Page Nav

HIDE

Breaking News:

latest

Ads Place

မြန်မာပြည်မြောက်ဖျားက ကမ္ဘာကျော်ပြန်လမ်းမဲ့ရေကန်ကြီး

Unicode Version ကမ္ဘာ့သမိုင်းမှာ မရေမတွက်နိုင်အောင် ပျောက်ဆုံးမှုတွေဖြစ်နေတဲ့ ထူးဆန်းတဲ့ဘာမြူဒါနယ်မြေအကြောင်းကိုအားလုံးသိရှိပြီးသားဖြစ်မှာပါ...


Unicode Version
ကမ္ဘာ့သမိုင်းမှာ မရေမတွက်နိုင်အောင် ပျောက်ဆုံးမှုတွေဖြစ်နေတဲ့ ထူးဆန်းတဲ့ဘာမြူဒါနယ်မြေအကြောင်းကိုအားလုံးသိရှိပြီးသားဖြစ်မှာပါ။ ဒီဘာမြူဒါနယ်မြေမှာ လေယာဉ်ပျံနဲ့သင်္ဘောတွေအများအပြား ပျောက်ဆုံးခဲ့ရခြင်းနဲ့ပတ်သက်ပြီး ကမ္ဘာကျော်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုပါပဲ မြန်မာနိုင်ငံအတွင်းမှာလဲ ဘာမြူဒါနယ်မြေလိုမျိုးနေရာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်ဆောင်မြို့နားမှာရှိတဲ့ နောင်ယန်းအင်းလို့ခေါ်တဲ့ရေကန်ကြီးပဲဖြစ်ပါတယ်။  ဒီရေကန်ကြီးဟာ အလျား ၁.၄ ကီလိုမီတာရှိပြီး အကျယ်ဆုံးနေရာကတော့ ၀.၈ ကီလိုမီတာရှိပါတယ်။ ဒီရေကန်ကြီးကို ပြန်လမ်းမဲ့ရေကန်ကြီးလို့ နာမည်ကျော်စေတဲ့အကြောင်းအရင်းများကတော့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းကထူးဆန်းတဲ့ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။


ဒီရေကန်ကြီးဟာ အိန္ဒိယ-မြန်မာ-တရုတ်ဆက်သွယ်ထားတဲ့ ကမ္ဘာကျော်လီဒိုလမ်းမကြီးအနီးမှာရှိပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဒီရေကန်ကြီးပေါ်ကနေဖြတ်သန်းသွားတဲ့ မဟာမိတ်လေယာဉ်တွေဟာရုတ်တရက်ပျောက်ဆုံးကုန်တာဖြစ်ပါတယ်။ ဒီလိုလေယာဉ်တွေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းနိုင်ဖို့ လီဒိုလမ်းမကြီးဖောက်လုပ်နေစဉ်အတွင်း အမေရိကန်တွေဟာတပ်စုတစ်စုကိုစေလွှတ်ပြီးဒီရေကန်ကြီးအကြောင်းကိုစုံစမ်းစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီတပ်စုဟာလုံးပင်မတပ်ဖွဲ့ကြီးနဲ့အဆက်အသွယ်ပျက်သွားပြီး လုံးဝပျောက်ဆုံးသွားရပြန်ပါတယ်။

အင်္ဂလိပ်တို့ဆုတ်ခွာသွားပြီးနောက် မြန်မာနိုင်ငံကိုဂျပန်တို့အုပ်စိုးထားစဉ်အချိန် ဒုတိယကမ္ဘာစစ်ကာလ ကမ္ဘာကျော်အင်ဖာတိုက်ပွဲကြီးအပြီးမှာ စစ်ရှုံးနိမ့်သွားတဲ့ ရာနဲ့ချီတဲ့ဂျပန်တပ်သားတွေဟာဒီရေကန်ကြီးဘေးမှာစခန်းချခဲ့ပါတယ်။ ဒါပေမဲ့ဂျပန်တွေဟာလည်းပြန်လမ်းမဲ့ရေကန်ရဲ့ကျိန်စာကနေပြေးမလွတ်ခဲ့ပြန်ပါဘူး။ ဒါကတော့ ဂျပန်တပ်တစ်တပ်လုံးရုတ်တရက်ဖျားနာပြီးသေဆုံးကုန်တာပဲဖြစ်ပါတယ်။



ဒါအပြင်အင်္ဂလိပ်တို့ရဲ့ တင်ကားတွေနဲ့စစ်တပ်တစ်ချို့ပါပျောက်ဆုံးခဲ့ပြီးတဲ့နောက် ဒီရေကန်ကြီးကို Lake of No Return ပြန်လမ်းမဲ့ရေကန်ကြီးလို့ ၎င်းတို့ကစတင်နာမည်ပေးခဲ့ပါတယ်။ ဒီရေကန်ဟာအိန္ဒိယနဲ့မြန်မာနယ်စပ်အနီးမှာတည်ရှိတာဖြစ်ပြီး ဒီရေကန်ကြီးနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့မြန်မာဒေသခံတွေအတူတကွယုံကြည်ကြတာက ဒီရေကန်မှာနတ်ဘီလူးတွေနေထိုင်ပြီး လာရောက်အနှောင့်အယှက်ပေးတဲ့သူတွေကို သတ်ဖြတ်စားသောက်တတ်ကြတယ်ဆိုတာပဲဖြစ်ပြီး ဒီရေကန်မှာနေထိုင်ကျက်စားတဲ့ရေသတ္တဝါတွေကိုလည်း ဘေးမဲ့ပေးထားကြပါတယ်။

ဒီရေကန်ကြီးဟာမြန်မာ့မြေပိုင်နက်အတွင်းမှာပါဝင်ပေမဲ့ အိန္ဒိယဘက်ကနေသွားရောက်ရတာပိုမိုလွယ်ကူပြီး မြန်မာနိုင်ငံကသွားရင် လီဒိုလမ်းမကြီးအတိုင်းသာသွားရမှာမို့ လမ်းပန်းဆက်သွယ်ရေးမသာပါဘူး။ အခုတော့ဒီရေကန်ကို ကမ္ဘာလှည့်ခရီးသွားတစ်ချို့လာရောက်လည်ပတ်လေ့ရှိပြီး အိန္ဒိယရဲ့ဘာမြူဒါလေးလို့လဲ ခေါ်ကြပါသေးတယ်။  
သက်တံ့နောင်(Wizardry Myanmar)

Zawgyi Version
ကမၻာ့သမိုင္းမွာ မေရမတြက္နိုင္ေအာင္ ေပ်ာက္ဆုံးမႈေတြျဖစ္ေနတဲ့ ထူးဆန္းတဲ့ဘာျမဴဒါနယ္ေျမအေၾကာင္းကိုအားလုံးသိရွိၿပီးသားျဖစ္မွာပါ။ ဒီဘာျမဴဒါနယ္ေျမမွာ ေလယာဥ္ပ်ံနဲ႔သေဘၤာေတြအမ်ားအျပား ေပ်ာက္ဆုံးခဲ့ရျခင္းနဲ႔ပတ္သက္ၿပီး ကမၻာေက်ာ္ခဲ့တာပဲျဖစ္ပါတယ္။ ဒီလိုပါပဲ ျမန္မာနိုင္ငံအတြင္းမွာလဲ ဘာျမဴဒါနယ္ေျမလိုမ်ိဳးေနရာတစ္ခုရွိေနပါတယ္။ အဲ့ဒါကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပန္ေဆာင္ၿမိဳ႕နားမွာရွိတဲ့ ေနာင္ယန္းအင္းလို႔ေခၚတဲ့ေရကန္ႀကီးပဲျဖစ္ပါတယ္။  ဒီေရကန္ႀကီးဟာ အလ်ား ၁.၄ ကီလိုမီတာရွိၿပီး အက်ယ္ဆုံးေနရာကေတာ့ ၀.၈ ကီလိုမီတာရွိပါတယ္။ ဒီေရကန္ႀကီးကို ျပန္လမ္းမဲ့ေရကန္ႀကီးလို႔ နာမည္ေက်ာ္ေစတဲ့အေၾကာင္းအရင္းမ်ားကေတာ့ ဒုတိယကမၻာစစ္ႀကီးအတြင္းကထူးဆန္းတဲ့ျဖစ္ရပ္ေတြပဲျဖစ္ပါတယ္။





ဒီေရကန္ႀကီးဟာ အိႏၵိယ-ျမန္မာ-တ႐ုတ္ဆက္သြယ္ထားတဲ့ ကမၻာေက်ာ္လီဒိုလမ္းမႀကီးအနီးမွာရွိၿပီးေတာ့ ဒုတိယကမၻာစစ္အတြင္းက ဒီေရကန္ႀကီးေပၚကေနျဖတ္သန္းသြားတဲ့ မဟာမိတ္ေလယာဥ္ေတြဟာ႐ုတ္တရက္ေပ်ာက္ဆုံးကုန္တာျဖစ္ပါတယ္။ ဒီလိုေလယာဥ္ေတြေပ်ာက္ဆုံးမႈနဲ႔ပတ္သက္ၿပီး စုံစမ္းနိုင္ဖို႔ လီဒိုလမ္းမႀကီးေဖာက္လုပ္ေနစဥ္အတြင္း အေမရိကန္ေတြဟာတပ္စုတစ္စုကိုေစလႊတ္ၿပီးဒီေရကန္ႀကီးအေၾကာင္းကိုစုံစမ္းေစခဲ့ပါတယ္။ ဒါေပမဲ့ ဒီတပ္စုဟာလုံးပင္မတပ္ဖြဲ႕ႀကီးနဲ႔အဆက္အသြယ္ပ်က္သြားၿပီး လုံးဝေပ်ာက္ဆုံးသြားရျပန္ပါတယ္။



အဂၤလိပ္တို႔ဆုတ္ခြာသြားၿပီးေနာက္ ျမန္မာနိုင္ငံကိုဂ်ပန္တို႔အုပ္စိုးထားစဥ္အခ်ိန္ ဒုတိယကမၻာစစ္ကာလ ကမၻာေက်ာ္အင္ဖာတိုက္ပြဲႀကီးအၿပီးမွာ စစ္ရႈံးနိမ့္သြားတဲ့ ရာနဲ႔ခ်ီတဲ့ဂ်ပန္တပ္သားေတြဟာဒီေရကန္ႀကီး ေလးမွာစခန္းခ်ခဲ့ပါတယ္။ ဒါေပမဲ့ဂ်ပန္ေတြဟာလည္းျပန္လမ္းမဲ့ေရကန္ရဲ့က်ိန္စာနဲ႔တိုးခဲ့ျပန္ပါတယ္။ ဒါကေတာ့ ဂ်ပန္တပ္တစ္တပ္လုံး႐ုတ္တရက္ဖ်ားနာၿပီးေသဆုံးကုန္တာပဲျဖစ္ပါတယ္။




ဒါအျပင္အဂၤလိပ္တို႔ရဲ့ တင္ကားေတြနဲ႔စစ္တပ္တစ္ခ်ိဳ႕ပါေပ်ာက္ဆုံးခဲ့ၿပီးတဲ့ေနာက္ ဒီေရကန္ႀကီးကို Lake of No Return ျပန္လမ္းမဲ့ေရကန္ႀကီးလို႔ ၎တို႔ကစတင္နာမည္ေပးခဲ့ပါတယ္။ ဒီေရကန္ဟာအိႏၵိယနဲ႔ျမန္မာနယ္စပ္အနီးမွာတည္ရွိတာျဖစ္ၿပီး ဒီေရကန္ႀကီးနဲ႔ပတ္သက္ၿပီး အိႏၵိယနဲ႔ျမန္မာေဒသခံေတြအတူတကြယုံၾကည္ၾကတာက ဒီေရကန္မွာနတ္ဘီလူးေတြေနထိုင္ၿပီး လာေရာက္အေႏွာင့္အယွက္ေပးတဲ့သူေတြကို သတ္ျဖတ္စားေသာက္တတ္ၾကတယ္ဆိုတာပဲျဖစ္ၿပီး ဒီေရကန္မွာေနထိုင္က်က္စားတဲ့ေရသတၱဝါေတြကိုလည္း ေဘးမဲ့ေပးထားၾကပါတယ္။



ဒီေရကန္ႀကီးဟာျမန္မာ့ေျမပိုင္နက္အတြင္းမွာပါဝင္ေပမဲ့ အိႏၵိယဘက္ကေနသြားေရာက္ရတာပိုမိုလြယ္ကူၿပီး ျမန္မာနိုင္ငံကသြားရင္ လီဒိုလမ္းမႀကီးအတိုင္းသာသြားရမွာမို႔ လမ္းပန္းဆက္သြယ္ေရးမသာပါဘူး။ အခုေတာ့ဒီေရကန္ကို ကမၻာလွည့္ခရီးသြားတစ္ခ်ိဳ႕လာေရာက္လည္ပတ္ေလ့ရွိၿပီး အိႏၵိယရဲ့ဘာျမဴဒါေလးလို႔လဲ ေခၚၾကပါေသးတယ္။  

သက္တံ့ေနာင္(Wizardry Myanmar)






Latest Articles