Unicode ဖြင့်ဖတ်ရန် ၁၈၂၄ ခုနှစ် မတ်လ (၅)ရက်နေ့ ထိုနေ့တွင် အရှေ့အိန္ဒိယဘုရင်ခံချုပ်လော့ဝီလီယန်အမ်းဟတ်သည် အင်းဝနေပြည်အား တရားဝင်စစ်ကြေငြာခဲ့ပြ...
Unicode ဖြင့်ဖတ်ရန်
၁၈၂၄ ခုနှစ် မတ်လ (၅)ရက်နေ့ ထိုနေ့တွင် အရှေ့အိန္ဒိယဘုရင်ခံချုပ်လော့ဝီလီယန်အမ်းဟတ်သည် အင်းဝနေပြည်အား တရားဝင်စစ်ကြေငြာခဲ့ပြီး First Anglo Burma War ဟုနာမည်ကျော်ခဲ့သည့် ပထမအင်္ဂလိပ်- မြန်မာစစ်ပွဲကြီးစတင်ခဲ့သည်။ တကယ်တမ်းဆိုရပါလျှင် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကြီးစတင်ခဲ့ခြင်းသည် မဏိပူရနှင့်အာသံအရေးအခင်များကြောင့်ဟုဆိုနိုင်ပါသည်။ အင်းဝနေပြည်တော်တွင်နန်းစံနေသည့် ဘိုးတော်ဘုရားမင်းကြီးသည် မဏိပူရကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ၁၈၁၇ ခုနှစ်တွင် အာသံအားသိမ်းပိုက်လိုက်ပြီး ရုပ်သေးဘုရင်ခံတစ်ဦးဖြစ်သည့် ချန်ထရာကန်တဆင်းကို ခန့်ထားပြီးတပ်များပြန်ဆုတ်သွားခဲ့သည်။
သို့သော် ၎င်းရုပ်သေးဘုရင်ခံသည် မြန်မာတို့အားတော်လှန်၍ အင်္ဂလိပ်တို့လက်အောက်သို့ ခိုဝင်လိုက်လေသည်။ ထိုအကြောင်းကို မြန်မာဘုရင်မှသိရှိသောအခါ စစ်သူကြီးမဟာဗန္ဒုလအားချီတက်၍ အာသံအား တိုက်ခိုက်ပြန်စေသည်။ ၁၈၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်သူကြီးမဟာဗန္ဒုလသည် စစ်သည်နှစ်သောင်းကျော်ပါရှိသော တပ်ဖြင့် ဟူးကောင်းတောင်ကြားကိုဖြတ်၍ တစ်နှစ်ခွဲခန့်အပြင်းအထန်တိုက်ခိုက်၍ အာသံအားသိမ်းပိုက်လိုက်လေသည်။ ဤတွင်ပြဿနာစလေတော့သည်။ အာသံဘုရင်ခံသည် ဗြိတိသျှတို့၏လက်အောက်တွင်ခိုဝင်ပြီးသားဖြစ်သော်လည်း မြန်မာတို့၏အယူအဆတွင် မြန်မာတို့လက်မှပုန်ကန်သွားသောနယ်မြေတစ်ခုဖြစ်လေသည်။
ထို့ကြောင့် ၁၈၂၄ ခုနှစ် မတ်လ (၅)ရက်နေ့တွင် အင်္ဂလိပ်တို့ကမြန်မာတို့အားစစ်ကြေငြာ၍ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲကြီးအားစတင်လေတော့သည်။ စစ်ပွဲကြီးစတင်သည့်အချိန်မှာပင် အာသံတိုက်ပွဲများတွင် နာမည်ကျော်ခဲ့သည့် မြန်မာစစ်သူကြီးမဟာဗန္ဒုလသည် ၎င်း၏လက်ရုံးတပ်ကြီးဖြစ်သည့် အင်းဝမင်းနေပြည်တော်တွင် အထူးချွန်ဆုံးဖြစ်သည့် အင်းဝနေပြည်တော်ကြီးတွင် ဒိတ်ဒိတ်ကျဲ တပ်မှူးကြီးများဦးစီးသည့် တပ်ကြီး(၁၂)တပ် စစ်သည် (၁၀၀၀၀)၊ မြင်းကောင်ရေ (၅၀၀)နှင့် အာသံစစ်မြေပြင်တွင်ရောက်ရှိနေသည့်အချိန် ဖြစ်လေသည်။
အင်္ဂလိပ်တို့စစ်ကြေငြာကြောင်းသိရှိပြီးချင်းချင်းတွင် စစ်သူကြီးမဟာဗန္ဒုလသည် နယ်စပ်ရှိမိမိတို့တပ်များ အားဦးစွာတိုက်ခိုက်တော့မည်ဖြစ်ကြောင်းသိရှိ၍ စစ်တကောင်းနှင့်ကချာနယ်များတွင် တပ်များကို နှစ်ပိုင်းခွဲ၍တပ်စွဲထားစေသည်။ စစ်သူကြီးမဟာဗန္ဒုလသည် စစ်တကောင်းနယ်တွင်ကွပ်ကဲနေစဉ် ၎င်း၏နာမည်ကျော်တပ်မှူးဥဇနသည် ကချာနယ်ရှိတပ်များအားကွပ်ကဲ၍ အင်္ဂလိပ်တို့အားခုခံတိုက်ခိုက်လေသည်။ နယ်မြေကြမ်းတမ်းလှသော ရခိုင်စစ်မြေပြင်တွင် အသားကျပြီးသောမြန်မာတပ်များသည် အင်္ဂလိပ်တပ်များ အား ခုခံနိုင်ရုံသာမကအောင်ပွဲများတစ်ပွဲပြီးတစ်ပွဲရရှိ၍ ပန်းဝါ-ရာမူးတိုက်ပွဲကြီးအား တိုက်ခိုက်အနိုင်ရရှိပြီး သည့်နောက်ပိုင်း ကလကတ္တားရှိ ဘုရင်ခံသည် လက်ရှိနည်းဖြင့်မြန်မာတို့အားဆက်လက်တိုက်ခိုက်၍ မရကြောင်းသဘောပေါက်သဖြင့် ဗိုလ်ချုပ်ကြီးဆြာအာချီဘော်ကင်းဘဲလ် ဦးဆောင်သော အင်အားတစ်သောင်းခန့်ရှိသည့် ရေတပ်ကြီးအား ရန်ကုန်ကိုတိုက်ခိုက်ရန်စေလွှတ်လိုက်လေသည်။
ထို့အချိန်တွင် စစ်ရေးတွင်ကျွမ်းကျင်သောမဟာဗန္ဒုလသည် ရှေ့ဆက်တိုက်ပါက ကလကတ္တားအား သိမ်းပိုက်နိုင်တော့မည်ကိုသိရှိသော်လည်း အင်္ဂလိပ်တို့သည့်အခြားဘက်မှလှည့်၍တိုက်ခိုက်နိုင်ကြောင်း အထူးသဖြင့်ရေကြောင်းကျွမ်းကျင်သူများဖြစ်သဖြင့် ရန်ကုန်သည် တိုက်ခိုက်ခံရနိုင်ကြောင်း သတိထားမိသဖြင့် တပ်များအားဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ရပ်တံ့ထားစေသည်။ မဟာဗန္ဒုလတွေးသည့်အတိုင်းပင် ၁၈၂၄ ခုနှစ် မေလ ၁၁ ရက်နေ့ အင်အားတစ်သောင်းကျော်ပါဝင်သော ဗြိတိသျှစစ်တပ်ကြီးသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာလေသည်။
ထိုအချိန်ကရန်ကုန်သည် ထင်ရှားသောမြို့ကြီးတစ်မြို့မဟုတ်သေး ငါးညှီနံသင်းသည့် ဆိပ်ကမ်းမြို့ငယ်လေးသာဖြစ်လေသည်။ လူဦးရေ (၂၀၀၀၀)ခန့်သာရှိ၍ ရန်ကုန်မြစ်နှင့်မြို့ကြားတွင် မြင့်မားသောသစ်လုံးမြို့ရိုးကြီးကိုစိုက်ထူထားသည်။ အဆောက်အဦးကောင်းကောင်းဟူ၍လည်းမရှိ လူနေကြဲ၍ သစ်တောကြီးများ ဖုံးအုပ်ထားကာ ကျားပေါသောအရပ်ဒေသဖြစ်သည်။ (ပြည်လမ်းနှင့် မင်းဓမ္မကုန်းအနီးရှိလမ်းများကို ထိုစဉ်က ကျားသောင်းကျန်းသဖြင့် ကျားလမ်းဟုပင်ခေါ်ခဲ့ကြသည်ဟုမှတ်သားဖူးပါသည်)
မြန်မာ့တပ်မကြီးများသည် စစ်တကောင်းနှင့်ကချာနယ်များတွင်ရောက်ရှိနေသဖြင့် ရန်ကုန်ရှိမြို့စောင့်တပ်သည် မြန်မာတို့၏ဆုတ်ခွာခြင်းဗျူဟာဖြစ်သည့် မြေလှန်ခြင်းဗျူဟာအားအသုံးပြုခဲ့လေသည်။ မြေလှန်ခြင်းဆိုသည်မှာ မြို့တွင်းရှိလူများအားလုံးဆုတ်ခွာပြေး၍ မြို့ပြင်ရှိအရာအားလုံးအားဖျက်ဆီးခဲ့ခြင်းဖြစ်လေသည်။ ဗြိတိသျှတို့မူလက စီစဉ်ထားသည်မှာ ၎င်းတို့တပ်များရန်ကုန်အားအလွယ်တကူသိမ်းပိုက်မည်။ ရန်ကုန်အားသိမ်းပိုက်နေစဉ်အတွင်း အနောက်ဘက်စစ်မျက်နှာတွင်ရှိသည့်မြန်မာတပ်များအား အခက်အခဲဖြစ်စေ၍ ထိုအချိန်တွင် အင်းဝနန်းတော်မှစစ်ပြေငြိမ်းကြောင်းကမ်းလှမ်းလာစေရန်ဖြစ်လေသည်။ ရန်ကုန်အား တိုက်ခိုက်ရာတွင်လည်း အလွယ်တကူတိုက်ခိုက်ရနိုင်၍ မြန်မာတို့၏အုပ်ချုပ်မှုကိုမလိုလားသော ဒေသခံ များက ၎င်းတို့နှင့်အလွယ်တကူလာရောက်ပူးပေါင်းလိမ့်မည်ဟုပင်ခန့်မှန်းထားခဲ့သည်။
သို့သော် မေလ ၁၁ ရက်နေ့တွင် ဗြိတိသျှစစ်သင်္ဘောကြီးများရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာချိန်တွင် ရန်ကုန်မြို့အတွင်းတွင် ဟိုတစ်စဒီတစ်စမီးလောက်နေမှုမှအပအခြားမရှိ စစ်သင်္ဘောပေါ်ပါသောစစ်သားများ တိုက်ခိုက်စရာခံတပ်မရှိ အမြောက်များပစ်ခတ်စရာ ပစ်မှတ်များလည်းမရှိ ၎င်းတို့အားကြိုဆိုမည့် မြို့သူမြို့သားများလည်းမရှိ အလံဖြူထောင်ထားခြင်းလည်းမရှိ ဘာဆိုဘာမှမရှိသော တိတ်ဆိတ်နေသည့်တစ္ဆေမြို့ကြီးကဲ့သို့ပင်ဖြစ်နေလေသည်။
ဗြိတိသျှတို့သည်ရန်ကုန်အားအလစ်ဝင်ရောက်စီးနင်းမည်ဟုယုံကြည်ထားသော်လည်း ရန်ကုန်သည် ကျူးကျော်သူများမရောက်မီပင် ဘာမှမရှိသောနယ်မြေကြီးတစ်ခုဖြစ်နေနှင့်ပြီဖြစ်လေသည်။ ဆြာအာချီဘော်ကင်းဘဲနှင့်၎င်း၏တပ်များသည် ကာကွယ်မည့်သူမရှိသည့် ရန်ကုန်တွင်တပ်စွဲထားလိုက်ကြသည်။ ရန်ကုန်၏အမြင့်ဆုံးနေရာဖြစ်သည့် ရွှေတိဂုံဘုရားကုန်းပေါ်တွင်လည်း တပ်ဖွဲ့များတင်ထားလိုက်သည်။
ထို့ကြောင့် ရန်ကုန်စစ်မြေပြင်အား ဗြိတိသျှတို့မှ မှတ်တမ်းတင်ထားသည်မှာ " ကျွန်ုပ်တို့သည် ရန်သူ့တပ်စခန်းအခြေအနေနှင့်ပတ်သက်၍ ဘာတစ်ခုမျှမသိရ ကျွန်ုပ်တို့သိသောအရာအားလုံးသည် ထင်ကြေးများ သာဖြစ်သည်" ဟုမှတ်တမ်းတင်ထားပါသည်။ သို့သော် ၎င်းတို့မသိလိုက်သည်မှာ ၎င်းတို့တပ်စွဲထားသော နေရာနှင့်မလှမ်းမကမ်းတွင် အင်အား နှစ်သောင်းခန့်ရှိသောမြန်မာတပ်ဖွဲ့ကြီးတပ်စွဲထားခြင်းဖြစ်လေသည်။မေလ(၂၈)ရက်နေ့တွင် ဗြိတိသျှတပ်စစ်ကူသစ်များထပ်မံရောက်ရှိလာပြီး ခြေလျှင်တပ်ရင်းကြီး(၄)ရင်းဖြင့် မြန်မာတို့၏ကြည့်မြင်တိုင်ခံတပ်ကိုဝင်ရောက်တိုက်ခိုက်သဖြင့် မြန်မာတပ်များ ကမာရွတ်အထိဆုတ်ခွာပေးခဲ့ရသည်။ တိုက်ပွဲသည် ဟိုနားတစ်ခု ဒီနားတစ်ခုဖြစ်ပွားရင်းပင် ဇူလိုင်လအတွင်းသို့ရောက်ရှိလာခဲ့လေသည်။
အနောက်ဘက်စစ်မြေပြင်ရှိ မဟာဗန္ဓုလ၏တပ်များအား ရန်ကုန်စစ်မြေပြင်သို့ ပြန်လည်ဆုတ်ခွာလာရန် အင်းဝနေပြည်တော်မှအမိန့်ပေးလိုက်လေသည်။ ထိုအချိန်တွင် ရန်ကုန်တွင်တပ်စွဲထားသော ဗြိတိသျှတို့သည် နယ်မြေသစ်ဖြစ်သည့် မိုးများသောအရပ်ဒေသတွင် ကာလရှည်တပ်စွဲထားခြင်းဖြစ်သဖြင့် တပ်သားများဖျားနာကုန်ကြလေသည်။ မဟာဗန္ဓုလတို့ အနောက်ဘက်စစ်မျက်နှာမှ ရန်ကုန်သို့ပြန်လည်ချီတက်လာသည့်အချိန်တွင် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအား အဆုံးအဖြတ်ပေးမည့် အရာတစ်ခုဖြစ်ပွားခဲ့လေသည်။ ၎င်းမှာမဒရပ်မှ ပေါက်ကွဲနိုင်သောခေတ်မီဒုံးလက်နက်နှင့်အမြောက်များတင်ဆောင်လာသည့်သင်္ဘောသည် ရန်ကုန်သို့ရောက်ရှိလာခြင်းဖြစ်လေသည်။
မိုးသည်းထန်စွာရွာသွန်းနေသည့်အချိန်တွင် မဟာဗန္ဓုလနှင့်တပ်များရန်ကုန်သည့်ရောက်ရှိလိမ့်မည့်ဟု ဗြတိသျှတို့မည်သို့မျှမတွေးမိခဲ့။ သို့သော်မဟာဗန္ဓုလနှင့်ဥဇနတို့သည့် ၎င်းတို့၏တပ်များအားစနစ်တကျကွပ်ကဲ၍ လပိုင်းအတွင်းရခိုင်ရိုးမကြီးအားဖြတ်ကျော်၍ ရန်ကုန်သို့ရောက်ရှိလာလေတော့သည်။ မဟာဗန္ဓုလသည်ရန်ကုန်သို့ရောက်ရောက်ချင်း နောက်တမ်းစခန်းအဖြစ် ဓနုဖြူအားခံစစ်ပြု၍ ဗြိတိသျှတပ်များအားတိုက်ခိုက်ရန် အစီအစဉ်များစွဲတော့လေသည်။ ထိုအချိန်တွင် မြန်မာတပ်များတွင်အင်အား (၅၀၀၀၀)ခန့်ရှိနေပြီဖြစ်၍ ဗြိတိသျှတို့တွင်လည်း အင်အား (၃၀၀၀၀)ခန့်ရှိနေပြီဖြစ်ပါသည်။ မဟာဗန္ဓုလသည် ၎င်း၏တပ်များအားနေရာများခွဲ၍ခုခံရန်နှင့် တိုက်ခိုက်ရန် တစ်ပြိုင်တည်းပြင်ဆင်လေတော့သည်။ ထိုအချိန်တွင် ဗြိတိသျှတို့ဘက်မှလည်း မြန်မာများအားအကဲခတ်နေသည့်အချိန်ဖြစ်လေသည်။ ကင်းဘဲလ်မှ "မဟာဗန္ဒုလသည်မရေတွက်နိုင်သောအင်အားဖြင့် ကျွန်ုပ်တို့၏အရှေ့တွင်ရောက်နေချေပြီ လထွက်သည့်အချိန်တွင် ကျွန်ုပ်တို့၏စခန်းအားဝင်စီးလိမ့်မည်"ဟုမှတ်တမ်းတင်ထားပါသည်။
နိုဝင်ဘာလ (၉)ရက်နေ့တွင် မြန်မာတပ်များသည် ၎င်းတို့တပ်စွဲထားရာနေရာများဆီမှ မြေကတုတ်များတူး၍ ဖြည်းဖြည်းချင်းရှေ့ကိုတိုးလာခဲ့လေသည်။ ထိုအချိန်တွင်ဒလဘက်မှတပ်(၄)တပ်သည် ရန်ကုန်ဘက်သို့ကူးလာနေသည်။ ရွှေတိဂုံကုန်းတော်ရင်းတွင်တစ်တပ်၊ ယခုအင်းယားကန်အနီးတွင်တပ်ကြီးတစ်တပ်တပ်စွဲထားလိုက်လေသည်။ မြန်မာတပ်များသည် တစ်ညလုံးကတုတ်ကျင်းတူးကြ၍ နေ့ခင်းတစ်ပိုင်းလုံးကတုတ်ကျင်းထဲ တွင်သာနေထိုင်ကြလေသည်။ ထိုအကြောင်းကို "ချီတက်လာတဲ့တပ်ကြီးတစ်တပ်လုံးက မြေအောက်ထဲကို လုံးဝပျောက်ကွယ်သွားတယ် အဝေးခပ်လှမ်းလှမ်းကတောင်ပူစာလေးတွေက ရန်သူ့တပ်တွေဆိုတာ ဘယ်သူတွေသိနိုင်မှာလဲ" ဟု မြန်မာတို့၏စစ်ဗျူဟာကိုမှတ်တမ်းတင်ရေးသားထားခဲ့သည်။ စင်စစ်ထိုမြေကတုတ်များတူး၍ ရန်သူ့အနီးသို့ချဉ်းကပ်လာသည့်နည်းစနစ်သည် အလောင်းမင်းတရားကြီးလက်ထက် ကတည်းကပင်စတင်အသုံးပြုနေပြီဖြစ်လေသည်။
ဆက်လက်ဖော်ပြပါမည်။
သက်တံ့နောင်(Wizardry Myanmar)
Zawgyi ဖြင့်ဖတ်ရန်
၁၈၂၄ ခုႏွစ္ မတ္လ (၅)ရက္ေန႕ ထိုေန႕တြင္ အေရွ႕အိႏၵိယဘုရင္ခံခ်ဳပ္ေလာ့ဝီလီယန္အမ္းဟတ္သည္ အင္းဝေနျပည္အား တရားဝင္စစ္ေၾကျငာခဲ့ၿပီး First Anglo Burma War ဟုနာမည္ေက်ာ္ခဲ့သည့္ ပထမအဂၤလိပ္- ျမန္မာစစ္ပြဲႀကီးစတင္ခဲ့သည္။ တကယ္တမ္းဆိုရပါလွ်င္ ပထမအဂၤလိပ္-ျမန္မာစစ္ပြဲႀကီးစတင္ခဲ့ျခင္းသည္ မဏိပူရႏွင့္အာသံအေရးအခင္မ်ားေၾကာင့္ဟုဆိုနိုင္ပါသည္။ အင္းဝေနျပည္ေတာ္တြင္နန္းစံေနသည့္ ဘိုးေတာ္ဘုရားမင္းႀကီးသည္ မဏိပူရကိုတိုက္ခိုက္သိမ္းပိုက္လိုက္ၿပီးေနာက္ ၁၈၁၇ ခုႏွစ္တြင္ အာသံအားသိမ္းပိုက္လိုက္ၿပီး ႐ုပ္ေသးဘုရင္ခံတစ္ဦးျဖစ္သည့္ ခ်န္ထရာကန္တဆင္းကို ခန႔္ထားၿပီးတပ္မ်ားျပန္ဆုတ္သြားခဲ့သည္။
သို႔ေသာ္ ၎႐ုပ္ေသးဘုရင္ခံသည္ ျမန္မာတို႔အားေတာ္လွန္၍ အဂၤလိပ္တို႔လက္ေအာက္သို႔ ခိုဝင္လိုက္ေလသည္။ ထိုအေၾကာင္းကို ျမန္မာဘုရင္မွသိရွိေသာအခါ စစ္သူႀကီးမဟာဗႏၵဳလအားခ်ီတက္၍ အာသံအား တိုက္ခိုက္ျပန္ေစသည္။ ၁၈၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စစ္သူႀကီးမဟာဗႏၵဳလသည္ စစ္သည္ႏွစ္ေသာင္းေက်ာ္ပါရွိေသာ တပ္ျဖင့္ ဟူးေကာင္းေတာင္ၾကားကိုျဖတ္၍ တစ္ႏွစ္ခြဲခန႔္အျပင္းအထန္တိုက္ခိုက္၍ အာသံအားသိမ္းပိုက္လိုက္ေလသည္။ ဤတြင္ျပႆနာစေလေတာ့သည္။ အာသံဘုရင္ခံသည္ ၿဗိတိသွ်တို႔၏လက္ေအာက္တြင္ခိုဝင္ၿပီးသားျဖစ္ေသာ္လည္း ျမန္မာတို႔၏အယူအဆတြင္ ျမန္မာတို႔လက္မွပုန္ကန္သြားေသာနယ္ေျမတစ္ခုျဖစ္ေလသည္။
ထို႔ေၾကာင့္ ၁၈၂၄ ခုႏွစ္ မတ္လ (၅)ရက္ေန႕တြင္ အဂၤလိပ္တို႔ကျမန္မာတို႔အားစစ္ေၾကျငာ၍ ပထမအဂၤလိပ္ ျမန္မာစစ္ပြဲႀကီးအားစတင္ေလေတာ့သည္။ စစ္ပြဲႀကီးစတင္သည့္အခ်ိန္မွာပင္ အာသံတိုက္ပြဲမ်ားတြင္ နာမည္ေက်ာ္ခဲ့သည့္ ျမန္မာစစ္သူႀကီးမဟာဗႏၵဳလသည္ ၎၏လက္႐ုံးတပ္ႀကီးျဖစ္သည့္ အင္းဝမင္းေနျပည္ေတာ္တြင္ အထူးခြၽန္ဆုံးျဖစ္သည့္ အင္းဝေနျပည္ေတာ္ႀကီးတြင္ ဒိတ္ဒိတ္က်ဲ တပ္မႉးႀကီးမ်ားဦးစီးသည့္ တပ္ႀကီး(၁၂)တပ္ စစ္သည္ (၁၀၀၀၀)၊ ျမင္းေကာင္ေရ (၅၀၀)ႏွင့္ အာသံစစ္ေျမျပင္တြင္ေရာက္ရွိေနသည့္အခ်ိန္ ျဖစ္ေလသည္။
အဂၤလိပ္တို႔စစ္ေၾကျငာေၾကာင္းသိရွိၿပီးခ်င္းခ်င္းတြင္ စစ္သူႀကီးမဟာဗႏၵဳလသည္ နယ္စပ္ရွိမိမိတို႔တပ္မ်ား အားဦးစြာတိုက္ခိုက္ေတာ့မည္ျဖစ္ေၾကာင္းသိရွိ၍ စစ္တေကာင္းႏွင့္ကခ်ာနယ္မ်ားတြင္ တပ္မ်ားကို ႏွစ္ပိုင္းခြဲ၍တပ္စြဲထားေစသည္။ စစ္သူႀကီးမဟာဗႏၵဳလသည္ စစ္တေကာင္းနယ္တြင္ကြပ္ကဲေနစဥ္ ၎၏နာမည္ေက်ာ္တပ္မႉးဥဇနသည္ ကခ်ာနယ္ရွိတပ္မ်ားအားကြပ္ကဲ၍ အဂၤလိပ္တို႔အားခုခံတိုက္ခိုက္ေလသည္။ နယ္ေျမၾကမ္းတမ္းလွေသာ ရခိုင္စစ္ေျမျပင္တြင္ အသားက်ၿပီးေသာျမန္မာတပ္မ်ားသည္ အဂၤလိပ္တပ္မ်ား အား ခုခံနိုင္႐ုံသာမကေအာင္ပြဲမ်ားတစ္ပြဲၿပီးတစ္ပြဲရရွိ၍ ပန္းဝါ-ရာမူးတိုက္ပြဲႀကီးအား တိုက္ခိုက္အနိုင္ရရွိၿပီး သည့္ေနာက္ပိုင္း ကလကတၱားရွိ ဘုရင္ခံသည္ လက္ရွိနည္းျဖင့္ျမန္မာတို႔အားဆက္လက္တိုက္ခိုက္၍ မရေၾကာင္းသေဘာေပါက္သျဖင့္ ဗိုလ္ခ်ဳပ္ႀကီးၾဆာအာခ်ီေဘာ္ကင္းဘဲလ္ ဦးေဆာင္ေသာ အင္အားတစ္ေသာင္းခန႔္ရွိသည့္ ေရတပ္ႀကီးအား ရန္ကုန္ကိုတိုက္ခိုက္ရန္ေစလႊတ္လိုက္ေလသည္။
ထို႔အခ်ိန္တြင္ စစ္ေရးတြင္ကြၽမ္းက်င္ေသာမဟာဗႏၵဳလသည္ ေရွ႕ဆက္တိုက္ပါက ကလကတၱားအား သိမ္းပိုက္နိုင္ေတာ့မည္ကိုသိရွိေသာ္လည္း အဂၤလိပ္တို႔သည့္အျခားဘက္မွလွည့္၍တိုက္ခိုက္နိုင္ေၾကာင္း အထူးသျဖင့္ေရေၾကာင္းကြၽမ္းက်င္သူမ်ားျဖစ္သျဖင့္ ရန္ကုန္သည္ တိုက္ခိုက္ခံရနိုင္ေၾကာင္း သတိထားမိသျဖင့္ တပ္မ်ားအားဆက္လက္တိုက္ခိုက္ျခင္းမျပဳဘဲ ရပ္တံ့ထားေစသည္။ မဟာဗႏၵဳလေတြးသည့္အတိုင္းပင္ ၁၈၂၄ ခုႏွစ္ ေမလ ၁၁ ရက္ေန႕ အင္အားတစ္ေသာင္းေက်ာ္ပါဝင္ေသာ ၿဗိတိသွ်စစ္တပ္ႀကီးသည္ ရန္ကုန္ဆိပ္ကမ္းသို႔ေရာက္ရွိလာေလသည္။
ထိုအခ်ိန္ကရန္ကုန္သည္ ထင္ရွားေသာၿမိဳ႕ႀကီးတစ္ၿမိဳ႕မဟုတ္ေသး ငါးညွီနံသင္းသည့္ ဆိပ္ကမ္းၿမိဳ႕ငယ္ေလးသာျဖစ္ေလသည္။ လူဦးေရ (၂၀၀၀၀)ခန႔္သာရွိ၍ ရန္ကုန္ျမစ္ႏွင့္ၿမိဳ႕ၾကားတြင္ ျမင့္မားေသာသစ္လုံးၿမိဳ႕ရိုးႀကီးကိုစိုက္ထူထားသည္။ အေဆာက္အဦးေကာင္းေကာင္းဟူ၍လည္းမရွိ လူေနႀကဲ၍ သစ္ေတာႀကီးမ်ား ဖုံးအုပ္ထားကာ က်ားေပါေသာအရပ္ေဒသျဖစ္သည္။ (ျပည္လမ္းႏွင့္ မင္းဓမၼကုန္းအနီးရွိလမ္းမ်ားကို ထိုစဥ္က က်ားေသာင္းက်န္းသျဖင့္ က်ားလမ္းဟုပင္ေခၚခဲ့ၾကသည္ဟုမွတ္သားဖူးပါသည္)
ျမန္မာ့တပ္မႀကီးမ်ားသည္ စစ္တေကာင္းႏွင့္ကခ်ာနယ္မ်ားတြင္ေရာက္ရွိေနသျဖင့္ ရန္ကုန္ရွိၿမိဳ႕ေစာင့္တပ္သည္ ျမန္မာတို႔၏ဆုတ္ခြာျခင္းဗ်ဴဟာျဖစ္သည့္ ေျမလွန္ျခင္းဗ်ဴဟာအားအသုံးျပဳခဲ့ေလသည္။ ေျမလွန္ျခင္းဆိုသည္မွာ ၿမိဳ႕တြင္းရွိလူမ်ားအားလုံးဆုတ္ခြာေျပး၍ ၿမိဳ႕ျပင္ရွိအရာအားလုံးအားဖ်က္ဆီးခဲ့ျခင္းျဖစ္ေလသည္။ ၿဗိတိသွ်တို႔မူလက စီစဥ္ထားသည္မွာ ၎တို႔တပ္မ်ားရန္ကုန္အားအလြယ္တကူသိမ္းပိုက္မည္။ ရန္ကုန္အားသိမ္းပိုက္ေနစဥ္အတြင္း အေနာက္ဘက္စစ္မ်က္ႏွာတြင္ရွိသည့္ျမန္မာတပ္မ်ားအား အခက္အခဲျဖစ္ေစ၍ ထိုအခ်ိန္တြင္ အင္းဝနန္းေတာ္မွစစ္ေျပၿငိမ္းေၾကာင္းကမ္းလွမ္းလာေစရန္ျဖစ္ေလသည္။ ရန္ကုန္အား တိုက္ခိုက္ရာတြင္လည္း အလြယ္တကူတိုက္ခိုက္ရနိုင္၍ ျမန္မာတို႔၏အုပ္ခ်ဳပ္မႈကိုမလိုလားေသာ ေဒသခံ မ်ားက ၎တို႔ႏွင့္အလြယ္တကူလာေရာက္ပူးေပါင္းလိမ့္မည္ဟုပင္ခန႔္မွန္းထားခဲ့သည္။
သို႔ေသာ္ ေမလ ၁၁ ရက္ေန႕တြင္ ၿဗိတိသွ်စစ္သေဘၤာႀကီးမ်ားရန္ကုန္ဆိပ္ကမ္းသို႔ေရာက္ရွိလာခ်ိန္တြင္ ရန္ကုန္ၿမိဳ႕အတြင္းတြင္ ဟိုတစ္စဒီတစ္စမီးေလာက္ေနမႈမွအပအျခားမရွိ စစ္သေဘၤာေပၚပါေသာစစ္သားမ်ား တိုက္ခိုက္စရာခံတပ္မရွိ အေျမာက္မ်ားပစ္ခတ္စရာ ပစ္မွတ္မ်ားလည္းမရွိ ၎တို႔အားႀကိဳဆိုမည့္ ၿမိဳ႕သူၿမိဳ႕သားမ်ားလည္းမရွိ အလံျဖဴေထာင္ထားျခင္းလည္းမရွိ ဘာဆိုဘာမွမရွိေသာ တိတ္ဆိတ္ေနသည့္တစ္ေဆၿမိဳ႕ႀကီးကဲ့သို႔ပင္ျဖစ္ေနေလသည္။
ၿဗိတိသွ်တို႔သည္ရန္ကုန္အားအလစ္ဝင္ေရာက္စီးနင္းမည္ဟုယုံၾကည္ထားေသာ္လည္း ရန္ကုန္သည္ က်ဴးေက်ာ္သူမ်ားမေရာက္မီပင္ ဘာမွမရွိေသာနယ္ေျမႀကီးတစ္ခုျဖစ္ေနႏွင့္ၿပီျဖစ္ေလသည္။ ၾဆာအာခ်ီေဘာ္ကင္းဘဲႏွင့္၎၏တပ္မ်ားသည္ ကာကြယ္မည့္သူမရွိသည့္ ရန္ကုန္တြင္တပ္စြဲထားလိုက္ၾကသည္။ ရန္ကုန္၏အျမင့္ဆုံးေနရာျဖစ္သည့္ ေ႐ႊတိဂုံဘုရားကုန္းေပၚတြင္လည္း တပ္ဖြဲ႕မ်ားတင္ထားလိုက္သည္။
ထို႔ေၾကာင့္ ရန္ကုန္စစ္ေျမျပင္အား ၿဗိတိသွ်တို႔မွ မွတ္တမ္းတင္ထားသည္မွာ " ကျွန်ုပ်တို့သည် ရန္သူ႕တပ္စခန္းအေျခအေနႏွင့္ပတ္သက္၍ ဘာတစ္ခုမွ်မသိရ ကျွန်ုပ်တို့သိသောအရာအားလုံးသည် ထင္ေၾကးမ်ား သာျဖစ္သည္" ဟုမွတ္တမ္းတင္ထားပါသည္။ သို႔ေသာ္ ၎တို႔မသိလိုက္သည္မွာ ၎တို႔တပ္စြဲထားေသာ ေနရာႏွင့္မလွမ္းမကမ္းတြင္ အင္အား ႏွစ္ေသာင္းခန႔္ရွိေသာျမန္မာတပ္ဖြဲ႕ႀကီးတပ္စြဲထားျခင္းပါျဖစ္ေလသည္။ ေမလ(၂၈)ရက္ေန႕တြင္ ၿဗိတိသွ်တပ္စစ္ကူသစ္မ်ားထပ္မံေရာက္ရွိလာၿပီး ေျခလွ်င္တပ္ရင္းႀကီး(၄)ရင္းျဖင့္ ျမန္မာတို႔၏ၾကည့္ျမင္တိုင္ခံတပ္ကိုဝင္ေရာက္တိုက္ခိုက္သျဖင့္ ျမန္မာတပ္မ်ား ကမာ႐ြတ္အထိဆုတ္ခြာေပးခဲ့ရသည္။ တိုက္ပြဲသည္ ဟိုနားတစ္ခု ဒီနားတစ္ခုျဖစ္ပြားရင္းပင္ ဇူလိုင္လအတြင္းသို႔ေရာက္ရွိလာခဲ့ေလသည္။
အေနာက္ဘက္စစ္ေျမျပင္ရွိ မဟာဗႏၶဳလ၏တပ္မ်ားအား ရန္ကုန္စစ္ေျမျပင္သို႔ ျပန္လည္ဆုတ္ခြာလာရန္ အင္းဝေနျပည္ေတာ္မွအမိန႔္ေပးလိုက္ေလသည္။ ထိုအခ်ိန္တြင္ ရန္ကုန္တြင္တပ္စြဲထားေသာ ၿဗိတိသွ်တို႔သည္ နယ္ေျမသစ္ျဖစ္သည့္ မိုးမ်ားေသာအရပ္ေဒသတြင္ ကာလရွည္တပ္စြဲထားျခင္းျဖစ္သျဖင့္ တပ္သားမ်ားဖ်ားနာကုန္ၾကေလသည္။ မဟာဗႏၶဳလတို႔ အေနာက္ဘက္စစ္မ်က္ႏွာမွ ရန္ကုန္သို႔ျပန္လည္ခ်ီတက္လာသည့္အခ်ိန္တြင္ ပထမအဂၤလိပ္-ျမန္မာစစ္ပြဲအား အဆုံးအျဖတ္ေပးမည့္ အရာတစ္ခုျဖစ္ပြားခဲ့ေလသည္။ ၎မွာမဒရပ္မွ ေပါက္ကြဲနိုင္ေသာေခတ္မီဒုံးလက္နက္ႏွင့္အေျမာက္မ်ားတင္ေဆာင္လာသည့္သေဘၤာသည္ ရန္ကုန္သို႔ေရာက္ရွိလာျခင္းျဖစ္ေလသည္။
မိုးသည္းထန္စြာ႐ြာသြန္းေနသည့္အခ်ိန္တြင္ မဟာဗႏၶဳလႏွင့္တပ္မ်ားရန္ကုန္သည့္ေရာက္ရွိလိမ့္မည့္ဟု ျဗတိသွ်တို႔မည္သို႔မွ်မေတြးမိခဲ့။ သို႔ေသာ္မဟာဗႏၶဳလႏွင့္ဥဇနတို႔သည့္ ၎တို႔၏တပ္မ်ားအားစနစ္တက်ကြပ္ကဲ၍ လပိုင္းအတြင္းရခိုင္ရိုးမႀကီးအားျဖတ္ေက်ာ္၍ ရန္ကုန္သို႔ေရာက္ရွိလာေလေတာ့သည္။ မဟာဗႏၶဳလသည္ရန္ကုန္သို႔ေရာက္ေရာက္ခ်င္း ေနာက္တမ္းစခန္းအျဖစ္ ဓႏုျဖဴအားခံစစ္ျပဳ၍ ၿဗိတိသွ်တပ္မ်ားအားတိုက္ခိုက္ရန္ အစီအစဥ္မ်ားစြဲေတာ့ေလသည္။ ထိုအခ်ိန္တြင္ ျမန္မာတပ္မ်ားတြင္အင္အား (၅၀၀၀၀)ခန႔္ရွိေနၿပီျဖစ္၍ ၿဗိတိသွ်တို႔တြင္လည္း အင္အား (၃၀၀၀၀)ခန႔္ရွိေနၿပီျဖစ္ပါသည္။ မဟာဗႏၶဳလသည္ ၎၏တပ္မ်ားအားေနရာမ်ားခြဲ၍ခုခံရန္ႏွင့္ တိုက္ခိုက္ရန္ တစ္ၿပိဳင္တည္းျပင္ဆင္ေလေတာ့သည္။ ထိုအခ်ိန္တြင္ ၿဗိတိသွ်တို႔ဘက္မွလည္း ျမန္မာမ်ားအားအကဲခတ္ေနသည့္အခ်ိန္ျဖစ္ေလသည္။ ကင္းဘဲလ္မွ "မဟာဗႏၵဳလသည္မေရတြက္နိုင္ေသာအင္အားျဖင့္ ကျွန်ုပ်တို့၏အရှေ့တွင်ရောက်နေချေပြီ လထြက္သည့္အခ်ိန္တြင္ ကျွန်ုပ်တို့၏စခန်းအားဝင်စီးလိမ့်မည်"ဟုမွတ္တမ္းတင္ထားပါသည္။
နိုဝင္ဘာလ (၉)ရက္ေန႕တြင္ ျမန္မာတပ္မ်ားသည္ ၎တို႔တပ္စြဲထားရာေနရာမ်ားဆီမွ ေျမကတုတ္မ်ားတူး၍ ျဖည္းျဖည္းခ်င္းေရွ႕ကိုတိုးလာခဲ့ေလသည္။ ထိုအခ်ိန္တြင္ဒလဘက္မွတပ္(၄)တပ္သည္ ရန္ကုန္ဘက္သို႔ကူးလာေနသည္။ ေ႐ႊတိဂုံကုန္းေတာ္ရင္းတြင္တစ္တပ္၊ ယခုအင္းယားကန္အနီးတြင္တပ္ႀကီးတစ္တပ္တပ္စြဲထားလိုက္ေလသည္။ ျမန္မာတပ္မ်ားသည္ တစ္ညလုံးကတုတ္က်င္းတူးၾက၍ ေန႕ခင္းတစ္ပိုင္းလုံးကတုတ္က်င္းထဲ တြင္သာေနထိုင္ၾကေလသည္။ ထိုအေၾကာင္းကို "ခ်ီတက္လာတဲ့တပ္ႀကီးတစ္တပ္လုံးက ေျမေအာက္ထဲကို လုံးဝေပ်ာက္ကြယ္သြားတယ္ အေဝးခပ္လွမ္းလွမ္းကေတာင္ပူစာေလးေတြက ရန္သူ႕တပ္ေတြဆိုတာ ဘယ္သူေတြသိနိုင္မွာလဲ" ဟု ျမန္မာတို႔၏စစ္ဗ်ဴဟာကိုမွတ္တမ္းတင္ေရးသားထားခဲ့သည္။ စင္စစ္ထိုေျမကတုတ္မ်ားတူး၍ ရန္သူ႕အနီးသို႔ခ်ဥ္းကပ္လာသည့္နည္းစနစ္သည္ အေလာင္းမင္းတရားႀကီးလက္ထက္ ကတည္းကပင္စတင္အသုံးျပဳေနၿပီျဖစ္ေလသည္။
ဆက္လက္ေဖာ္ျပပါမည္။