ကမ္ဘာပေါ််တွင် ဘာသာရေးဆိုင်ရာပဋိပက္ခများမကြာခဏဆိုသလိုဖြစ်ပွားလျှက်ရှိပြီး ဘာသာေရေးအရဖြစ်ပွားခဲ့သော ခရူးဆိပ်စစ်ပွဲကဲ့သို့သောစစ်ပွဲများသည်...
ကမ္ဘာပေါ််တွင် ဘာသာရေးဆိုင်ရာပဋိပက္ခများမကြာခဏဆိုသလိုဖြစ်ပွားလျှက်ရှိပြီး ဘာသာေရေးအရဖြစ်ပွားခဲ့သော ခရူးဆိပ်စစ်ပွဲကဲ့သို့သောစစ်ပွဲများသည်လည်း အလွန်ထင်ရှားသော သာဓကတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည်နှစ်ပေါင်းများစွာထိုကဲ့သို့သောဘာသာရေး ပဋိပက္ခများမှကင်းဝေးစွာ ယခုအချိန်အထိ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လျှက်ရှိပါသည်။
သို့သော်
လွန်ခဲ့သောနှစ်ပေါင်း(၈၀)ခန့်က မြန်မာနိုင်ငံအလည်ပိုင်းရှိ ရွာတစ်ရွာတွင် ဘာသာရေးစကားနိုင်လုပွဲတစ်ခုဖြစ်ပွားခဲ့ဖူးပါသည်။ ၄င်းဘာသာရေးစကားစစ်ထိုးပွဲသည် ဝက်ထီးကန်မြို့မှ လေးမိုင်ခန့်အကွာ ကျောက်ကွင်းဟုခေါ််သောကျေးရွာတွင်ဖြစ်ပွားခဲ့သဖြင့် ကျောက်ကွင်းဝါဒပြိုင်ပွဲဟု ထိုစဉ်က လူထုအကြားတွင် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ပွားခဲ့ရပါသည်။
အဆိုပါရွာကလေးသည် ဗုဒ္ဓဘာသာအနည်းငယ်သာနေထိုင်သာရွာတစ်ရွာဖြစ်ပါသည်။ ၄င်းရွာသူကြီးမှဦးလှောင်ဖြစ်၍ ၄င်းမှဗုဒ္ဓဘာသာဖြစ်သော်လည်း ၄င်း၏ဇနီးမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်ပါသည်။ တနင်္ဂနွေနေ့တိုင်းဇနီးသည်မှာ ဘုရားကျောင်းသွား၍ ဥပုသ်နေ့တိုင်း ဦးလှောင်မှာ အခြားရွာရှိဘုန်းကြီးကျောင်းတွင် ဥပုသ်စောင့်တည်လေသည်။ ဦးလှောင်သည် ရွာသူကြီး ဖြစ်သည်နှင့်အညီ ရွာရှိပြဿနာများအားလည်းရင်ဆိုင်ဖြေရှင်းပေးရင်း နှစ်ဖက်ဘာသာဝင် ဧည့်သည်များအိမ်သို့လာရောက်သောအခါ ဧည့်ခံကျွေးမွေးရလေသည်။ ကာလကြာသောအခါ ဦးလှောင်တို့သည် စီးပွားရေးပြေလည်ကြသူများမဟုတ်သောကြောင့် စီးပွားရေးထိခိုက်လာသဖြင့် ဘာသာတစ်ခုတည်းကိုသာကိုးကွယ်ရန်တိုင်ပင်ကြလေသည်။
ထိုအခါဇနီးသည်အား ဦးလှောင်အား၄င်းတို့ဘာသာသို့ဝင်စေချင်သည် ဦးလှောင်မှလည်း ဇနီးသည်အား ဗုဒ္ဓဘာသာဝင်ဖြစ်စေချင်သည်။ ထို့ကြောင့်ဇနီးသည်သည် ရွာမှ တရားဟောဆရာ ဦးရွှေအောင်အားအကူအညီတောင်းကာ ခင်ပွန်းသည်အားတရားချရန်အကူအညီတောင်းသော်လည်းမအောင်မြင်ခဲ့ပါ။ တစ်ရက်တွင် ဦးရွှေအောင်သည် ဦးလှောင်တို့အိမ်သို့ရောက်လာရာဦးလှောင်မှ ယခုလိုဆွေးနွေးနေယုံဖြင့်အဆင်ပြေမည်မဟုတ် မိမိတို့ကိုးကွယ်သည့် ဘာသာနှစ်ခုမှ ဝါဒအပြိုင်ပြောဆိုရင်းဖြင့် အဖြေတစ်ခုထွက်လာနိုင်သည်ဟု တိုင်ပင်မိရာမှ ကျောက်တွင်းဝါဒပြိုင်ပွဲဖြစ်ပေါ်လာရလေသည်။
ဦးရွှေအောင်နှင့် ဦးလှောင်သည် သဘောတူညီပြီးနောက် ရွာထဲမှ ဗုဒ္ဓဘာသာဝင်လူကြီးများကို ခေါ်ခိုင်းလိုက်၏။ ထို့နောက် ခရစ်ယာန်ပရိသတ်၊ ဗုဒ္ဓဘာသာပရိသတ်ရှေ့တွင် အောက်ပါအတိုင်း စာရွက်ပေါ်တွင် သဘောတူညီချက်များကို စာချုပ်ရေးထိုးသည်။ ဗုဒ္ဓဘာသာဝင်ဘက်မှ ဦးလှောင်၊ ခရစ်ယာန်ဘက်မှ ဦးရွှေအောင်တို့က အသီးသီးလက်မှ ရေးထိုးကြ၏။ စာချုပ်တွင် ပါဝင်သည့်အချက်များမှ အောက်ပါအတိုင်း ဖြစ်သည်။
- ကျောက်ကွင်းရွာသူကြီး ဦးလှောင်အပါအဝင် ဗုဒ္ဓဘာသာဝင်များနှင့် ၎င်းရွာနေ ဓမ္မဆရာဦးရွှေအောင်ပါ ခရစ်ယာန်များက အောက်ပါအတိုင်း သဘောတူ စာချုပ်ပြုလုပ်၍ လက်မှတ်ရေးထိုးကြသည်။
- ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာနှစ်မျိုး၌ မည်သည့်တရားက ကောင်းသည် မှန်သည်ကို ယှဉ်ပြိုင်ဟောပြောပွဲကို ကျင်းပရန်။
- ပြိုင်ပွဲပြုလုပ်ရန် ကျောက်ကွင်းရွာ၏ အနောက်ဘက်လယ်ကွင်းကြီးထဲ၌ မဏ္ဍပ်တစ်ခုထိုးရန်။
- ထိုဏ္ဍပ်ထိုးရန်အတွက် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များက အညီအမျှ ထက်ဝက်စီအကုန်အကျခံရန်။
- မဏ္ဍပ်ကို ၁၅ ပင်၊ ၁၄ ခန်း ထိုးကြရန်။ ခရစ်ယာန်တို့က ၇ ခန်း၊ ဗုဒ္ဓဘာသာတို့က ၇ ခန်းစီ အညီအမျှ ပြုလုပ်ကြရန်။
- ခေါင်းဆောင်ဖိတ်ကြားသော ဘာသာဆိုင်ရာ ဆရာများကို ဗုဒ္ဓဘာသာအတွက် ဗုဒ္ဓဘာသာဝင်တို့က စရိတ်ခံ၍၊ ခရစ်ယာန်ဘာသာအတွက် ခရစ်ယာန်ဘာသာဝင်တို့က စုပေါင်းကျခံရန်။
- မိမိတို့အဖွဲ့ သဘောကျရာဆရာများကို မိမိတို့သဘောအတိုင်း ကြိုက်နှစ်သက်သလို ရှာဖွေခေါ်ဆောင်ကြရန်။
- ဟောပြောသောအခါ ဟောပြောချိန်နာရီကို အညီအမျှထား၍ ဟောပြောကြစေရန်။
- ထိုသို့ ပြောပြီးသော်အခါ တစ်ဖက်မှ တစ်ဖက်ဘာသာသို့ တစ်အိမ်ထောင်တိတိ ကူးပြောင်းကြောင်း ကြေညာနိုင်လျှင် ထိုသို့ကြေညာနိုင်သောဘက်က နိုင်သည်ဟု ဆုံးဖြတ်ရန်။
- ရှုံးသောဘာသာဘက်မှ လူကြီးများက နိုင်သောဘက်က လူကြီးများသို့ ငွေကျပ်ငါးဆယ်တိတိ ပေးရန်။
- ငါးဆယ်အနိုင်ရရှိသောဘက်က ထိုငွေဖြင့် အောင်ပွဲအဖြစ် ရွာပြင်၌ ဇာတ်ပွဲက၍ ရွာရှိလူကုန် ပွဲကြည့်ကြစေရန်။
- ယှဉ်ပြိုင်ဟောပြောပွဲကြီး ကျင်းပမည့်ရက်ကို ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ်၊ မေလ (၁) ရက်နေ့( မြန်မာသက္ကရာဇ် ၁၂၉၈ ခု၊ ကဆုန်လဆန်း (၁၂) ရက်) သောကြာနေ့ကို သဘောတူသတ်မှတ်ရန်။
- ယခုသတ်မှတ်သော ပွဲနေ့တွင် ခေါင်းဆောင်တရားဟောဆရာ မလာနိုင်သောဘက်မှ အရှုံးဖြစ်သည်။
စသည့်အချက်အလက်များ ပါဝင်သည့်စာချုပ်ကို ချုပ်ဆိုသည့်နေ့မှာ မြန်မာသက္ကရာဇ် ၁၂၉၇ ခု၊ နှောင်းတန်ခူးလဆန်း (၁၄) ရက် (ခရစ်သက္ကရာဇ် ၁၉၃၆၊ ဧပြီလ ၄ ရက်နေ့) စနေနေ့ ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။