Page Nav

HIDE

Breaking News:

latest

Ads Place

ဘုရင်ကိုယ်တိုင်ဘွဲ့တံချီးမြှင့်ရသော မြန်မာ့သမိုင်းထဲကတစ္ဆေကြီး

ကုန်းဘောင်မင်းဆက်ဖြစ်သည့် နောင်တော်ကြီးမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၂၃ ခုနှစ် တပေါင်းလတွင် အဘယဂါမဏိ၊ နေမျိုးလက်ဝဲကျော်ခေါင်၊ နေမျိုးလက်ယာကျော...


ကုန်းဘောင်မင်းဆက်ဖြစ်သည့် နောင်တော်ကြီးမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၂၃ ခုနှစ် တပေါင်းလတွင် အဘယဂါမဏိ၊ နေမျိုးလက်ဝဲကျော်ခေါင်၊ နေမျိုးလက်ယာကျော်ခေါင်ဦးစီးသေောမြန်မာဘုရင့်တပ်များသည်ငဘတ်ချောင်းဗိုလ်ဟုခေါ်သော ဥဒိန်ကျော်ခေါင်သည် တိုက်ပွဲတွင် ကျလေတော့သည်။ သို့သော်စိတ်အစွဲကြီးသော ဥဒိန်ကျော်ခေါင်သည် မကျွတ်မလွတ်ပဲတစ္ဆေကြီးဖြစ်၍ မြန်မာတပ်တော်များနေပြည်တော်သို့ပြန်လာသည့်အခါ တပ်တော်များနှင့်အတူပြန်၍လိုက်လာလေသည်။  

ညရောက်သောအခါ နောင်တော်ကြီးမင်းစက်တော်ခေါ်နေသည့်အချိန်တွင်မင်းကြီး၏ခြေကိုလှုပ်၍မိမိသည် ငဘတ်ချောင်းဗိုလ်ဖြစ််၍ ဇင်းမယ််သို့တိုက်ခိုက်သည့်တိုက်ပွဲတွင်ဆုံးပြီးမကျွတ်မလွတ်ဖြစ်နေကြောင်းးး မင်းကြီးထံတွင်ခစားလိုကြောင်းစသည်ဖြင့်လျှောက်ထားလေသည်။ နောင်တော်ကြီးမင်းလည်း ၄◌င်းတစ္ဆေကြီးအား လသာစောင် အစောင့်အဖြစ်တာဝန်ပေးအပ်လိုက်လေသည်။

နောင်တစ်ချိန်တွင် မုတ္တမသို့ယိုးဒယားတပ်များလာရောက်တိုက်ခိုက်ကြောင်းသတင်းရရှိသောအခါ နောင်တော်ကြီးမင်းက ဘုရင့်အထောက်တော်များအား မုတ္တမသို့လွှတ်၍ သတင်းစုံစမ်းစေသည်။ သို့သော် ရက်အတော်ကြာသည်အထိပြန်မရောက်သဖြင့် နောင်တော်ကြီးမင်းသည် ၄◌င်း၏လသာစောင်အစောင့် တစ္ဆေကြီးအား ထပ်မံလွှတ်၍ စုံစမ်းစေပြန်သည်။ 

တစ္ဆေကြီးမှ နေတွင်းချင်းပြန်လာ၍ မုတ္တမတွင်ကိစ္စထူးမရှိကြောင်းလျှောက်တင်သောအခါ မင်းကြီးကမယုံကြည်သဖြင့် တစ္ဆေကြီးက ၄◌င်းမုတ္တမသို့သွား၍ ပြန်လာသည့်လမ်းတွင် ဘုရင့်အထောက်တော်များ ထမင်းချက်နေသည်ကိုတွေ့သဖြင့်ခြောက်လှန့်ခဲ့ကြောင်း‌ပြောကြားလေသည်။ များမကြာမီ ဘုရင့်အထောက်တော်များရောက်ရှိလာသောအခါ မုတ္တမတွင် ကိစ္စထူးမရှိကြောင်းလျှောက်တင်၍ ၄◌င်းပြန်လာသည့်လမ်းတွင်လည်း တစ္ဆေအခြောက်ခံရကြောင်း လျှောက်တင်သောအခါတွင်မှ နောင်တော်ကြီးမင်းလည်း ယုံကြည်လေသည်။

ထို့ကြောင့် ၄◌င်း၏တစ္ဆေကြီးဥဒိန်ကျော်ခေါင်အား ဘွဲ့အမည်ပေးအပ်လိုသော်လည်း ရုပ်မြင်ရမှ ဘွဲ့ပေးအပ်နိုင်မည်ဖြစ်ရာ တစ္ဆေကြီးမှ ၄◌င်း၏ပုံသဏ္ဍန်ဆိုးဝါးသဖြင့် ကိုယ်ထင်မပြလိုကြောင်း မူးမတ်တို့၏ရှေ့တွင် မိမိရှိကြောင်း သက်သေပြပါမည်ဟုကတိပြုသဖြင့် နောင်တော်ကြီးမင်းလည်း တစ္ဆေအားပေးအပ်မည့် ဇဝနယက္ခကျော်ခေါင်အမည်ပါ ရွှေပြားအား ညီလာခံကျင်းပစဉ်ကလပ်ပေါ်တင်ထားရာ ၄◌င်းရွှေပြားသည် လေတိုက်သည့်သဖွယ်လွင့်၍ ၄◌င်းနေထိုင်ရာလသာဆောင်တွင်ချိတ်နေသည်ကိုမူးမတ်တို့တွေ့မြင်ကြရပါသည်။

ထိုအကြောင်း ဘကြီးတော်မင်းတရားလက်ထက် ညီလာခံကျင်းပစဉ် နန်းတော်စောင့်များအကြောင်းဆွေးနွေးရင်းမှ ထိုတစ္ဆေကြီးအကြောင်းစကားစပ်မိ၍ မင်းကြီးမိန့်ကြားသည်ကို လှေသင်းအတွင်းဝန်ဦးချိန်မှ ၄င်းပြုစုသည့် တဇ္ဇတ္တဒိပနီကျမ်းတွင် ဖော်ပြထားလေသည်။

                                                                                                 သက်တံ့နောင်(Wizardry Myanmar)

Latest Articles