Unicode version မဟာဗန္ဓုလကျဆုံးပြီးတဲ့နောက် မြန်မာတွေလွယ်လွယ်နဲ့အရှုံးပေးခဲ့သလား? ဒီမေးခွန်းကို မြန်မာ့သမိုင်းချစ်မြတ်နိုးသူတော်တော်များများ...
Unicode version
မဟာဗန္ဓုလကျဆုံးပြီးတဲ့နောက် မြန်မာတွေလွယ်လွယ်နဲ့အရှုံးပေးခဲ့သလား?
ဒီမေးခွန်းကို မြန်မာ့သမိုင်းချစ်မြတ်နိုးသူတော်တော်များများမေးခဲ့ဘူးမှာပါ။ ကျွန်တော်လဲဒီမေးခွန်းကိုမေးခဲ့ဘူးပါတယ်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲမှာ စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဓုလကျဆုံးပြီးတဲ့နောက် မြန်မာတပ်တွေရှုံးနိမ့်သွားပြီး ရန္တပိုစာချုပ်ချုပ်ဆိုစစ်ပြေငြိမ်းခဲ့ရပြီး မြန်မာတို့ဘက်က စစ်လျော်ကြေးငွေအပြင်၊ ရခိုင်ဒေသကိုအင်္ဂလိပ်တို့လက်ထဲပေးအပ်ခဲ့ရတယ်ဆိုတာအားလုံးသိခဲ့ပြီးသားဇာတ်ကြောင်းတွေပါ။ ဒါပေမဲ့ မြန်မာတွေဟာလွယ်လွယ်အရှုံးပေးတတ်တဲ့နိုင်ငံသားတွေလို့ထင်မိရင်အားလုံးမှားသွားမှာပါ။ မဟာဗန္ဓုလကျဆုံးပြီးတဲ့နောက် အရှုံးကြီးရှုံးပြီးဆုတ်ခွာပြေးနေရတဲ့ မြန်မာတပ်တွေကို စုစည်းပြီး ပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့တဲ့သူတစ်ဦးရှိပါတယ် အဲ့ဒါကတော့ ဗိုလ်ချုပ်မဟာနေမျိုးပါ။ ဒါတင်မကသေးပါဘူး အောက်မြန်မာပြည်မှာ မြန်မာမင်းနေပြည်တော်တပ်တွေစစ်ရှုံးနေကြောင်းကြားသိရတာနဲ့ မြန်မာနဲ့နှစ်ပေါင်း များစွာမဟာမိတ်ဖြစ်လာခဲ့တဲ့ရှမ်းတိုင်းရင်းသားစော်ဘွားတပ်တွေဟာလည်း ဗိုလ်ချုပ်မဟာနေမျိုးနဲ့အတူ အင်အားချင်းမမျှတဲ့အင်္ဂလိပ်တွေကိုရင်ဆိုင်ဖို့ မြေပြန့်ဒေသကိုချီတက်လာခဲ့ပါတယ်။
၁၈၂၅ ခုနှစ် နိုဝင်ဘာလမှာ ဗိုလ်ချုပ်မဟာနေမျိုးဟာ ပြိုကွဲနေတဲ့အင်းဝတပ်ပေါင်းစုကြီးကိုစုစည်းပြီး ဝက်ထီးကန်ဒေသကိုပိတ်ဆို့ထားလိုက်ပါတယ်။ ဒီအချိန်မှာဘဲ ရှမ်းတိုင်းရင်းသားစော်ဘွားတပ်တွေကို မိုးနဲစော်ဘွားနဲ့ ဒွာရဝတီမင်းသားတို့ကဦးဆောင်ပြီး ဇလွန်မှာတပ်စွဲထားလိုက်ပါတယ်။ မြန်မာ့သမိုင်းတစ်လျှောက်အထူးဆန်းဆုံး ဖြစ်ရပ်လို့ပြောရမဲ့ အခြေတစ်ရပ်အဖြစ် ဒီစော်ဘွားတွေရဲ့တပ်ကြီးမှာ ရှမ်းအမျိုးသမီးလေးတွေပါပါဝင်နေတာပါ။ ဒီအချိန်မှာအင်္ဂလိပ်တို့နဲ့ မြန်မာအင်းဝမင်းနေပြည်တော်က မြန်မာကိုယ်စားလှယ်တွေဟာစစ်ပြေငြိမ်းဖို့ဆွေးနွေးနေတဲ့အချိန်ပါ။
အင်္ဂလိပ်တွေရဲ့တစ်ဖက်သက်တောင်းဆိုမှုတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီးတဲ့နောက်မှာ အင်္ဂလိပ်တပ်တွေဟာ မြန်မာတွေရဲ့နောက်ဆုံးခံတပ်လို့ယူဆရတဲ့ ဝက်ထီးကန်ဒေသကတပ်ကြီးကို တိုက်ခိုက်ဖို့ပြင်ဆင်ပါတော့တယ်။ အကြောင်းမှာ မြန်မာနှင့်ရှမ်းတိုင်းရင်းသားတွေပူးပေါင်းထားတဲ့တပ်ကြီး ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားတာနဲ့ ဝက်ထီးကန်ဒေသကိုဗဟိုပြုပြီး အင်္ဂလိပ်တို့တပ်စွဲထားတဲ့ ပြည်မြို့ကိုဝိုင်းထားလိုက်တာကြောင့်ပါ။
ဝက်ထီးကန်တပ်ကြီးကိုတိုက်ခိုက်ဖို့ အင်္ဂလိပ်တို့ဘက်မှ တိုက်ရည်ခိုက်ရည်ကောင်းမွန်သည့် ဗိုလ်မှူးကြီး မက်ဒိုဝေါဆိုသူဦးဆောင်ပြီး တပ်ရင်း(၄)ရင်းကို စစ်ကြောင်း(၃)ကြောင်းခွဲပြီး ဝက်ထီးကန်တပ်ကို တိုက်ခိုက်ဖို့ချီတက်လာပါတယ်။ သို့သော်မြန်မာတပ်များက နဝင်းချောင်းဘက်ကနေချီတက်လာတဲ့ အင်္ဂလိပ်စစ်ကြောင်းကို မြန်မာတပ်များကအလစ်ဝင်ရောက်တိုက်ခိုက်လိုက်ပြီး ဒီတိုက်ပွဲမှာမြန်မာတို့အနိုင်ရရှိခဲ့ပါတယ်။ မြန်မာတပ်တွေကို သုံးဖက်ညှပ်တိုက်မဲ့ အစီအစဉ်ပျက်သွားတဲ့ ဗိုလ်မှူးကြီးအီဗန်အင်္ဂလိပ်တပ်တွေဟာ မိုက်ရူးရဲဆန်ဆန် မြန်မာခံတပ်အနားအတင်းပစ်တက်တက်လာခဲ့ပေမဲ့ မြန်မာခံတပ်ပေါ်ကပစ်ခတ်တဲ့အမြောက်တွေရဲ့ ဒဏ်ကြောင့်နောက်ပြန်ဆုတ်ပေးခဲ့ရပါတယ်။
ဗိုလ်မှူးကြီးမက်ဒိုဝေါဦးဆောင်တဲ့တပ်တွေဟာ ဝက်ထီးကန်ခံတပ်အနားသို့ရောက်ရှိတဲ့အခါ အမှတ်(၆)တပ်ခွဲကို ပထမဆုံးတိုက်ခိုက်စေပါတယ်။ ဒါပေမဲ့ဒီတပ်ခွဲဟာလည်း မြန်မာတို့ရဲ့အမြောက်ဒဏ်ကိုမခံနိုင်လို့ ပြန်ဆုတ်ပေးခဲ့ရပါတယ်။ ဗိုလ်မှူးကြီးမက်ဒိုဝေါရဲ့နာမည်ကျော်တပ်ခွဲဖြစ်တဲ့ ဂရင်းနေးဒီးယားတပ်ခွဲ မြန်မာခံတပ်အနားကိုရောက်တာနဲ့ ရှမ်းစော်ဘွားတွေဦးစီးတဲ့မြင်းတပ်တွေဟာ ခံတပ်တံခါးကိုဖွင့်ပြီး အတင်းထိုးခုတ်တိုက်ခိုက်တာကြောင့် ပွဲတိုင်းကျော်ဂရင်းနေးဒီးယားတပ်ခွဲပြန်လည်ဆုတ်ခွာရပြန်ပါတယ်။
ဆုတ်ခွာတဲ့နောက်ကို ရှမ်းမြင်းစီးတပ်တွေကဆက်လိုက်တိုက်ခိုက်တာကြောင့် ဝက်ထီးကန်ကိုခေါင်းဆောင်ချီတက်လာတဲ့ ဗိုလ်မှူးကြီးမက်ဒိုဝေါအပါအဝင် အင်္ဂလိပ်တပ်တွေအကျအဆုံးများစွာနဲ့ ပြည်မြို့ကနေစွန့်ခွာထွက်ပြေးရပါတော့တယ်။ ဒီတိုက်ပွဲမှာမြန်မာတပ်များမှ အင်္ဂလိပ်တို့၏အမြောက်ကြီးများအပြင်သေနတ်နှင့် သုံ့ပန်းများကိုလည်းရရှိခဲ့ပါတယ်။ ထိုတိုက်ပွဲအကြောင်းကို အင်္ဂလိပ်တပ်ဗိုလ်တစ်ဦးဖြစ်သူ ဝီလ်ဆင်ဆိုသူမှ ၎င်း၏မှတ်တမ်းထဲတွင်" ဝက်ထီးကန်နှင့်ပတ်သက်ပြီး ရန်သူကိုအထင်သေးခဲ့တာကတစ်ကြောင်း ရန်သူ့အကြောင်းသတင်းမှားရရှိခဲ့တာကတစ်ကြောင်း ဒါကြောင့်ဒီတိုက်ပွဲကိုရှုံးနိမ့်ခဲ့ရခြင်းဖြစ်တယ်" ဟုမှတ်တမ်းတင်ထားခဲ့သည်ကိုတွေ့ရပါတယ်။ အင်္ဂလိပ်တပ်တွေအလဲလဲအကွဲကွဲနဲ့ဆုတ်ခွာခဲ့ရကြောင်းသိရှိရတဲ့အခါ အင်္ဂလိပ်တပ်တွေကိုဦးဆောင်သူ ဆြာအာချီဘော်ကင်းဘဲလ်ဟာ ကိုယ်တိုင်တပ်ကြီးကိုဦးဆောင်ချီတက်လာ ခဲ့ပါတယ်။
ကင်းဘဲလ်၏တပ်များနှင့်ရင်ဆိုင်တွေ့တဲ့အချိန်မှာတော့ မြန်မာတွေဟာအရေးမသာခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာတွေနဲ့ရှမ်းတွေစုပေါင်းထားတဲ့တပ်ကြီးဟာ အင်္ဂလိပ်တွေတပ်စွဲထားတဲ့ တပ်စခန်းထဲအထိ အတင်းဝင်ရောက်ထိုးခုတ်တာကြောင့် နှစ်ဖက်လုံးအကျအဆုံးများခဲ့ပါတယ်။ ဒီလိုဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေမှာ ရှမ်းစော်ဘွားတပ်တွေထဲမှာပါတဲ့ ရှမ်းအမျိုးသမီးတွေပါပါဝင်ခဲ့တာဖြစ်ပြီး ဒီရှမ်းအမျိုးသမီးတွေကြောင့် ကင်းဘဲလ်ရဲ့ကိုယ်ရံတော် အတော်များများပါကျဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒီအချိန်မှာ ဗမာဘုရင့်ရေတပ်က ကျွန်းသစ်နဲ့တည်ဆောက်ထားတဲ့တိုက်လှေကြီးတွေပါတဲ့ ဘုရင့်ရေတပ်ဟာ စစ်ကူအဖြစ်ချီတက်လာပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်တို့ရဲ့လက်နက်သစ်ဖြစ်တဲ့ မြင်းကောင်ရေ ၆၀ နှုန်းရှိတဲ့ ရေနွေးငွေ့အင်ဂျင်သုံး ဒိုင်ယာနာမီးသင်္ဘောဆီက ဒုံးလက်နက်နဲ့ အမြောက်တွေရဲ့ပစ်ခတ်မှုကိုမခံနိုင်တာကြောင့် မြန်မာရေတပ်ကြီး ပျက်စီးသွားရပါတော့တယ်။
ဒီအချိန်မှာ မြန်မာတပ်များဘက်မှခေါင်းဆောင်ဗိုလ်ချုပ်မဟာနေမျိုးကိုယ်တိုင် အင်္ဂလိပ်တို့ရဲ့ဒုံးလက်နက် ထိမှန်ကျဆုံးခဲ့တာကြောင့် ရှမ်းမြန်မာပူးပေါင်းတပ်ကြီးဟာ ပုဂံမြို့အထိဆုတ်ခွာပေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အင်းဝနေပြည်တော်ကို (၄)ရက်ခရီးလောက်သာအကွာအဝေးရှိတဲ့ ရန္တပိုဆိုတဲ့ရွာကလေးမှာ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲရဲ့အဆုံးသတ်ဖြစ်တဲ့ ရန္တပိုစာချုပ်ကိုချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးခဲ့ပါတော့တယ်။ ဒီလိုနဲ့ အိန္ဒိယဘုရင်ခံချုပ်ရဲ့အိမ်မက်ဆိုးဖြစ်စေခဲ့ပြီး ကလကတ္တားအထိ အနောက်ဘက်စစ်နယ်ဝန်းကိုခြိမ်းခြောက်နိုင်ခဲ့တဲ့ မြန်မာတွေဟာအရှုံးကြီးရှုံးခဲ့ပြီး ဒီစစ်ပွဲကိုဦးဆောင်ခဲ့တဲ့ အာချီဘော်ကင်းဘဲလ်ကတော့ ကနေဒါနိုင်ငံမှာ ဘုရင်ခံအဖြစ်ရာထူးတိုးမြှင့် ခြင်းကိုခံခဲံရပါတယ်။
သက်တံ့နောင်(Wizardry Myanmar)
Zawgyi Version
မဟာဗႏၶဳလက်ဆုံးၿပီးတဲ့ေနာက္ ျမန္မာေတြလြယ္လြယ္နဲ႔အရႈံးေပးခဲ့သလား?
ဒီေမးခြန္းကို ျမန္မာ့သမိုင္းခ်စ္ျမတ္နိုးသူေတာ္ေတာ္မ်ားမ်ားေမးခဲ့ဘူးမွာပါ။ ကၽြန္ေတာ္လဲဒီေမးခြန္းကိုေမးခဲ့ဘူးပါတယ္။ ပထမအဂၤလိပ္-ျမန္မာစစ္ပြဲမွာ စစ္သူႀကီးသတိုးသုဓမၼမဟာဗႏၶဳလက်ဆုံးၿပီးတဲ့ေနာက္ ျမန္မာတပ္ေတြရႈံးနိမ့္သြားၿပီး ရႏၲပိုစာခ်ဳပ္ခ်ဳပ္ဆိုစစ္ေျပၿငိမ္းခဲ့ရၿပီး ျမန္မာတို႔ဘက္က စစ္ေလ်ာ္ေၾကးေငြအျပင္၊ ရခိုင္ေဒသကိုအဂၤလိပ္တို႔လက္ထဲေပးအပ္ခဲ့ရတယ္ဆိုတာအားလုံးသိခဲ့ၿပီးသားဇာတ္ေၾကာင္းေတြပါ။ ဒါေပမဲ့ ျမန္မာေတြဟာလြယ္လြယ္အရႈံးေပးတတ္တဲ့နိုင္ငံသားေတြလို႔ထင္မိရင္အားလုံးမွားသြားမွာပါ။ မဟာဗႏၶဳလက်ဆုံးၿပီးတဲ့ေနာက္ အရႈံးႀကီးရႈံးၿပီးဆုတ္ခြာေျပးေနရတဲ့ ျမန္မာတပ္ေတြကို စုစည္းၿပီး ျပန္လည္တိုက္ခိုက္ဖို႔ျပင္ဆင္ခဲ့တဲ့သူတစ္ဦးရွိပါတယ္ အဲ့ဒါကေတာ့ ဗိုလ္ခ်ဳပ္မဟာေနမ်ိဳးပါ။ ဒါတင္မကေသးပါဘူး ေအာက္ျမန္မာျပည္မွာ ျမန္မာမင္းေနျပည္ေတာ္တပ္ေတြစစ္ရႈံးေနေၾကာင္းၾကားသိရတာနဲ႔ ျမန္မာနဲ႔ႏွစ္ေပါင္း မ်ားစြာမဟာမိတ္ျဖစ္လာခဲ့တဲ့ရွမ္းတိုင္းရင္းသားေစာ္ဘြားတပ္ေတြဟာလည္း ဗိုလ္ခ်ဳပ္မဟာေနမ်ိဳးနဲ႔အတူ အင္အားခ်င္းမမၽွတဲ့အဂၤလိပ္ေတြကိုရင္ဆိုင္ဖို႔ ေျမျပန႔္ေဒသကိုခ်ီတက္လာခဲ့ပါတယ္။
၁၈၂၅ ခုႏွစ္ နိုဝင္ဘာလမွာ ဗိုလ္ခ်ဳပ္မဟာေနမ်ိဳးဟာ ၿပိဳကြဲေနတဲ့အင္းဝတပ္ေပါင္းစုႀကီးကိုစုစည္းၿပီး ဝက္ထီးကန္ေဒသကိုပိတ္ဆို႔ထားလိုက္ပါတယ္။ ဒီအခ်ိန္မွာဘဲ ရွမ္းတိုင္းရင္းသားေစာ္ဘြားတပ္ေတြကို မိုးနဲေစာ္ဘြားနဲ႔ ဒြာရဝတီမင္းသားတို႔ကဦးေဆာင္ၿပီး ဇလြန္မွာတပ္စြဲထားလိုက္ပါတယ္။ ျမန္မာ့သမိုင္းတစ္ေလၽွာက္အထူးဆန္းဆုံး ျဖစ္ရပ္လို႔ေျပာရမဲ့ အေျခတစ္ရပ္အျဖစ္ ဒီေစာ္ဘြားေတြရဲ့တပ္ႀကီးမွာ ရွမ္းအမ်ိဳးသမီးေလးေတြပါပါဝင္ေနတာပါ။ ဒီအခ်ိန္မွာအဂၤလိပ္တို႔နဲ႔ ျမန္မာအင္းဝမင္းေနျပည္ေတာ္က ျမန္မာကိုယ္စားလွယ္ေတြဟာစစ္ေျပၿငိမ္းဖို႔ေဆြးေႏြးေနတဲ့အခ်ိန္ပါ။
အဂၤလိပ္ေတြရဲ့တစ္ဖက္သက္ေတာင္းဆိုမႈေတြေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲပ်က္သြားၿပီးတဲ့ေနာက္မွာ အဂၤလိပ္တပ္ေတြဟာ ျမန္မာေတြရဲ့ေနာက္ဆုံးခံတပ္လို႔ယူဆရတဲ့ ဝက္ထီးကန္ေဒသကတပ္ႀကီးကို တိုက္ခိုက္ဖို႔ျပင္ဆင္ပါေတာ့တယ္။ အေၾကာင္းမွာ ျမန္မာႏွင့္ရွမ္းတိုင္းရင္းသားေတြပူးေပါင္းထားတဲ့တပ္ႀကီး ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲပ်က္သြားတာနဲ႔ ဝက္ထီးကန္ေဒသကိုဗဟိုျပဳၿပီး အဂၤလိပ္တို႔တပ္စြဲထားတဲ့ ျပည္ၿမိဳ႕ကိုဝိုင္းထားလိုက္တာေၾကာင့္ပါ။
ဝက္ထီးကန္တပ္ႀကီးကိုတိုက္ခိုက္ဖို႔ အဂၤလိပ္တို႔ဘက္မွ တိုက္ရည္ခိုက္ရည္ေကာင္းမြန္သည့္ ဗိုလ္မႉးႀကီး မက္ဒိုေဝါဆိုသူဦးေဆာင္ၿပီး တပ္ရင္း(၄)ရင္းကို စစ္ေၾကာင္း(၃)ေၾကာင္းခြဲၿပီး ဝက္ထီးကန္တပ္ကို တိုက္ခိုက္ဖို႔ခ်ီတက္လာပါတယ္။ သို႔ေသာ္ျမန္မာတပ္မ်ားက နဝင္းေခ်ာင္းဘက္ကေနခ်ီတက္လာတဲ့ အဂၤလိပ္စစ္ေၾကာင္းကို ျမန္မာတပ္မ်ားကအလစ္ဝင္ေရာက္တိုက္ခိုက္လိုက္ၿပီး ဒီတိုက္ပြဲမွာျမန္မာတို႔အနိုင္ရရွိခဲ့ပါတယ္။ ျမန္မာတပ္ေတြကို သုံးဖက္ညႇပ္တိုက္မဲ့ အစီအစဥ္ပ်က္သြားတဲ့ ဗိုလ္မႉးႀကီးအီဗန္အဂၤလိပ္တပ္ေတြဟာ မိုက္႐ူးရဲဆန္ဆန္ ျမန္မာခံတပ္အနားအတင္းပစ္တက္တက္လာခဲ့ေပမဲ့ ျမန္မာခံတပ္ေပၚကပစ္ခတ္တဲ့အေျမာက္ေတြရဲ့ ဒဏ္ေၾကာင့္ေနာက္ျပန္ဆုတ္ေပးခဲ့ရပါတယ္။
ဗိုလ္မႉးႀကီးမက္ဒိုေဝါဦးေဆာင္တဲ့တပ္ေတြဟာ ဝက္ထီးကန္ခံတပ္အနားသို႔ေရာက္ရွိတဲ့အခါ အမွတ္(၆)တပ္ခြဲကို ပထမဆုံးတိုက္ခိုက္ေစပါတယ္။ ဒါေပမဲ့ဒီတပ္ခြဲဟာလည္း ျမန္မာတို႔ရဲ့အေျမာက္ဒဏ္ကိုမခံနိုင္လို႔ ျပန္ဆုတ္ေပးခဲ့ရပါတယ္။ ဗိုလ္မႉးႀကီးမက္ဒိုေဝါရဲ့နာမည္ေက်ာ္တပ္ခြဲျဖစ္တဲ့ ဂရင္းေနးဒီးယားတပ္ခြဲ ျမန္မာခံတပ္အနားကိုေရာက္တာနဲ႔ ရွမ္းေစာ္ဘြားေတြဦးစီးတဲ့ျမင္းတပ္ေတြဟာ ခံတပ္တံခါးကိုဖြင့္ၿပီး အတင္းထိုးခုတ္တိုက္ခိုက္တာေၾကာင့္ ပြဲတိုင္းေက်ာ္ဂရင္းေနးဒီးယားတပ္ခြဲျပန္လည္ဆုတ္ခြာရျပန္ပါတယ္။
ဆုတ္ခြာတဲ့ေနာက္ကို ရွမ္းျမင္းစီးတပ္ေတြကဆက္လိုက္တိုက္ခိုက္တာေၾကာင့္ ဝက္ထီးကန္ကိုေခါင္းေဆာင္ခ်ီတက္လာတဲ့ ဗိုလ္မႉးႀကီးမက္ဒိုေဝါအပါအဝင္ အဂၤလိပ္တပ္ေတြအက်အဆုံးမ်ားစြာနဲ႔ ျပည္ၿမိဳ႕ကေနစြန႔္ခြာထြက္ေျပးရပါေတာ့တယ္။ ဒီတိုက္ပြဲမွာျမန္မာတပ္မ်ားမွ အဂၤလိပ္တို႔၏အေျမာက္ႀကီးမ်ားအျပင္ေသနတ္ႏွင့္ သုံ႔ပန္းမ်ားကိုလည္းရရွိခဲ့ပါတယ္။ ထိုတိုက္ပြဲအေၾကာင္းကို အဂၤလိပ္တပ္ဗိုလ္တစ္ဦးျဖစ္သူ ဝီလ္ဆင္ဆိုသူမွ ၎၏မွတ္တမ္းထဲတြင္" ဝက္ထီးကန္ႏွင့္ပတ္သက္ၿပီး ရန္သူကိုအထင္ေသးခဲ့တာကတစ္ေၾကာင္း ရန္သူ႔အေၾကာင္းသတင္းမွားရရွိခဲ့တာကတစ္ေၾကာင္း ဒါေၾကာင့္ဒီတိုက္ပြဲကိုရႈံးနိမ့္ခဲ့ရျခင္းျဖစ္တယ္" ဟုမွတ္တမ္းတင္ထားခဲ့သည္ကိုေတြ႕ရပါတယ္။ အဂၤလိပ္တပ္ေတြအလဲလဲအကြဲကြဲနဲ႔ဆုတ္ခြာခဲ့ရေၾကာင္းသိရွိရတဲ့အခါ အဂၤလိပ္တပ္ေတြကိုဦးေဆာင္သူ ၾဆာအာခ်ီေဘာ္ကင္းဘဲလ္ဟာ ကိုယ္တိုင္တပ္ႀကီးကိုဦးေဆာင္ခ်ီတက္လာ ခဲ့ပါတယ္။
ကင္းဘဲလ္၏တပ္မ်ားႏွင့္ရင္ဆိုင္ေတြ႕တဲ့အခ်ိန္မွာေတာ့ ျမန္မာေတြဟာအေရးမသာခဲ့ပါဘူး။ ဒါေပမဲ့ ျမန္မာေတြနဲ႔ရွမ္းေတြစုေပါင္းထားတဲ့တပ္ႀကီးဟာ အဂၤလိပ္ေတြတပ္စြဲထားတဲ့ တပ္စခန္းထဲအထိ အတင္းဝင္ေရာက္ထိုးခုတ္တာေၾကာင့္ ႏွစ္ဖက္လုံးအက်အဆုံးမ်ားခဲ့ပါတယ္။ ဒီလိုဝင္ေရာက္စီးနင္းတိုက္ခိုက္မႈေတြမွာ ရွမ္းေစာ္ဘြားတပ္ေတြထဲမွာပါတဲ့ ရွမ္းအမ်ိဳးသမီးေတြပါပါဝင္ခဲ့တာျဖစ္ၿပီး ဒီရွမ္းအမ်ိဳးသမီးေတြေၾကာင့္ ကင္းဘဲလ္ရဲ့ကိုယ္ရံေတာ္ အေတာ္မ်ားမ်ားပါက်ဆုံးခဲ့တယ္လို႔ဆိုပါတယ္။ ဒီအခ်ိန္မွာ ဗမာဘုရင့္ေရတပ္က ကၽြန္းသစ္နဲ႔တည္ေဆာက္ထားတဲ့တိုက္ေလွႀကီးေတြပါတဲ့ ဘုရင့္ေရတပ္ဟာ စစ္ကူအျဖစ္ခ်ီတက္လာပါတယ္။ ဒါေပမဲ့ အဂၤလိပ္တို႔ရဲ့လက္နက္သစ္ျဖစ္တဲ့ ျမင္းေကာင္ေရ ၆၀ ႏႈန္းရွိတဲ့ ေရေႏြးေငြ႕အင္ဂ်င္သုံး ဒိုင္ယာနာမီးသေဘၤာဆီက ဒုံးလက္နက္နဲ႔ အေျမာက္ေတြရဲ့ပစ္ခတ္မႈကိုမခံနိုင္တာေၾကာင့္ ျမန္မာေရတပ္ႀကီး ပ်က္စီးသြားရပါေတာ့တယ္။
ဒီအခ်ိန္မွာ ျမန္မာတပ္မ်ားဘက္မွေခါင္းေဆာင္ဗိုလ္ခ်ဳပ္မဟာေနမ်ိဳးကိုယ္တိုင္ အဂၤလိပ္တို႔ရဲ့ဒုံးလက္နက္ ထိမွန္က်ဆုံးခဲ့တာေၾကာင့္ ရွမ္းျမန္မာပူးေပါင္းတပ္ႀကီးဟာ ပုဂံၿမိဳ႕အထိဆုတ္ခြာေပးခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ အင္းဝေနျပည္ေတာ္ကို (၄)ရက္ခရီးေလာက္သာအကြာအေဝးရွိတဲ့ ရႏၲပိုဆိုတဲ့ရြာကေလးမွာ ပထမအဂၤလိပ္-ျမန္မာစစ္ပြဲရဲ့အဆုံးသတ္ျဖစ္တဲ့ ရႏၲပိုစာခ်ဳပ္ကိုခ်ဳပ္ဆိုၿပီး စစ္ပြဲၿပီးဆုံးခဲ့ပါေတာ့တယ္။ ဒီလိုနဲ႔ အိႏၵိယဘုရင္ခံခ်ဳပ္ရဲ့အိမ္မက္ဆိုးျဖစ္ေစခဲ့ၿပီး ကလကတၱားအထိ အေနာက္ဘက္စစ္နယ္ဝန္းကိုၿခိမ္းေျခာက္နိုင္ခဲ့တဲ့ ျမန္မာေတြဟာအရႈံးႀကီးရႈံးခဲ့ၿပီး ဒီစစ္ပြဲကိုဦးေဆာင္ခဲ့တဲ့ အာခ်ီေဘာ္ကင္းဘဲလ္ကေတာ့ ကေနဒါနိုင္ငံမွာ ဘုရင္ခံအျဖစ္ရာထူးတိုးျမႇင့္ ျခင္းကိုခံခဲံရပါတယ္။
သက္တံ့ေနာင္(Wizardry Myanmar)