Page Nav

HIDE

Breaking News:

latest

Ads Place

The History of Death Railway Line (Part-2)

ချွေးတပ်သားများစုဆောင်းခြင်း ချွေးတပ်စတင်ဖွဲ့စည်းရန်အတ်က် လမ်းပန်းဆက်သွယ်ရေးနှင့်ဆည်မြောင်းဝန်ကြီးမှဦးစီး၍ ဒေသအရေးပိုင်များကိုအဖွဲ့ခေါင်းဆေ...



ချွေးတပ်သားများစုဆောင်းခြင်း

ချွေးတပ်စတင်ဖွဲ့စည်းရန်အတ်က် လမ်းပန်းဆက်သွယ်ရေးနှင့်ဆည်မြောင်းဝန်ကြီးမှဦးစီး၍ ဒေသအရေးပိုင်များကိုအဖွဲ့ခေါင်းဆောင်ခန့်ကာ အုပ်ချုပ်မှုအဆင့်ဆင်ဖြင့်စတင်ခေါ်ယူခဲ့ပြီးအလုပ်သမားတစ်ဦးလျှင်ရှာဖွေစရိတ် ၁၇ ကျပ်နှုန်းချီးမြှင့်ပြီး အလုပ်သမားတို့၏လစာအား တစ်လလျှင် ၃၀ ကျပ်အဖြစ်သတ်မှတ်ခဲ့ပါသည်။ သို့သော်မဟာမိတ်တို့၏ လေကြောင်းဗုံးကြဲမှုကြားမှစုဆောင်းရသဖြင့်ထင်သလောက်ခရီးမပေါက်ခဲ့ချေ။ ထိုစုဆောင်းမှုတွင် ဒို့ဗမာဆင်းရဲသားအစည်းအရုံးမှလဲပါဝင်ခဲ့သည်။



ကာလတို့အတွင်း အလုပ်သမား ၃၂၂၀၄ ဦးစုဆောင်းမိခဲ့ငေါ်လည်း ထွက်ပြေးသူများပြားသဖြင့် ဒုတိယအကြိမ်စုဆောင်းရန် မြန်မာအစိုးရ ဂျပန်အမှတ် ၁၅ တပ်တော်စစ်အုပ်ချုပ်ရေးဌာနနှင့်ပူးပေါင်းကာ အလုပ်သမား ၂၁၀၀၀ ခန့်ခေါ်ယူရန်ပြင်ဆင်ပြန်သည်။ ပထမအကြိမ်စုဆောင်းရာတွင် အလုက်သမား ၁၀၀၀ လျှင်အရာရှိတစ်ဦးခန့်အပ်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် ၁၀၀ လျှင်တစ်ဦးကျခန့်အပ်ရှာဖွေခဲ့ရာ အလုပ်သမား ၁၇၆၁၅ ဦးရရှိခဲ့ပြီး အများစုမှာ ကျောက်ဆည်၊ မင်းဘူး၊ ပခုက္ကူနှင့်သရက်ခရိုင်များဘက်မှဖြစ်ကြပါသည်။



မိုးတွင်းကာလရထားလမ်းဖောက်လုပ်ကြရာတွင် ဝမ်းရောဂါကျခြင်း ငှက်ဖျားဖြစ်ပွားကြခြင်း ထွက်ပြေးကြခြင်းတို့ကြောင့် တတိယအကြိမ် အလုပ်သမားစုဆောင်းရန်ပြင်ဆင်ရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ရွှေဘို၊ မုံရွာနှင့်ကသာဘက်မှဦးစားပေးစုဆောင်းခဲ့ကြပါသည်။ ထိုအချိန်တွင်ဂျပန်အမှတ် ၁၅ တပ်တော်အတွင်းဖွဲ့စည်းထားသည့် ဟေးဟိုးတပ်ခေါ် မျိုးချစ်တက်လူငယ်များအဖွဲ့အားဖွဲ့စည်းထားခဲ့ပြီး ၁၉၄၃ခု ၄လပိုင်း ၂၀ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှ မျိုးချစ်လူငယ်မျါး ဟေးဟိုးတပ်မှသို့ဝင်ရောက်ရန်တိုက်တွန်းခဲ့ပြီး အဆိုပါတပ်ဖွဲ့သည်အလုပ်သမားစုဆောင်းရာတွင်အဓိကပါဝင်ခဲ့သည်။



သံဖြူဇရပ်မြို့ အနီးတွင် သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်း အထိမ်းအမှတ် အဖြစ် ပြတိုက် နှင့် မဟာမိတ် စစ်သင်္ချိုင်း တို့ တည်ရှိပါသည်။ စစ်သင်္ချိုင်း မှာ ဒုတိယ ကမ္ဘာစစ် အတွင်းက ကျဆုံးခဲ့သည့် အင်္ဂလိပ်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ နယ်သာလန် စသည့် နိုင်ငံများ မှ စစ်သည် ၃၆၁၇ ဦးအတွက် အရိုးပြာများ ကို မြှုပ်နှံထားခြင်းဖြစ်သည်။ ယင်း စစ်သင်္ချိုင်း ကို ၁၈ ဒီဇင်ဘာ ၁၉၄၆ က ဗိုလ်ချုပ် အောင်ဆန်း နှင့် ဘုရင်ခံ ဆာ ဟူး ဘတ်ရန့် တို့ လာရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

မှီငြမ်း ဝီကီပီဒီးယား

Latest Articles