အပိုင်း(၁)မှအဆက် Unicode ဖြင့်ဖတ်ရန် ကနောင်မင်းသားကြီးကျဆုံးသွားပြီးနောက် ကနောင်မင်းသားကြီးကိုချစ်ခင်လေးစားသော မလွန်မင်းသား၊ ပြင်စည်မင်းသား၊...
Unicode ဖြင့်ဖတ်ရန်
ကနောင်မင်းသားကြီးကျဆုံးသွားပြီးနောက် ကနောင်မင်းသားကြီးကိုချစ်ခင်လေးစားသော မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့အား ကနောင်မင်းသားကြီး၏ခေါ်သည်ဟုလိမ်ညာလှည့်ဖျားကာခေါ်လာခဲ့ပြီးနန်းတော်လက်ယာဝင်းတံခါးအပြင်ဘက်တွင်သတ်ဖြတ်လိုက်ကြပြန်သည်။ မြင်ကွန်းနှင့်မင်းခုန်တိုင်မင်းသားတို့နှင့်သူပုန်တပ်ကြီးသည် ယာယီစံနန်းတော်အတွင်းသို့ပင်အတင်းကျူးကျော်ဝင်ရောက်လာသဖြင့် အရှေ့ဝင်းမှူး၊ တောင်ဒဝယ်ဗိုလ်၊ ကင်းဝန်မင်းကြီး(ကင်းဝန်မင်းကြီးဦးကောင်းမဟုတ်ပါ)၏တို့မှ ယာယီနန်းတော်စောင့် တပ်များကိုဦးစီး၍ ပြန်လည်ခုခံရလေသည်။ သို့သော်အင်အားချင်းမမျှသဖြင့် နန်းစောင့်တပ်များအကျအဆုံးများခဲ့လေသည်။ ရေနံချောင်းမြို့စား မင်းကြီးမဟာမင်းလှကျော်ခေါင်ကို ဓားဖြင့်မိုး၍အတင်းသစ္စာခံစေသည်။ သူရဲဝန်သတိုးမင်းကြီးမဟာသမိန်ဗေဗြတ်ဇကိုလည်း အတင်းသစ္စာခံခိုင်းပြန်သည်။ သို့သော်သူရဲဝန်မင်းကြီးမှသစ္စာမခံသဖြင့် ငဖြူသီးမှပင်သတ်လိုက်၍ သူရဲဝန်မင်းကြီး၏ ကျောက်စီဓားကိုငဖြူသီးကယူလေသည်။
ထို့နောက်မာရဘင်တံခါးကိုဖြတ်၍ဆက်ချီတက်လာရာ တောင်ထားဝယ်ဗိုလ်မှခုခံတိုက်ခိုက်သော်လည်း အင်အားချင်းမမျှသဖြင့် ထိုနေရာတွင်ပင်တောင်ဓားဝယ်ဗိုလ်ကျဆုံးပြန်လေသည်။ သူပုန်တပ်သားများလည်း အဆင့်ဆင့်အောင်ပွဲများရလာသဖြင့် အတင့်ရဲလာပြီး မင်းတုန်းမင်းကြီးရှိရာသို့ပင်အတင်းဝင်တိုက် ကြလေသည်။ မင်းတုန်းမင်းကြီးအနီးတွင်ခစားနေသည် ကင်းဝန်မင်းကြီးမဟာမင်းလှဇေယျသူမှ " ခမည်းတော်ပါအရှင့်သားတို့ မလုပ်ကြံသင့်ပါ" ဟုအော်ဟစ်ရင်း ရှေ့မှတစ်ဦးတည်းခုခံရာ မြင်းခုန်တိုင်မင်းသား၏ လက်ချက်ဖြင့် နေရာတွင်ပင်ကျဆုံးလေသည်။ မင်းတုန်းမင်းကြီးလည်း လုပ်ကြံသူများလက်မှလွတ်မြောက်ရန် ထွက်ပြေးစဉ် မင်းတုန်းမင်းထွက်ပြေးလာပါက လုပ်ကြံရန်အစောင့်ချထားသူ ရွှေဓားဗိုလ်နှင့်တွေ့လေသည်။ မင်းတုန်းမင်းကြီးလည်း ရွှေဓားဗိုလ်အားလုပ်ကြံမည့်သူမှန်းမသိဘဲ "ငပိုက်ငါ့ကိုလိုက်ပို့စမ်း" ဟုအမိန့်ပေးလိုက်ရာ ရွှေဓားဗိုလ်သည် မူရင်းတာဝန်ကိုမေ့၍ မင်းတုန်းမင်းအားချီပိုး၍ပြေးလေသည်။ (ထို့ကြောင့်နောင်တွင် ရွှေဓားဗိုလ်အား မြင်ကွန်းမင်းသားကသတ်လိုက်လေသည်)
မိဘုရားခေါင်ကြီးကို ကုလားပျိုသေနတ်စာရေးမောင်ခြုံဆိုသူမှ ကုန်းပိုး၍ပြေးသည်။ ထိုအချိန်တွင် မက္ခရာမင်းသားနှင့် ၎င်း၏အိမ်တော်သားများရောက်ရှိလာ၍ မင်းတုန်းမင်းအားကာကွယ်ရလေသည်။ ထို့နောက် အနောက်ဝန်ဦးတက်တူတို့ရောက်ရှိလာပြန်သည်။ မင်းတုန်းမင်းလည်း ဦးတက်တူ၏မြင်းနှင့် ပန်းဦးတံတားမှ တစ်ဆင့်လွတ်မြောက်သွားလေသည်။ မင်းတုန်းမင်းကြီး နန်းတော်အတွင်းသို့ရောက်ရှိသွားသည်ကို မြင်ကွန်းတို့မင်းသားညီနောင်မှမသိသေးဘဲ ယာယီစံနန်းတော်အတွင်း မွှေနှောက်ရှာဖွေနေကြလေသည်။
ယာယီစံနန်းတော်တွင်မတွေ့သောအခါနောက်ကြောင်းပြန်လှည့်၍ နန်းတော်ဘက်သို့ "ရွှေကျွန်းပင်ကျွန်းလွန်ကာမှ ပျိုတားနိုင်ရိုးလား" ဆိုသည့် ထိုခေတ်ကတပေါင်အားရွတ်ဆို၍ ဦးထိပ်တံခါးမှတစ်ဆင့်သူပုန်တပ်ကြီးချီတက်လာပြန်သည်။ နန်းမြို့အတွင်းသို့ရောက်သောအခါ ရွှေးတော်တံခါးအနီးရှိ သစ်တပ်ကိုဝင်စီးရန်ကြိုးစားသည်။ သစ်တပ်အတွင်းရှိနတ်သျှင်ရွေးသေနတ်ဗိုလ်မောင်စို၏တပ်ဖွဲ့များမှခုခံသော်လည်း မနိုင်သဖြင့် ဆုတ်ခွာရလေသည်။ သူပုန်တပ်ကြီးသည်ထိုမှတစ်ဆင့် လွှတ်တော်ကြီးအားဝင်းစီးရန်ကြိုးစားပြန်သည်။
လွှတ်တော်အတွင်းတွင်ရှိနေသည် မကွေးမြို့စား၊ ဝန်ထောက်ကျောက်ရဲမြို့စား၊ အသည်ဝန်ကြီးနှင့် မှူးမတ်များအဖမ်းခံရလေသည်။ ထိုမှတစ်ဆင့်သူပုန်တပ်ကြီးသည် တံခါးနီအားဖြတ်၍ ရာဇပုလ္လင်ရှိရာနန်းဆောင်ကိုဝင်စီးရန်ကြိုးစားပြန်လေသည်။ သို့သော်တံခါးနီတွင် မက္ခရာမင်းသားကြီးနှင့် ပခန်းမင်းကြီး ဦးဆောင်သောတပ်များက ခုခံတိုက်ခိုက်ခဲ့သည်။ မြင်ကွန်းမင်းသားသည် မက္ခရာမင်းသားကြီးအား စည်းရုံးသေးသော်လည်း မက္ခရာမင်းသားကြီးမှ "မိမိဗိုလ်ထဲတွင်ခမည်းတော်၏ထမင်းများရှိနေသေးတယ်" ဟုဆိုကာအတင်းတိုက်ခိုက်သဖြင့် သူပုန်တပ်များအခွင့်မသာဘဲရှိလေသည်။
တံခါးနီအားဆက်လက်တိုက်ခိုက်ရန်မဖြစ်သဖြင့် မြင်ကွန်းမင်းသားသည် ပေစာတွင် နန်းတော်တစ်ဝက်အား သိမ်းထားပြီးပြီဖြစ်ကြောင်း ခမည်းတော်ဘုရင်မင်းမြတ်၏သဘောအားသိရှိလိုကြောင်း ရေးသားပြီး ထားခဲ့၍ တပ်များပြန်ခေါက်သွားခဲ့လေသည်။ ထိုစာကိုမင်းတုန်းမင်းကြီးမြင်သော အရေးတယူလုပ်မနေဘဲ မြင်ကွန်းနှင့်မြင်းခုန်တိုင်တို့၏မိခင် ရွှေရေးဆောင်မိဖုရားကြီးဆီသို့သာ စာကို့ပို့လိုက်လေသည်။
မင်းတုန်းမင်းကြီးဆီမှအကြောင်းမပြန်သောအခါ သူပုန်တပ်များကကျန်ရှိသည့်နန်းတော်တစ်ခြမ်းအားဆက်လက်တိုက်ခိုက်ရန်ပြင်ဆင်လေတော့သည်။ သို့သော် နန်းတော်တိုက်ခိုက်ခံရကြောင်းကြားသိသဖြင့် ကနောင်မင်းသားကြီးကျဆုံးသည်ကိုမသိသေးဘဲ ကနောင်မင်းသားကြီးအားကာကွယ်ရန် နန်းတော်သို့တပ်များပြန်လည်ဆုတ်ခွာလာသည့် ရွှေလှံဗိုလ်တပ်ဖြင့်တိုးလေသည်။ ရွှေလှံဗိုလ်တပ်များသည် ရှမ်းပြည်၊ ဝပြည်များတွင်အောင်ပွဲများအလီလီခံနေသည့် တိုက်ရည်ခိုက်ရည်ဝနေသော စစ်တပ်ကြီးဖြစ်သဖြင့် နန်းတော်တစ်ခြမ်းအားသိမ်းထားသော သူပုန်တပ်များထွက်ပြေးရလေသည်။
သို့သော်အနောက်ရုံးတော်မှတစ်ဆင့် နန်းတော်ကို သေနတ်များ၊ အမြောက်များဖြင့်ပတ်ခတ်လိုက်သေးသည်။ သို့သော်မင်းတုန်းမင်းကြီး၏ ကိုယ်ရံတော်တပ်များကနန်းတော်အတွင်းမှလည်းကောင်း၊ ရွှေလှံဗိုလ်တပ်များက သစ်တပ်ဘက်မှလည်းကောင်း တိုက်ခိုက်သဖြင့် သူပုန်တပ်များတပ်ပျက်ပြီး မြို့တောင်ဘက် ရန်နှိမ်တံခါးမှ ဘုရင်ပိုင် ရေနန်းစကြာသင်္ဘောဖြင့် မလွန်ဘက်သို့ဆုတ်ပြေးလေသည်။ အတွင်းဝန်ရေနံချောင်းမြို့စားကြီးမှ မြနန်းစက်ြာသင်္ဘောဖြင့်နောက်မှလိုက်သော်လည်း အင်္ဂလိပ်ပိုက်နက်ထဲသို့ရောက်ရှိသဖြင့် လွတ်မြောက်သွားလေသည်။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့နှင့်အတူ ၎င်းတို့၏မယ်တော် ရွှေရေးဆောင် မိဖုရားကြီးလည်းပါသွားလေသည်။
ထိုနေ့တွင် ကနောင်မင်းသားကြီးနှင့် မြတောင်မြို့စား သေနတ်ဝန်ကြီးဦးမှို၊ မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့သည့်နန်းတော်အတွင်းတွင်ပင်ကျဆုံးခဲ့ပြီး လောင်းရှည်မြို့စား၊ လက်ဝဲဝင်းမှူးနှင့် မြေဒူးမြို့စားတို့ဒဏ်ရာရရှိခဲ့ပါသည်။ ပခန်းမင်းကြီးဦးရန်ဝေးအပါအဝင်မှူးမတ်တစ်ချို့သာထွက်ပြေးလွတ်မြောက်ခဲ့ပါသည်။ (ကနောင်မင်းသားကြီးကျဆုံးပြီးနောက် ကနောင်မင်းသားကြီးအား မင်းတုန်းမင်းမှလုပ်ကြံခိုင်းသည် အထင်နှင့်ကနောင်မင်းသားကြီး၏သားတော် ပတိမ်းမင်းသားမှ ရွှေဘိုမှတစ်ဆင့်ထကြွပုန်ကန်ရာ အကြီးအကျယ်နှိမ်နင်းခဲ့ရသေးသည်)
အောက်မြန်မာပြည်သို့ဆုတ်ခွာလာသည့် မြင်ကွန်းနှင့်မြင်းခုန်တိုင်တို့ညီအကိုတစ်စုအား အင်္ဂလိပ်တို့မှ တွေ့ရှိသဖြင့် ဖမ်းဆီးကာ ကပ္ပလီကျွန်းသို့ပို့ဆောင်ဖမ်းဆီးထားလိုက်လေသည်။ သို့သော်စိတ်မချသေးသဖြင့် ကပ္ပလီကျွန်းမှတစ်ဆင့် ကလက္ကတားသို့လည်းကောင်း ထိုမှတစ်ဆင့်ဗာရာဏသီသို့ပို့ဆောင်ပြီး အစောင့်အကြပ်များစွာဖြင့် ဖမ်းဆီးထားလိုက်လေသည်။ အဖမ်းဆီးခံဘဝဖြင့်နေစဉ်တွင် မြင်ကွန်းမင်းသားသည် ဘုရားကိုးကွယ်လိုသဖြင့် အင်္ဂလိပ်တို့ထံတောင်းဆိုရာ အင်္ဂလိပ်အရာရှိတစ်ဦးမှ ဘုရားအားပင့်ဆောင်လာသဖြင့် မြင်ကွန်းမင်းသားက ရှိခိုး၍ဘုရားဆင်းတုတော်အားယူလေသည်။ အင်္ဂလိပ်အရာရှိက ၎င်းအားရှိခိုးသည်အထင်ဖြင့် နောက်ထပ်တစ်ကြိမ်တွေ့သည်အခါ မြင်ကွန်းမင်းသားအား မရှိခိုးဘူးလားဟုမေးလိုက်ရာ မြင်ကွန်းမင်းသားမှ ၎င်းအင်္ဂလိပ်အရာရှိအား လူပုန်အလယ်တွင်ပင်ထထိုးကြောင်း မြင်ကွန်းမင်းသား၏မြေးတော်မှ BBC နှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်ကို မှတ်သားဖူးပါသည်။။ အာဂမင်းသားပါပေ။
အကြံအစည်ကြီးသောမြင်ကွန်းမင်းသားကြီးသည် အင်္ဂလိပ်တို့၏အကျယ်ချုပ်ဘဝဖြင့်နေရသည့်တိုင် ၎င်း၏အကြံအစီကိုမစွန့်လွှတ်ပဲ မြင်ကွန်းမင်းသားတို့နေထိုင်သည့်အိမ်တွင် အဝတ်လာလျှော်ပေးသည့် ဒိုဗီကုလားကြီး၏အဝတ်အစားများကိုဝတ်ကာ အင်္ဂလိပ်တို့အားနှစ်ပတ်ရိုက်၍ ဗာရာဏသီမှထွက်ပြေးလေသည်။ ထိုမှတစ်ဆင့် ကုန်သည်တစ်ဦး၏ အခိုင်းအစေအဖြစ်ယောင်ဆောင်ကာ ပြင်သစ်အစိုးရထံသွားရောက် ခိုလှုံလေသည်။ ထိုမှတစ်ဆင့်ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့(ယခုဟိုချီမင်းမြို့)တွင် နေထိုင်လေသည်။ မြင်ကွန်းမင်းသားကြီးဗီယက်နမ်နိုင်ငံတွင်နေထိုင်နေကြောင်းသိရှိသောအခါ ရှမ်းပြည်ရှိစော်ဘွားတစ်ချို့လာ ရောက်ခစားသေးသည်ဟုလည်းဆိုပါသည်။
ထို့အပြင် မြင်ကွန်းမင်းသားကြီးအား ရှမ်းပြည်သို့လာရောက်နေထိုင်ရန် ရှမ်းစော်ဘွားအချို့ကပင့်ဖိတ်သော်လည်း မြင်ကွန်းမင်းသားကြီးမှ ပြန်လာခဲ့ခြင်းမရှိပါ။ ထင်ပေါ်ကျော်ကြားသည့် ရခိုင်လူမျိုးဆရာတော် ဦးဥတ္တမသည်ဆိုင်ဂုံမြို့သို့ရောက်ရှိစဉ် မြင်ကွန်းမင်းသားကြီးမှ ဆွမ်းပင့်၍ကပ်ခဲ့ပါသေးသည်။ ဆရာတော်ဦးဥတ္တမမှ မြန်မာပြည်သို့မပြန်တော့ဘူးလားဟုမေးရာ မြင်ကွန်းမင်းသားကြီးမှ "ရာဇပုလ္လင်ပေါ်မထိုင်ရသမျှတော့ မြန်မာပြည်ကိုမပြန်တော့ဘူး"ဟုပြန်လည်လျှောက်ထားလေသည်။
ဤမျှမာန်ကြီးလှသော မြင်ကွန်းမင်းသားကြီးသည် ခရစ်နှစ် (၁၉၂၁)ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ သက်တော် (၇၉)နှစ်အရွယ်တင် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့တွင်ပင် ကွယ်လွန်ခဲ့ပါသည်။
သက်တံ့နောင်(Wizardry Myanmar)
ကိုးကား
ဝီကီပီးဒီးယားမြန်မာ
BBC နှင့် မြင်ကွန်းမင်းသား၏မြေးတော်ထိပ်တင်မြင့်၏အင်တာဗျူး
Zawgyi ျဖင့္ဖတ္ရန္
ကေနာင္မင္းသားႀကီးက်ဆုံးသြားၿပီးေနာက္ ကေနာင္မင္းသားႀကီးကိုခ်စ္ခင္ေလးစားေသာ မလြန္မင္းသား၊ ျပင္စည္မင္းသား၊ စကုမင္းသားတို႔အား ကေနာင္မင္းသားႀကီး၏ေခၚသည္ဟုလိမ္ညာလွည့္ဖ်ားကာေခၚလာခဲ့ၿပီးနန္းေတာ္လက္ယာဝင္းတံခါးအျပင္ဘက္တြင္သတ္ျဖတ္လိုက္ၾကျပန္သည္။ ျမင္ကြန္းႏွင့္မင္းခုန္တိုင္မင္းသားတို႔ႏွင့္သူပုန္တပ္ႀကီးသည္ ယာယီစံနန္းေတာ္အတြင္းသို႔ပင္အတင္းက်ဴးေက်ာ္ဝင္ေရာက္လာသျဖင့္ အေရွ႕ဝင္းမႉး၊ ေတာင္ဒဝယ္ဗိုလ္၊ ကင္းဝန္မင္းႀကီး(ကင္းဝန္မင္းႀကီးဦးေကာင္းမဟုတ္ပါ)၏တို႔မွ ယာယီနန္းေတာ္ေစာင့္ တပ္မ်ားကိုဦးစီး၍ ျပန္လည္ခုခံရေလသည္။ သို႔ေသာ္အင္အားခ်င္းမမၽွသျဖင့္ နန္းေစာင့္တပ္မ်ားအက်အဆုံးမ်ားခဲ့ေလသည္။ ေရနံေခ်ာင္းၿမိဳ႕စား မင္းႀကီးမဟာမင္းလွေက်ာ္ေခါင္ကို ဓားျဖင့္မိုး၍အတင္းသစၥာခံေစသည္။ သူရဲဝန္သတိုးမင္းႀကီးမဟာသမိန္ေဗျဗတ္ဇကိုလည္း အတင္းသစၥာခံခိုင္းျပန္သည္။ သို႔ေသာ္သူရဲဝန္မင္းႀကီးမွသစၥာမခံသျဖင့္ ငျဖဴသီးမွပင္သတ္လိုက္၍ သူရဲဝန္မင္းႀကီး၏ ေက်ာက္စီဓားကိုငျဖဴသီးကယူေလသည္။
ထို႔ေနာက္မာရဘင္တံခါးကိုျဖတ္၍ဆက္ခ်ီတက္လာရာ ေတာင္ထားဝယ္ဗိုလ္မွခုခံတိုက္ခိုက္ေသာ္လည္း အင္အားခ်င္းမမၽွသျဖင့္ ထိုေနရာတြင္ပင္ေတာင္ဓားဝယ္ဗိုလ္က်ဆုံးျပန္ေလသည္။ သူပုန္တပ္သားမ်ားလည္း အဆင့္ဆင့္ေအာင္ပြဲမ်ားရလာသျဖင့္ အတင့္ရဲလာၿပီး မင္းတုန္းမင္းႀကီးရွိရာသို႔ပင္အတင္းဝင္တိုက္ ၾကေလသည္။ မင္းတုန္းမင္းႀကီးအနီးတြင္ခစားေနသည္ ကင္းဝန္မင္းႀကီးမဟာမင္းလွေဇယ်သူမွ " ခမည္းေတာ္ပါအရွင့္သားတို႔ မလုပ္ႀကံသင့္ပါ" ဟုေအာ္ဟစ္ရင္း ေရွ႕မွတစ္ဦးတည္းခုခံရာ ျမင္းခုန္တိုင္မင္းသား၏ လက္ခ်က္ျဖင့္ ေနရာတြင္ပင္က်ဆုံးေလသည္။ မင္းတုန္းမင္းႀကီးလည္း လုပ္ႀကံသူမ်ားလက္မွလြတ္ေျမာက္ရန္ ထြက္ေျပးစဥ္ မင္းတုန္းမင္းထြက္ေျပးလာပါက လုပ္ႀကံရန္အေစာင့္ခ်ထားသူ ေရႊဓားဗိုလ္ႏွင့္ေတြ႕ေလသည္။ မင္းတုန္းမင္းႀကီးလည္း ေရႊဓားဗိုလ္အားလုပ္ႀကံမည့္သူမွန္းမသိဘဲ "ငပိုက္ငါ့ကိုလိုက္ပို႔စမ္း" ဟုအမိန႔္ေပးလိုက္ရာ ေရႊဓားဗိုလ္သည္ မူရင္းတာဝန္ကိုေမ့၍ မင္းတုန္းမင္းအားခ်ီပိုး၍ေျပးေလသည္။ (ထို႔ေၾကာင့္ေနာင္တြင္ ေရႊဓားဗိုလ္အား ျမင္ကြန္းမင္းသားကသတ္လိုက္ေလသည္)
မိဘုရားေခါင္ႀကီးကို ကုလားပ်ိဳေသနတ္စာေရးေမာင္ျခဳံဆိုသူမွ ကုန္းပိုး၍ေျပးသည္။ ထိုအခ်ိန္တြင္ မကၡရာမင္းသားႏွင့္ ၎၏အိမ္ေတာ္သားမ်ားေရာက္ရွိလာ၍ မင္းတုန္းမင္းအားကာကြယ္ရေလသည္။ ထို႔ေနာက္ အေနာက္ဝန္ဦးတက္တူတို႔ေရာက္ရွိလာျပန္သည္။ မင္းတုန္းမင္းလည္း ဦးတက္တူ၏ျမင္းႏွင့္ ပန္းဦးတံတားမွ တစ္ဆင့္လြတ္ေျမာက္သြားေလသည္။ မင္းတုန္းမင္းႀကီး နန္းေတာ္အတြင္းသို႔ေရာက္ရွိသြားသည္ကို ျမင္ကြန္းတို႔မင္းသားညီေနာင္မွမသိေသးဘဲ ယာယီစံနန္းေတာ္အတြင္း ေမႊေႏွာက္ရွာေဖြေနၾကေလသည္။
ယာယီစံနန္းေတာ္တြင္မေတြ႕ေသာအခါေနာက္ေၾကာင္းျပန္လွည့္၍ နန္းေတာ္ဘက္သို႔ "ေရႊကၽြန္းပင္ကၽြန္းလြန္ကာမွ ပ်ိဳတားနိုင္ရိုးလား" ဆိုသည့္ ထိုေခတ္ကတေပါင္အားရြတ္ဆို၍ ဦးထိပ္တံခါးမွတစ္ဆင့္သူပုန္တပ္ႀကီးခ်ီတက္လာျပန္သည္။ နန္းၿမိဳ႕အတြင္းသို႔ေရာက္ေသာအခါ ေရႊးေတာ္တံခါးအနီးရွိ သစ္တပ္ကိုဝင္စီးရန္ႀကိဳးစားသည္။ သစ္တပ္အတြင္းရွိနတ္သၽွင္ေရြးေသနတ္ဗိုလ္ေမာင္စို၏တပ္ဖြဲ႕မ်ားမွခုခံေသာ္လည္း မနိုင္သျဖင့္ ဆုတ္ခြာရေလသည္။ သူပုန္တပ္ႀကီးသည္ထိုမွတစ္ဆင့္ လႊတ္ေတာ္ႀကီးအားဝင္းစီးရန္ႀကိဳးစားျပန္သည္။
လႊတ္ေတာ္အတြင္းတြင္ရွိေနသည္ မေကြးၿမိဳ႕စား၊ ဝန္ေထာက္ေက်ာက္ရဲၿမိဳ႕စား၊ အသည္ဝန္ႀကီးႏွင့္ မႉးမတ္မ်ားအဖမ္းခံရေလသည္။ ထိုမွတစ္ဆင့္သူပုန္တပ္ႀကီးသည္ တံခါးနီအားျဖတ္၍ ရာဇပုလႅင္ရွိရာနန္းေဆာင္ကိုဝင္စီးရန္ႀကိဳးစားျပန္ေလသည္။ သို႔ေသာ္တံခါးနီတြင္ မကၡရာမင္းသားႀကီးႏွင့္ ပခန္းမင္းႀကီး ဦးေဆာင္ေသာတပ္မ်ားက ခုခံတိုက္ခိုက္ခဲ့သည္။ ျမင္ကြန္းမင္းသားသည္ မကၡရာမင္းသားႀကီးအား စည္း႐ုံးေသးေသာ္လည္း မကၡရာမင္းသားႀကီးမွ "မိမိဗိုလ္ထဲတြင္ခမည္းေတာ္၏ထမင္းမ်ားရွိေနေသးတယ္" ဟုဆိုကာအတင္းတိုက္ခိုက္သျဖင့္ သူပုန္တပ္မ်ားအခြင့္မသာဘဲရွိေလသည္။
တံခါးနီအားဆက္လက္တိုက္ခိုက္ရန္မျဖစ္သျဖင့္ ျမင္ကြန္းမင္းသားသည္ ေပစာတြင္ နန္းေတာ္တစ္ဝက္အား သိမ္းထားၿပီးၿပီျဖစ္ေၾကာင္း ခမည္းေတာ္ဘုရင္မင္းျမတ္၏သေဘာအားသိရွိလိုေၾကာင္း ေရးသားၿပီး ထားခဲ့၍ တပ္မ်ားျပန္ေခါက္သြားခဲ့ေလသည္။ ထိုစာကိုမင္းတုန္းမင္းႀကီးျမင္ေသာ အေရးတယူလုပ္မေနဘဲ ျမင္ကြန္းႏွင့္ျမင္းခုန္တိုင္တို႔၏မိခင္ ေရႊေရးေဆာင္မိဖုရားႀကီးဆီသို႔သာ စာကို႔ပို႔လိုက္ေလသည္။
မင္းတုန္းမင္းႀကီးဆီမွအေၾကာင္းမျပန္ေသာအခါ သူပုန္တပ္မ်ားကက်န္ရွိသည့္နန္းေတာ္တစ္ျခမ္းအားဆက္လက္တိုက္ခိုက္ရန္ျပင္ဆင္ေလေတာ့သည္။ သို႔ေသာ္ နန္းေတာ္တိုက္ခိုက္ခံရေၾကာင္းၾကားသိသျဖင့္ ကေနာင္မင္းသားႀကီးက်ဆုံးသည္ကိုမသိေသးဘဲ ကေနာင္မင္းသားႀကီးအားကာကြယ္ရန္ နန္းေတာ္သို႔တပ္မ်ားျပန္လည္ဆုတ္ခြာလာသည့္ ေရႊလွံဗိုလ္တပ္ျဖင့္တိုးေလသည္။ ေရႊလွံဗိုလ္တပ္မ်ားသည္ ရွမ္းျပည္၊ ဝျပည္မ်ားတြင္ေအာင္ပြဲမ်ားအလီလီခံေနသည့္ တိုက္ရည္ခိုက္ရည္ဝေနေသာ စစ္တပ္ႀကီးျဖစ္သျဖင့္ နန္းေတာ္တစ္ျခမ္းအားသိမ္းထားေသာ သူပုန္တပ္မ်ားထြက္ေျပးရေလသည္။
သို႔ေသာ္အေနာက္႐ုံးေတာ္မွတစ္ဆင့္ နန္းေတာ္ကို ေသနတ္မ်ား၊ အေျမာက္မ်ားျဖင့္ပတ္ခတ္လိုက္ေသးသည္။ သို႔ေသာ္မင္းတုန္းမင္းႀကီး၏ ကိုယ္ရံေတာ္တပ္မ်ားကနန္းေတာ္အတြင္းမွလည္းေကာင္း၊ ေရႊလွံဗိုလ္တပ္မ်ားက သစ္တပ္ဘက္မွလည္းေကာင္း တိုက္ခိုက္သျဖင့္ သူပုန္တပ္မ်ားတပ္ပ်က္ၿပီး ၿမိဳ႕ေတာင္ဘက္ ရန္ႏွိမ္တံခါးမွ ဘုရင္ပိုင္ ေရနန္းစၾကာသေဘၤာျဖင့္ မလြန္ဘက္သို႔ဆုတ္ေျပးေလသည္။ အတြင္းဝန္ေရနံေခ်ာင္းၿမိဳ႕စားႀကီးမွ ျမနန္းစက္ျာသေဘၤာျဖင့္ေနာက္မွလိုက္ေသာ္လည္း အဂၤလိပ္ပိုက္နက္ထဲသို႔ေရာက္ရွိသျဖင့္ လြတ္ေျမာက္သြားေလသည္။ ျမင္ကြန္း ျမင္းခုန္တိုင္မင္းသားတို႔ႏွင့္အတူ ၎တို႔၏မယ္ေတာ္ ေရႊေရးေဆာင္ မိဖုရားႀကီးလည္းပါသြားေလသည္။
ထိုေန႔တြင္ ကေနာင္မင္းသားႀကီးႏွင့္ ျမေတာင္ၿမိဳ႕စား ေသနတ္ဝန္ႀကီးဦးမွို၊ မလြန္မင္းသား၊ ျပင္စည္မင္းသား၊ စကုမင္းသားတို႔သည့္နန္းေတာ္အတြင္းတြင္ပင္က်ဆုံးခဲ့ၿပီး ေလာင္းရွည္ၿမိဳ႕စား၊ လက္ဝဲဝင္းမႉးႏွင့္ ေျမဒူးၿမိဳ႕စားတို႔ဒဏ္ရာရရွိခဲ့ပါသည္။ ပခန္းမင္းႀကီးဦးရန္ေဝးအပါအဝင္မႉးမတ္တစ္ခ်ိဳ႕သာထြက္ေျပးလြတ္ေျမာက္ခဲ့ပါသည္။ (ကေနာင္မင္းသားႀကီးက်ဆုံးၿပီးေနာက္ ကေနာင္မင္းသားႀကီးအား မင္းတုန္းမင္းမွလုပ္ႀကံခိုင္းသည္ အထင္ႏွင့္ကေနာင္မင္းသားႀကီး၏သားေတာ္ ပတိမ္းမင္းသားမွ ေရႊဘိုမွတစ္ဆင့္ထႂကြပုန္ကန္ရာ အႀကီးအက်ယ္ႏွိမ္နင္းခဲ့ရေသးသည္)
ေအာက္ျမန္မာျပည္သို႔ဆုတ္ခြာလာသည့္ ျမင္ကြန္းႏွင့္ျမင္းခုန္တိုင္တို႔ညီအကိုတစ္စုအား အဂၤလိပ္တို႔မွ ေတြ႕ရွိသျဖင့္ ဖမ္းဆီးကာ ကပၸလီကၽြန္းသို႔ပို႔ေဆာင္ဖမ္းဆီးထားလိုက္ေလသည္။ သို႔ေသာ္စိတ္မခ်ေသးသျဖင့္ ကပၸလီကၽြန္းမွတစ္ဆင့္ ကလကၠတားသို႔လည္းေကာင္း ထိုမွတစ္ဆင့္ဗာရာဏသီသို႔ပို႔ေဆာင္ၿပီး အေစာင့္အၾကပ္မ်ားစြာျဖင့္ ဖမ္းဆီးထားလိုက္ေလသည္။ အဖမ္းဆီးခံဘဝျဖင့္ေနစဥ္တြင္ ျမင္ကြန္းမင္းသားသည္ ဘုရားကိုးကြယ္လိုသျဖင့္ အဂၤလိပ္တို႔ထံေတာင္းဆိုရာ အဂၤလိပ္အရာရွိတစ္ဦးမွ ဘုရားအားပင့္ေဆာင္လာသျဖင့္ ျမင္ကြန္းမင္းသားက ရွိခိုး၍ဘုရားဆင္းတုေတာ္အားယူေလသည္။ အဂၤလိပ္အရာရွိက ၎အားရွိခိုးသည္အထင္ျဖင့္ ေနာက္ထပ္တစ္ႀကိမ္ေတြ႕သည္အခါ ျမင္ကြန္းမင္းသားအား မရွိခိုးဘူးလားဟုေမးလိုက္ရာ ျမင္ကြန္းမင္းသားမွ ၎အဂၤလိပ္အရာရွိအား လူပုန္အလယ္တြင္ပင္ထထိုးေၾကာင္း ျမင္ကြန္းမင္းသား၏ေျမးေတာ္မွ BBC ႏွင့္အင္တာဗ်ဴးတြင္ေျပာၾကားခဲ့သည္ကို မွတ္သားဖူးပါသည္။။ အာဂမင္းသားပါေပ။
အႀကံအစည္ႀကီးေသာျမင္ကြန္းမင္းသားႀကီးသည္ အဂၤလိပ္တို႔၏အက်ယ္ခ်ဳပ္ဘဝျဖင့္ေနရသည့္တိုင္ ၎၏အႀကံအစီကိုမစြန႔္လႊတ္ပဲ ျမင္ကြန္းမင္းသားတို႔ေနထိုင္သည့္အိမ္တြင္ အဝတ္လာေလၽွာ္ေပးသည့္ ဒိုဗီကုလားႀကီး၏အဝတ္အစားမ်ားကိုဝတ္ကာ အဂၤလိပ္တို႔အားႏွစ္ပတ္ရိုက္၍ ဗာရာဏသီမွထြက္ေျပးေလသည္။ ထိုမွတစ္ဆင့္ ကုန္သည္တစ္ဦး၏ အခိုင္းအေစအျဖစ္ေယာင္ေဆာင္ကာ ျပင္သစ္အစိုးရထံသြားေရာက္ ခိုလႈံေလသည္။ ထိုမွတစ္ဆင့္ဗီယက္နမ္နိုင္ငံ ဆိုင္ဂုံၿမိဳ႕(ယခုဟိုခ်ီမင္းၿမိဳ႕)တြင္ ေနထိုင္ေလသည္။ ျမင္ကြန္းမင္းသားႀကီးဗီယက္နမ္နိုင္ငံတြင္ေနထိုင္ေနေၾကာင္းသိရွိေသာအခါ ရွမ္းျပည္ရွိေစာ္ဘြားတစ္ခ်ိဳ႕လာ ေရာက္ခစားေသးသည္ဟုလည္းဆိုပါသည္။
ထို႔အျပင္ ျမင္ကြန္းမင္းသားႀကီးအား ရွမ္းျပည္သို႔လာေရာက္ေနထိုင္ရန္ ရွမ္းေစာ္ဘြားအခ်ိဳ႕ကပင့္ဖိတ္ေသာ္လည္း ျမင္ကြန္းမင္းသားႀကီးမွ ျပန္လာခဲ့ျခင္းမရွိပါ။ ထင္ေပၚေက်ာ္ၾကားသည့္ ရခိုင္လူမ်ိဳးဆရာေတာ္ ဦးဥတၱမသည္ဆိုင္ဂုံၿမိဳ႕သို႔ေရာက္ရွိစဥ္ ျမင္ကြန္းမင္းသားႀကီးမွ ဆြမ္းပင့္၍ကပ္ခဲ့ပါေသးသည္။ ဆရာေတာ္ဦးဥတၱမမွ ျမန္မာျပည္သို႔မျပန္ေတာ့ဘူးလားဟုေမးရာ ျမင္ကြန္းမင္းသားႀကီးမွ "ရာဇပုလႅင္ေပၚမထိုင္ရသမၽွေတာ့ ျမန္မာျပည္ကိုမျပန္ေတာ့ဘူး"ဟုျပန္လည္ေလၽွာက္ထားေလသည္။
ဤမၽွမာန္ႀကီးလွေသာ ျမင္ကြန္းမင္းသားႀကီးသည္ ခရစ္ႏွစ္ (၁၉၂၁)ခုႏွစ္ စက္တင္ဘာလ (၂၀)ရက္ေန႔ သက္ေတာ္ (၇၉)ႏွစ္အရြယ္တင္ ဗီယက္နမ္နိုင္ငံ ဆိုင္ဂုံၿမိဳ႕တြင္ပင္ ကြယ္လြန္ခဲ့ပါသည္။
သက္တံ့ေနာင္(Wizardry Myanmar)
ကိုးကား
ဝီကီပီးဒီးယားျမန္မာ
BBC ႏွင့္ ျမင္ကြန္းမင္းသား၏ေျမးေတာ္ထိပ္တင္ျမင့္၏အင္တာဗ်ဴး