မြန်မာ့သမိုင်းရာဇဝင်တို့တွင် ဘုရင်တို့၏စကားများကိုသာမှတ်သားထားသည်ကများသည်။ ရာဇဝင်ဟူသည် ဘုရင်များအတွက်သာ ဟူသောပြောစမှတ်စကားလည်းရှိသည်။ သို့သေ...
မြန်မာ့သမိုင်းရာဇဝင်တို့တွင် ဘုရင်တို့၏စကားများကိုသာမှတ်သားထားသည်ကများသည်။ ရာဇဝင်ဟူသည် ဘုရင်များအတွက်သာ ဟူသောပြောစမှတ်စကားလည်းရှိသည်။ သို့သော်ကုန်းဘောင်ရာဇဝင်တွင် ထူးထူးခြားခြားစစ်သူကြီးတစ်ဦး၏ ပြောစကားကို မှတ်သားထားခဲ့ဖူးပါသည်။ ထိုစကားပြောခဲ့သူမှာလည်းနယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်သူ အလောင်မင်းတရားကြီး၏ညာလက်ရုံး ဗိုလ်ချုုပ်မင်းခေါင်နော်ရထာပင်ဖြစ်လေသည်။
အလောင်းမင်းတရားကြီးသည် ကုန်းဘောင်မင်းဆက်ကိုတည်ထောင်ရာတွင် လွယ်လွယ်ကူကူတည်ထောင်ခဲ့ရခြင်းမဟုတ်ကြောင်းအားလုံးသိပြီးဖြစ်ပါလိမ့်မည်။ ညောင်ရမ်းမင်းဆက်ပျက်ပြီးနောက် အလောင်းမင်းတရားကြီးဦးအောင်ဇေယျသည် ၄◌င်းပိုင်မုဆိုးဖိုရွာတွင် တိုက်ရည်ခိုက်ရည်ကောင်းသည့် သတ္တိကောင်းသည်သူများကိုရွေးချယ်သည် ရွေးချယ်ရာတွင် အရွေးချယ်ခံမည့်သူသည် မိမိလည်ပင်းသို့ချိန်ရွယ်ထားသောလှံဆီသို့ မျက်နှာမပျက် နောက်မတွန့်ပဲပြေးဝင်ရလေသည် အလွန်နီးသည့်အခါမှသာ လှံကိုင်သူမှ လှံကိုအလျှင်အမြန်ဖယ်ရသည်။ အလွန်အန္တရာယ်များသောအလုပ်ဖြစ်သော်လည်း ထိုသူရဲကောင်း ရွေးချယ်ပွဲတွင် မြင်းရေတက်အဖြစ် ၆၈ ဦးကိုရရှိလေသည်။
၄◌င်း ၆၈ ဦးတွင် တိုက်ရည်ခိုက်ရည်ကောင်း၍ ကြံရည်ဖန်ရည်ရှိသောဦးကောင်း(မင်းကျော်ပျံချီ)၊ ဦးတွန်(မင်းခေါင်နော်ရထာ)နှင့် ဦးသာ(မဟာသီဟသူရ)တို့သည် အလောင်းမင်းတရားကြီး၏လက်ရုံးစစ်သူကြီးများဖြစ်လာတော့သည်။ အလောင်းမင်းတရားကြီးသည် ၄◌င်းသူရဲကောင်းများဝန်းရံ၍ ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့ခြင်းဖြစ်လေသည်။ အလောင်းမင်းတရားကြီး၏နောက်ဆုံးအချိန်များတွင် အယုဒ္ဓယ(ယိုးဒယား)စစ်မြေပြင်မှဆုတ်ခွာလာရာ လက်ရုံးစစ်သူကြီးဦးတွန်(မင်းခေါင်နော်ရထာ)လည်းနောက်ချန်တပ်ဖြင့် ယိုးဒယားတို့အားခုခံရန်ကျန်ခဲ့လေသည်။ မင်းတရားကြီးဆုတ်ခွာ၍ မကြာမီပင်ယိုးဒယားတပ်များက ထွက်၍တိုက်လေရာ ဦးတွန်၏တပ်နှင့်တိုးလေသည်။ အင်အားချင်းမမျှသဖြင့် လက်အောက်ခံတပ်မှူးများက ဆုတ်ခွာရန်ပြောသော်လည်း ဦးတွန်ကမင်းတရားကြီး အန္တရာယ်ဖြစ်မည်စိုး၍ မရရအောင်အချိန်ဆွဲ ခုခံ၍ ဖြည်းဖြည်းချင်းဆုတ်ခွာလာခဲ့လေသည်။ အခြားတပ်များတပ်ကူလာမည်ကိုလည်း မင်းတရားကြီး၏တပ်တွင် လူသူနည်း၍ အန္တရာယ်ရှိမည်စိုး၍ တပ်ကူအားလက်မခံခဲ့ပါ။
မင်းတရားကြီးလည်းထိုဆုတ်ခွာသောလမ်းတွင်ပင်နတ်ရွာစံလေသည်။ မင်းတရားကြီးနတ်ရွာစံသောအခါ မင်းတရားကြီး၏သားမြေဒူးမင်းသား(နောင်ဆင်ဖြူရှင်မင်း)သည် ဦးတွန်နောက်ချန်၍ တစ်ဦးတည်းတစ်တပ်တည်းကျန်ခဲ့ခြင်းသည် သစ္စာဖောက်ရန်ကြံစည်နေခြင်းဖြစ်သည်ဟုသံသယဝင်သဖြင့် တပ်ထောက်မျိုးရိက္ခာများအားမပို့ရန် မှာကြားပြီး အလောင်းမင်းတရားကြီးချီးမြှင့်ခဲ့သည့် ယိမ်းနွဲ့ပါးဓားကိုသိမ်းရန်ကြံစည်လေသည်။ ၄◌င်းအကြောင်းကိုဦးတွန်ကြားသောအခါ မြေဒူးမင်းသားကိုယုံကြည်ခြင်းမရှိတော့သဖြင့် မင်းတရားကြီးတပ်ကိုအမီမလိုက်တော့ဘဲ တောင်ငူဘက်သို့တပ်ကိုပြန်ဆုတ်လေသည်။
မြေဒူးမင်းသားက ၄◌င်း၏နောင်တော်(နောင်တွင်နောင်တော်ကြီးမင်း)အား ဦးတွန်သည်စိတ်မမှန်ဟု လျှောက်သော်လည်း နောင်တော်ကြီးမင်းကသူရဲသူခက်ဖြစ်သဖြင့် နေပြည်တော်သို့ပြန်လာရန် ခေါ်သော်လည်း ဦးတွန်ကပြန်မလိုက်။ ထို့ကြောင့်အတင်းအကျပ်ဖမ်းဆီးရန်ကြိုးစားကြလေတော့သည်။ နောင်တော်ကြီးမင်းနှင့်တိုင်ပင်၍ တောင်ငူမင်းသည်ဦးတွန်အားတရားနားဖိတ်၍ ဖမ်းဆီးရန်ကြံလေသည်။ ၄◌င်းအကြောင်းကိုတရားနာနေစဉ် ရိပ်မိသွားသဖြင့် ဆင်စီး၍မြို့ပင်ထွက်သည်ကို တောင်ငူစစ်သူကြီး (၅)ဦးက ဝိုင်းလာသဖြင့်ဆင်ပေါ်မှနေ၍ အနီးရှိစက်တိုင်(ရှေးခေတ်တွင် လှံထိုးလေ့ကျင့်သည့်တိုင်ကြီး)အား လှံဖြင့်ပစ်ရာ စက်တိုင်ထုတ်ချည်းပေါက်သဖြင့် တောင်ငူမင်း၏စစ်သူကြီးများလည်းထပ်၍မလိုက်ရဲတော့ပေ။
နောင်တော်ကြီးမင်းလည်း ဦးတွန်၏မိတ်ဆွေမင်းလှနော်ရထာနှင့်အခေါ်ခိုင်းသော်လည်း ဦးတွန်မှ " ငါ့ထက်စာလျှင် မြေဒူးမင်းသားသည် နောင်တော်ကြီးမင်း၏ညီဖြစ်သည် ကာလကြာလျှင်ငါဒုက္ခရောက်လိမ့်မည်" ဟုဆိုကာပြန်၍မလိုက်ပဲ အင်းဝမြို့ဟောင်းအတွင်းဝင်နေလေသည်။ ထို့ကြောင့် မရသည့်အဆုံးနောင်တော်ကြီးမင်း၏ စစ်တပ်ကြီးသည် ဦးတွန်အားဖမ်းရန်အင်းဝမြို့ကိုဝိုင်းလေသည်။ သို့သော်ဦးတွန်သည် မြို့သားတို့ထိခိုက်မည်စိုးသဖြင့် မြို့နောက်မှထွက်လေသည်။ ဦးတွန်မြို့နောက်ဘက်မှထွက်သည်ကို မက္ခရာဗိုလ်သီရိရွှေတောင်ကအတင်းလိုက်လေသည်။
ဦးတွန်လည်းနောက်ကိုပြန်လှည့်၍ သီရိရွှေတောင်အား "မင်းဘာကြောင့်လိုက်လာသလဲ" ဟုမေးရာ "မင်းကိုဖမ်းဖို့လိုက်လာခြင်းဖြစ်တယ်" ကိုပြန်ပြောသဖြင့် ဦးတွန်မှ "သီရိရွှေတောင် မင်းထမင်းကိုမုန်းလို့ ငါ့နောက်လိုက်လာတာလား" ဟုဆို၍ လှံဖြင့်ပစ်ရာ သီရိရွှေတောင်၏မြင်းသည်နေရာတွင်ပင်သေ၍ ၄◌င်းလည်းထပ်မလိုက်ရဲတော့ချေ။ မည်သည့်တပ်မှူး စစ်သူကြီးမှလည်းမဝိုင်းရဲတော့ပါ။
သို့သော်လည်း ဦးတွန်သည် ကုန်းဘောင်ရဲမက်တစ်ဦး၏ချောင်းမြောင်းပစ်ခတ်မှုကြောင့် ဆီးစပ်ကိုသေနတ်မှန်၍ လမ်းတွင်တစ်ထောက်နားနေစဉ် မြေဒူးသားငချစ်ကောင်းဆိုသူမှ အတင်းဝင်လုံးရာ ဒဏ်ရာပြင်းထန်သော်လည်း ပတ်ဝန်းကျင်ကိုသတိအမြဲထားသူ ဦးတွန်မှ ပြန်လည်လုံးထွေးတိုက်ခိုက်နေစဉ် ကုန်းဘောင်ရဲမက်များမှ သေနတ်များဖြင့် ဝိုင်းပစ်သောကြောင့် ကုန်းဘောင်မင်းဆက်ကိုတည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး၏လက်ရုံးစစ်သူကြီး ဗိုလ်ချုပ်မင်းခေါင်နော်ရထာ ကျဆုံးရလေသည်။
မြန်မာရာဇဝင်တွင် သူရဲကောင်းများစွာရှိသော်လည်း တစ်ဖက်ရန်သူများအား စကားတစ်ခွန်းတည်းနှင့်ပင် ဖိန့်ဖိန့်တုန်အောင်ကြောင့်ရွံ့စေသောသူသည် အလွန်ရှားသည်။ သို့သော်လည်း ဗိုလ်ချုပ်မင်းခေါင်နော်ရထာဘွဲ့ခံ ဦးတွန်သည်ထိုကဲ့သို့သောသူရဲကောင်းမျိုးပင်ဖြစ်ပါသည်။
သက်တံ့နောင်(Wizardry Myanmar)