ဂျာမနီအဓိပတိကြီး ဟစ်တလာသည် ၁၉၃၉ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ်ချီးမြှင့်ခြင်းခံရရန် အမည်စာရင်းတင်သွင်းခြင်းခံရဖူးခဲ့လေသည်။ အမည်စာရင်းတင်းသွင်းသူမှာ E.G.C. Brandt ဆိုသူဖြစ်၍ ၄◌င်းသည် ဆွီဒင်လွှတ်တော်အမတ်တစ်ဦးဖြစ်ပါသည်။ 
    သို့သော်လည်း ၄◌င်းနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ခြင်းကြောင့် ဟစ်တလာသည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုကိုရရှိခဲ့ခြင်းမရှိခဲ့သော်လည်း ၄◌င်း၏အမည်သည် ကမ္ဘာငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရဖူးသူစာရင်းတွင် အစဉ်အမြဲပါရှိသွားမည်ဖြစ်၍ ကမ္ဘာ့နိုဗယ်ဆုသမိုင်းတွင်လည်း အထူးဆန်းဆုံးဖြစ်ရပ်တစ်ခုဖြစ်သွားမည်ဖြစ်ပါသည်။

မှီငြမ်း - War History Online

Latest Articles