ကမ္ဘာတစ်လွှားတွင် Sino Burma War ဟုနာမည်ကျော်သော တရုတ်-မြန်မာစစ်ပွဲများသည် အလောင်းမင်းတရားကြီး၏သားတော်ဆင်ဖြူရှင်မင်းတရားလက်ထက်တွင်ဖြစ်ပွား...
ကမ္ဘာတစ်လွှားတွင် Sino Burma War ဟုနာမည်ကျော်သော တရုတ်-မြန်မာစစ်ပွဲများသည် အလောင်းမင်းတရားကြီး၏သားတော်ဆင်ဖြူရှင်မင်းတရားလက်ထက်တွင်ဖြစ်ပွားခဲ့သောစစ်ပွဲဖြစ်၍ ကျူးကျော်သူတရုတ်တပ်များအား မြန်မာဘုရင့်တပ်တော်များမှ ခုခံကာကွယ်ခဲ့ခြင်းဖြစ်ပါသည်။ တရုတ်-မြန်မာစစ်ပွဲ(၄)ကြိမ်တိတိဖြစ်ပွားခဲ့ကာ ခရစ်နှစ် ၁၇၆၅ ခုနှစ်မှ ၁၇၆၉ခုနှစ်အထိ (၄)နှစ်ဖြစ်ပွားခဲ့ပြီး (၄)ကြိမ်လုံးမြန်မာတို့ဘက်မှအနိုင်ရရှိခဲ့ပြီး မြန်မာ့သမိုင်းတစ်လျှောက် သူရဲကောင်းအများဆုံးပေါ်ထွန်းခဲ့သော အချိန်လည်းဖြစ်ပါသည်။
တရုတ်မြန်မာစစ်ပွဲမဖြစ်ခင်အချိန်ကာလများတွင် ဆင်ဖြူရှင်မင်း၏မြန်မာတပ်များသည် ခမည်းတော် အလောင်းမင်းတရားကြီးအောင်မြင်ခဲ့ခြင်းမရှိခဲ့သည့် ယိုးဒယားတို့အား ခရစ်နှစ်(၁၇၆၄) သက္ကရာဇ် (၁၁၂၅)တွင် ဗိုလ်ချုပ်နေမျိုးသီဟပတေ့နှင့် ဗိုလ်ချုပ်မဟာနော်ရထာတို့အား တပ်ပေါင်း(၅၈)တပ်အား အုပ်ချုပ်စေလျှက်တိုက်ခိုက်နေသောအချိန်ဖြစ်ပါသည်။ ယိုးဒယားကိုအောင်မြင်ပြီးစအချိန်တွင် ပြည်တွင်းတွင်
- နယ်ခြားအရေး ရှုပ်ထွေးခြင်း၊
- တရုတ်ကုန်သည်တို့နှင့် မြန်မာတို့ ဆက်ဆံရေး အဆင်မပြေခြင်းနှင့်
- သိန္နီ၊ ဗန်းမော်စသည့် နယ်စပ်စော်ဘွားတို့က တရုတ်တို့ကို ချီပင့်ခြင်း
တပ်ပျက်၍ပြေးသောတရုတ်တပ်များအား မြန်မာတို့မှ နောက်မှလိုက်လာတိုက်ခိုက်ရာ မဲခေါင်မြစ်ကမ်းအရောက်တွင် တရုတ်တပ်မှူးကျဆုံးပြီးစစ်ပွဲအားမြန်မာတို့မှ အနိုင်ရလေသည်။ ထို့ကြောင့် တရုတ်ဧကရာဇ်၏ညီ ယူနန်နယ်စား စူတာလောရဲသည် အရှက်ရကာ မိမိကိုယ်ကို အဆုံးစီရင် သွားရှာလေသည်။
ထိုအကြောင်းကို တရုတ်ဧကရာဇ်ကြားသိသောအခါ ယူနန်နယ်တွင် နောက်ထပ်ဘုရင်ခံအသစ်ကိုခန့်အပ် ပြန်လေသည်။
ဆင်ဖြူရှင်မင်းသည် တရုတ်တို့၏နောက်ထပ်တိုက်ခိုက်လာမည့် အန္တရာယ်ကိုကြိုတင်တွေးဆပြီး ဗလမင်းထင်အား ကောင်းတုံခံတပ်တွင်တပ်စွဲထားစေခဲ့သည်။ သက္ကရာဇ် ၁၁၂၈ ခုနှစ်တွင် ယူနန်ဘုရင်ခံ အသစ်သည် ခြေလျှင်စစ်သည် ၂သိန်း၅သောင်း၊ မြင်းတပ်စစ်သည် ၂သောင်း၅ထောင်ဖြင့် ဗန်းမော်သို့ ဝင်ရောက်တိုက်ခိုက်လေတော့သည်။
ဆက်မည်။
ဦးနတ်ရဲ