ယနေ့ခေတ်သိပ္ပံပညာထွန်းကားလျှက်ရှိတဲ့ကာလမှာ ကမ္ဘာကြီးဟာလုံးသလား၊ ပြားသလားဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်စရာမလိုအပ်လောက်အောင်ကိုရှင်းရ...
ယနေ့ခေတ်သိပ္ပံပညာထွန်းကားလျှက်ရှိတဲ့ကာလမှာ ကမ္ဘာကြီးဟာလုံးသလား၊ ပြားသလားဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်စရာမလိုအပ်လောက်အောင်ကိုရှင်းရှင်းလင်းလင်းသိမြင်နေကြပြီဖြစ်ပါတယ်။ ကမ္ဘာအပြင်ဘက်ကို အာကာသလွန်းပျံယာဉ်များဖြင့်ထွက်ခွာရင်း စက်ဝန်းပုံကမ္ဘာကြီးရဲ့ဓာတ်ပုံတွေကို မတွေ့ဖူးသူဆိုတာခပ်ရှားရှားပါပဲ။
ဒါပေမဲ့သိပ္ပံပညာထွန်းကားလှပါတယ်ဆိုတဲ့အမေရိကန်မြေပေါ်မှာတော့ အခုထက်ထိ ကမ္ဘာကြီးဟာအပြားကြီးပါဆိုပြီး ယုံကြည်နေကြသူတွေဟာဒုနဲ့ဒေးနဲ့ပါပဲ။ သူတို့တွေဟာကမ္ဘာကြီးဟာအလုံးကြီးပါဆိုတဲ့ နာဆာက ထုတ်ပြန်ထားတဲ့ပုံတွေကို ဖိုတိုလျှော့နဲ့ပြင်ဆင်ထားတဲ့ပုံတွေသာဖြစ်ပြီးတကယ့်ကမ္ဘာကြီးဟာအလုံးကြီး မဟုတ်ပဲ အပြားကြီးပါလို့ အခုအချိန်အထိခံယူထားနေကြဆဲပါ။
ကမ္ဘာကြီးဟာပြားတယ်ဆိုတဲ့အယူအဆကတော့ အင်္ဂလိပ်စာရေးဆရာ Samuel Rowbotham ရေးသားတဲ့ Earth Not a Globe ဟူသောစာအုပ်မှစတင်ခဲ့ပါတယ်။ သူ၏အယူအဆမှာကမ္ဘာကြီးသည် မြောက်ဝင်ရိုးစွန်းကိုဗဟိုပြု၍ တောင်ဝင်ရိုးစွန်းတွင် ရေခဲနံရံများဖြင့်ကာကွယ်ထားသည်ဟူ၏။ ၁၉၅၆ ခုနှစ်မှာတော့ ကမ္ဘာလုံးဆိုင်ရာကမ္ဘာပြားအသင်း (International Flatt Earth Society) ကိုတည်ထောင်ခဲ့ကြပါတယ်။
၄◌င်းအသင်းမှ ဂြိုလ်တုများမှပေးပို့လာသောဓာတ်ပုံများသည် အများပြည်သူများကိုလှည့်ဖျားနိုင်ရန်ဖန်တီးထားခြင်းသာဖြစ်ပြီး အဝေးကြည့်မှန်ပြောင်းများမှ ရုပ်ပုံများသည်လည်း အများပြည်သူအမြင်မှားစေရန် ထောင့်ကျယ်မှန်ဘီလူးများဖြင့်ဆောင်ရွက်ထားခြင်းကြောင့်ဟုသာယုံကြည်နေကြဆဲပါ။
ဆယ်စုနှစ်များလာသည်နှင့်အမျှ ၄◌င်းကမ္ဘာပြားအသင်းကြီး၏အသင်းသားဦးရေသည်လည်းတစ်ဖြည်း ဖြည်း တိုးပွားလာခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် အသင်းသားဦးရေ ၅၀၀၀ နီးပါးခန့်ပင်ရှိလာပြီဖြစ်ပါသည်။ ကမ္ဘာပြားအသင်းကြီး၏အယူအဆအရ လူသားများသည် ဓာတ်ပြားပုံကမ္ဘာကြီး၏အလယ်ဗဟိုတွင်တည်ရှိပြီး ကမ္ဘာကြီး၏အစွန်းဘက်တွင် ရေခဲထုကြီးများ ရေခဲတောင်ကြီးများဖြင့်ကာရံထားသည်ဟု ယုံကြည်နေကြပြီး ၄◌င်းတို့ယူဆထားသည့်ကမ္ဘာကြီး၏မြေပုံသည် ယနေ့ ကုလသမဂ္ဂ၏ Logo အမှတ်တံဆိပ်ကဲ့သို့ဖြစ် သည်ဟုလည်းသိရပါသည်။
အမေရိကန် ရူပဗေဒနှင့်နက္ခတ်ပညာရှင် Eugenie Scott ကမူ သိပ္ပံပညာမှမည်သို့ပင်ပြောကြားထားသည်ဖြစ် ပါစေ သမ္မာကျမ်းတွင် ကမ္ဘာကြီးသည်အပြားကြီးဟုဖော်ပြထားသဖြင့် အပြားကြီးသာဖြစ်သည်ဟုပြောကြားပြန်ပါသည်။
လွန်ခဲ့သောနှစ်များတွင်လည်း အမေရိကန်စစ်ဌာနချုပ်မှ တစ်စိတ်တစ်ဒေသပေါက်ကြားလာသည့် ကမ္ဘာကြီး၏အစွန်းစီမံကိန်းအကြောင်း၊ ရုရှားတို့နှင့်အမေရိကန်တို့ မြောက်ဝင်ရိုးစွန်းတွင် နယ်မြေလုနေသည့်အချက်များကြောင့် ကမ္ဘာကြီးသည်ပြားသလော သို့မဟုတ် လုံးသလောဟူသောအချက်သည် ပဟေဠိသဖွယ်ဖြစ်နေဆဲပါ။
ဒါအပြင် ယခုလက်ရှိ Utube နှင့် Facebook တို့တွင် ဗွီဒီယိုများဖြင့် အောင်မြင်နေသည့် လိုဂန်ပေါလ်သည်လည်း ကမ္ဘာကြီးသည်ပြားကြောင်းယုံကြည်နေသူတစ်ဦးဖြစ်ပြီး ကမ္ဘာပြားမပြားသေချာသိရအောင်တောင်ဝင်ရိုးစွန်းသို့ခရီးထွက်မည်ဟုလည်းပြောကြားခဲ့ဖူးပါသည်။
၄◌င်းမှ "ကျွန်တော်နာမည် လိုဂန်ပေါလ် ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာကြီးပြားတယ်လို့ ယုံကြည်ရတာကို ကျွန်တော် မရှက်ပါဘူး။ ဒါကိုယုံကြည်လို့ ကျွန်တော့ကို တစ်မျိုးမြင်ကျတယ်ဆိုရင် ကျွန်တော်သိချင်တဲ့အချင်တွေရှိပါတယ်။ နှစ် (၅၀) အတွင်းလပေါ်ကို ထပ်မသွားနိုင်သေးတာဘာ့ကြောင့်လဲ? လဟာ အရင်တုန်းကသိထားသလို နေရဲ့ အလင်းကို အရောင်ပြန်တာမဟုတ်ပဲ ကိုယ်ပိုင်အလင်းရောင်ထုတ်လွှတ်နေလို့လား? ထင်ရှားတဲ့ အချိ့ သိပ္ပံပညာရှင်တွေဖြစ်တဲ့ နေးလ်ဒက်ဂရက်တိုင်လ်ဆင် (Neil Degrasse Tyson) တို့၊ ဘေးလ်နီးလ် (Bill Nye) တို့ ဆိုရင် ကမ္ဘာဆွဲငင်အားအကြောင်းတွေ ဘာတွေဆို သူတို့သေချာတောင်သိရဲ့လားမသိပါဘူး" ဟုပြောကြားခဲ့ဖူးပါသည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာကမ္ဘာပြားအသင်းကတော့ အမေရိကန်မြေပေါ်မှာ အခုထက်ထိ အခိုင်အမာတည်ရှိနေဆဲပါ။ လိုဂန်ပေါလ်နှင့် တောင်ဝင်ရိုးစွန်းကိုခရီးထွက်မည့်အုပ်စုကတော့ ဘယ်အချိန်ခရီးစထွက်မယ်မသိပေမဲ့ အကယ်၍ ကမ္ဘာကြီးသာတကယ်ပြားနေတယ်ဆိုရင်တော့ တောင်ဝင်ရိုးစွန်းကနေ ပြုတ်ကျသွားပါလိမ့်မယ်နော်။ တလောကတော့ကမ္ဘာပြားကြောင်းယုံကြည်နေသူ Michael Hughes ကတော့ ကမ္ဘာပြားတာသက်သေပြန်ရန် ၄◌င်းရဲ့လက်လုပ်နွေးငွေ့ဒုံးပျံဖြင့်ပျံတက်ဖို့ကျိုးစားခဲ့ပေမဲ့ ဒုံးပျံပျက်ကျသေဆုံးခဲ့ပါတယ်။
သက်တံ့နောင်(Wizardry Myanmar)