Page Nav

HIDE

Breaking News:

latest

Ads Place

ကမ္ဘာကျော်တရုတ်-မြန်မာစစ်ပွဲများ(တတိယတရုတ်-မြန်မာစစ်ပွဲ) ဒုတိယပိုင်း

တတိယတရုတ်-မြန်မာစစ်ပွဲစတင်တိုက်ခိုက်စဉ်က  အာတင်အော်သည် ကောင်းတုံခံတပ်အား ဝန်းရံထားရုံသာဖြစ်သော်လည်း တိုက်ခိုက်ရင်းဖြင့်စစ်သွေးကြွလာကာကောင်းတ...




တတိယတရုတ်-မြန်မာစစ်ပွဲစတင်တိုက်ခိုက်စဉ်က အာတင်အော်သည် ကောင်းတုံခံတပ်အား ဝန်းရံထားရုံသာဖြစ်သော်လည်း တိုက်ခိုက်ရင်းဖြင့်စစ်သွေးကြွလာကာကောင်းတုံအားအပြီးသိမ်းမည်ဟု အားကုန်သုံးတိုက်ခိုက်သည့်အခြေအနေဖြစ်သည်။ ထို့အချိန်တွင် တရုတ်ဧကရာဇ်ထံမှ ကောင်းတုံခံတပ်ရှိတပ်အားနုတ်၍ ပိတ်မိနေသော မင်ယွီ၏တပ်အားကူညီရန်အမိန့်ရောက်ရှိလာပြီး မင်ယွီထံမှလည်းစစ်ကူတောင်းသောစာများရောက်ရှိလာလေသည်။ သို့သော်အာတင်အော်သည် ကောင်းတုံအားအနိုင်ရခြင်းမရှိဘဲ မင်ယွီထံသို့သွားရောက်ပါက နောက်ကျောမှတိုက်ခိုက်ခံရမည့်အခြေအနေကိုရိပ်စားမိပြီး ၁၇၆၈ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်နုတ်ခါ ဆုတ်ခွာသွားလေတော့သည်။ ထို့ကြောင့်တရုတ်ရာဇဝင်များတွင် အာတင်အော်အားသစ္စာဖောက်အဖြစ်မှတ်တမ်းတင်ထားပြီး မင်ယွီ၏တပ်များသည်လည်း သုံးဆယ်ခံစစ်ကြောင်းတွင် စစ်သည်တစ်သိန်းကျော်ဖြင့် ပိတ်မိနေလေတော့သည်။ 

ဆင်ဖြူရှင်မင်းသည် မင်ယွီအားချက်ခြင်းအနိုင်တိုက်ရန် မဖြစ်နိုင်သေးသည်ကိုသိရှိသောအခါ တပ်များပြန်ဆုတ်ဟန်ပြု၍ ဘုရင့်သေနတ်ကိုင်တပ်(၃)တပ် အင်အား(၃၀၀၀)အား သုံးဆယ်ခံစစ်ကြောင်းရှိ တရုတ်တပ်များမသိအောင် တရုတ်တပ်များ၏နောက်ကျောဘက်သို့ချီတက်စေပြီးနောင်ချိုမှတစ်ဆင့် စစ်စည်စစ်မောင်းများတီးကာပြန်လည်ချီတက်လာစေသည်။ နောင်ချိုဘက်မှ ဘုရင့်သေနတ်ကိုင်တပ်များအား သိန္နီရှိ မင်းကြီးမဟာသီဟသူရ၏တပ်များပြန်လည်ချီတက်လာပြီအထင်နှင့် မင်ယွီသည် ၄◌င်း၏တပ်ဖွဲ့များအား ထက်ဝက်ခွဲကာနောင်ချိုဘက်တွင်ခုခံရန်ပြင်ဆင်ရပြန်လေသည်။ မင်ယွီနှင့်၄◌င်း၏တပ်များနောင်ချိုဘက်သို့ အာရုံရောက်နေသည့်အချိန်တွင်မှ မင်းကြီးမဟာစည်သူသည် တိုက်ဆင် ၄၀၀ (ရှေးယခင်ကတိုက်ဆင်တစ်ကောင်သည် စစ်သည် ၃၀၀နှင့်ညီမျှသည်ဟု မှတ်သားရမိပါသည်) စစ်သည် ၄၅၀၀၀ ပါဝင်သော တပ်ပေါင်းစုကြီးဖြင့် တရုတ်တပ်များအားဝင်ရောက်တိုက်ခိုက်လေတော့သည်။ မြန်မာတပ်များသည် ဆင်တပ်များအားရှေ့တမ်းတင်၍ ဆင်ပေါ်အမြောက်များတင်ကာ ဆက်တိုက်ပစ်ခတ်ချီတက်လာခြင်းကြောင့် နာမည်ကျော် အပြာရောင်အလံကိုင်မြင်းတပ်မသည် မြန်မာ့ဆင်တပ်၏ခြေဖဝါးအောက်တွင်ကျဆုံးလေတော့သည်။

နှစ်ဖက်ညှပ်၍အတိုက်ခံရတော့မည်ကိုသိရှိသောမင်ယွီသည် ချက်ခြင်းပင်တပ်အဆင့်ဆင့်ခုခံကာ အရှေ့မြောက်ဘက်သို့ဆုတ်ခွာရလေတော့သည်။ တတိယတရုတ်-မြန်မာစစ်ပွဲကာလအတွင်း မြန်မာတပ်များအားနည်းမျိုးစုံဖြင့် အနိုင်ရရှိခဲ့သောစစ်ဘုရင်မင်ယွီသည် သုံးဆယ်ခံစစ်ကြောင်းမှ ဆုတ်ပြေးရသည့် အချိန် ၄◌င်းတိုက်ပွဲတွင် တရုတ်စစ်သည် ၂သောင်းကျော်ကျဆုံးခဲ့ပါသည်။ မင်ယွီ၏တပ်များသည် ဗန်းမော်သို့ချီတက်ရန်ကြိုးစားသေးသော်လည်း ဗန်းမော်တွင်အာတင်အော်၏တပ်များဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရှိလိုက်သောအခါ မင်ယွီသည် ၄◌င်း၏တပ်တစ်တပ်တည်း မြန်မာပြည်စစ်မြေပြင်တွင် အမဲဖျက်ခံရတော့မည်ကိုသိရှိလိုက်သဖြင့် အဝါရောင်အလံကိုင်တပ်ကို အသေခံတပ်များဖြစ်နောက်ဆုံးအကာအကွယ်အသုံးပြု၍ ကျန်တပ်များကို  သိန္နီမြောက်ပိုင်းသို့ဆက်တိုက်ချီတက်စေသည်။ အဝါရောင်အလံကိုင်တပ်သည် တရုတ်ဘုရင့်ကိုယ်ရံတော်တပ်ဖြစ်သဖြင့် သာမန်တပ်များထက်ပိုမိုအစွမ်းထက်သည်ဖြစ်သောကြောင့် ဆုတ်ခွာသောတပ်များ အချိန်ပိုရအောင်ဆောင်ရွက်ပေးနိုင်ခဲ့လေသည်။ 

ထိုအတိုင်းဆိုလျှင်တရုတ်တပ်များလွတ်မြောက်သွားမည်ဖြစ်သဖြင့် ဝန်ကြီးမဟာစည်သူသည် မင်းကြီးမဟာသီဟသူရထံ စာဆင့်၍အကြောင်းကြားလေသည်။ မင်းကြီးမဟာသီဟသူရသည် ဆုတ်ခွာလာသောတပ်များအားတိုက်ခိုက်ရန် နမ္မတူမြောက်ဘက်ရှိ တောင်ကြားလမ်းအားရွေးချယ်လျှက် ၄◌င်း၏လက်ရွေးစင်တပ်ဗိုလ် (၄)ဦးအား သေနတ်ကိုင်တပ်(၄၀၀၀၀)ဖြင့် တရုတ်များထက်မြန်မြန်ချီတက်၍ မန်ဝှေ့တွင်အသင့်စောင့်ဆိုင်းနေစေသည်။ ထို့အပြင်ကွန်းလုံဆိပ်မှပြန်လာသော စစ်ကဲကြီးတိမ်ကြားမင်းခေါင်၏ တပ်များကိုလည်း ၄◌င်းတောင်ကြားလမ်းအထွက်တွင်ပုန်းအောင်းနေစေပြန်သည်။ မင်းကြီးမဟာသီဟသူရ၏တပ်များသည်လည်း တောင်ကြားလမ်းတွင်အသင့်စောင့်ဆိုင်းနေလေသည်။ 


ဝန်ကြီးမဟာစည်သူ၏တပ်များသည် တရုတ်ခံစစ်တပ်များအားဖြည်းဖြည်းချင်းဆုတ်ခွာစေလျှက် မန့်ဝှေ့တောင်ကြားလမ်းသို့ကျုံးသွင်းတိုက်ခိုက်ရန်ပြင်ဆင်လေတော့သည်။ တရုတ်တပ်များသည် နောက်မှဝန်ကြီးမဟာစည်သူ၏တပ်များလိုက်မမီအောင်ညတွင်းခြင်းချီတက်၍ မန်ဝှေ့တောင်ကြားတွင်စခန်းချရပ်နားမိတော့သည်။ ၄◌င်းသည်တတိယတရုတ်-မြန်မာစစ်ပွဲတစ်လျှောက်တရုတ်တို့၏အကြီးမားဆုံးကံဆိုးမှုကြီးဖြစ်၍  ြမန်မာစစ်သူကြီးများ၏ပြောင်မြောက်လှသောပရိယာယ်လည်းဖြစ်ပါသည်။ ၄◌င်းတောင်ကြားအတွင်း စခန်းချမိသည်အထိတရုတ်တပ်များသည် တောင်ပေါ်နှင့်တောင်ခါးပန်းများတွင်မြန်မာတပ်များပုန်းခိုနေသည်ကိုလုံးဝသိရှိခဲ့ခြင်းမရှိပေ။ 

တရုတ်စစ်သူကြီးမင်ယွီသည်နောက်ဆုံးအချိန်အထိ ၄◌င်း၏တပ်များအားအားပေးစကားပြောကြားရင်း စစ်သည်များနှင့်အတူ နောက်ဆုံးရိက္ခာကိုစားသောက်နေရသည့်အချိန်ဖြစ်လေသည်။ ထို့အချိန်တွင် အနောက်ဘက်ဆီမှမြန်မာတပ်များသည် အောင်စည်အောင်မောင်းများတီးလျှက်ချီတက်လာသောအခါ တရုတ်တပ်များသည် စားလက်စရိက္ခာများကိုသိမ်းဆည်းလျှက်တောင်ကြားလမ်းမှထွက်ရန်ပြင်ဆင်လေသည်။ ထိုအချိန်တွင် တောင်ကြားလမ်းရှေ့တွင်ပိတ်စောင့်နေသော တိမ်ကြားမင်းခေါင်၏တပ်များက အမြောက်များ၊ မြတံပူများသုံး၍ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လေရာ တရုတ်များတောင်ကြားသို့ ပြန်ဆုတ်ရန်ပြင်စဉ် တောင်ခါးပန်းများတွင်ပုန်းခိုနေသောမြန်မာတပ်များက ကျောက်တုံးများ၊ လေးမြှားတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေရုံသာမက နောက်မှလိုက်လာသောဝန်ကြီးမဟာစည်သူ၏တပ်များသည်လည်း ရောက်ရှိလာသောအခါ အဝါရောင်အလံကိုင်တပ်သည် တောင်ကြားထဲတွင်လေးဖက်လေးတန်ကျုံးသွင်းတိုက်ခိုက်ခြင်းကိုခံရလေတော့သည်။ သို့သော်လည်းစစ်သူကြီးမင်းယွီသည် ထိုသို့တိုက်ခိုက်နေသည့်ကြားမှ ၄◌င်း၏တပ်များအား ရအောင်စုစည်း၍ တောင်ကြားလမ်းမှ ထိုးဖောက်လွှတ်မြောက်သွားပြန်လေသည်။ ထိုတောင်ကြားလမ်းတွင် တရုတ်စစ်သည်ငါးသောင်းခန့်ကျဆုံးခဲ့သည်ဟူ၏။ 

အထိနာသွားသောမင်ယွီ၏တပ်များသည် မူလချီတက်၍ ဝမ်တိန်သို့သာပြန်လည်ချီတက်ရန် ဆုံးဖြတ်ခဲ့လေသည်။ ဝမ်တိန်မှ သိန္နီသို့ချီတက်ရာတွင် ၈ ရက်သာကြာသော်လည်း အင်အားချိနဲ့နေသောတရုတ်တို့သည် နောက်မှတိုက်ခိုက်နေသောမြန်မာတပ်များအား ခုခံရင်းဆုတ်ခွာလာခဲ့ရာ ခရစ်နှစ် ၁၇၆၈ ခုနှစ် မတ်လတွင် ဝမ်တိန်မှ မိုင်ခုနှစ်ဆယ်ခန့်ဝေးသည့် မုန်းယုသို့ရောက်ရှိာသည့်အချိန်တွင် အင်အား ၄၀၀၀၀ ကျော်သာကျန်ရှိတော့သည်။ သို့သော်လည်း တရုတ်နယ်စပ်တွင် မြန်မာတပ်များကပိတ်ဆို့ထားကြောင်း မင်ယွီသိရှိသောအခါ တရုတ်ပြည်သို့ပြန်လည်ဆုတ်ခွာရန်မပြုတော့ဘဲ စစ်ဦးစီးချုပ်၏အလံကိုလွှင့်တင်ကာ နောက်ဆုံးခံစစ်ကြီးအဖြစ်ခုခံရန်ပြင်ဆင်လေတော့သည်။ ခရစ်နှစ် ၁၇၆၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် စတင်တိုက်ခိုက်ကြပြီး မြန်မာတို့ဘက်မှ ၄၅ တပ် တရုတ်တို့ဘက်မှ ၇ တပ် အင်အားချင်းမမျှသောတိုက်ပွဲကို စစ်သူကြီးမင်ယွီသည် နောက်ဆုံးအချိန်အထိလက်နက်မချဘဲ ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဒုတိယနေ့တွင် ၄◌င်းကိုယ်တိုင် အပြင်း အထန် ဒဏ်ရာရရှိခဲ့လေသည်။  စစ်သူကြီးမင်ယွီသည်အဝါရောင်အလံကိုင်တပ်များဖြင့် အချိန်(၂)ရက်တိုင်တိုင်ခုခံခဲ့ဖြင့် ကျန်တရုတ်တပ်များသည် ပျောက်ကြားတပ်ဖွဲ့ငယ်များအဖြစ် နယ်စပ်အားခိုးဝှက်ဖြတ်ကူးရာ တရုတ် ၄၀၀၀၀ ခန့်သည်နယ်စပ်မှလွှတ်မြောက်ခဲ့ပြီး ထိုအချိန်တွင် မင်ယွီ၏နောက်ဆုံးတပ်တွင် စစ်သည် ၅၀၀၀ ခန့်သာကျန်ရစ်တော့သည်။ နောက်ဆုံးတွင်မင်ယွီသည် တရုတ်ဧကရာဇ်အပေါ်နောက်ဆုံး သစ္စာစောင့်သိမှုကိုပြသသည့်နေဖြင့် ၄◌င်း၏ကျစ်ဆံမှီးကိုဖြတ်ကာ နောက်ဆုံးဆုတ်ခွာတပ်အား ဧကရာဇ်ကိုဆက်သရန်မှာကြား၍ ၄◌င်းမှမိမိကိုယ်ကိုယ်အဆုံးစီရင်သွားလေတော့သည်။ 

တရုတ်ပြန်သို့ပြန်လည်ဆုတ်ခွာလာသောအာတင်အော်နှင့်၄◌င်း၏တပ်များအား ဘေကျင်းခုံရုံးမှ သစ္စာ ဖောက်များအဖြစ်စွပ်စွဲကာခုံရုံးတင်လေတော့သည်။ အာတင်အော်တို့မှလည်း မင်ယွီ၏တပ်များအားစစ်ကူပေး၍မဖြစ်နိုင်ကြောင်း အကယ်၍စစ်ကူပေးမိပါက တရုတ်တပ်တော်တစ်ခုလုံးကျဆုံးသွားမည်ဖြစ်ကြောင်း လျှောက်လှဲသော်လည်း ဘေကျင်းခုံရုံးမှ မြန်မာပြည်သိမ်းစစ်ရှုံးနိမ့်ရခြင်းသည် အာတင်အော်တို့၏ တပ်များကြောင့်ဟုစွပ်စွဲကာ အာတင်အော်အားမြင်းလေးကောင်ဖြင့်အပိုင်းပိုင်းဆွဲဖြတ်သတ်စေပြီး ခေါင်းအား မြို့ရိုးထိပ်တွင်ချိတ်ဆွဲထားပြီး လက်အောက်ခံတပ်မှူးနှစ်ဦးအားလည်း လူစည်ကားသောအရပ်တွင် ရင်ခွဲ၍သတ်ခဲ့ပါသည်။

တတိယအကြိမ် တရုတ်-မြန်မာစစ်ပွဲတွင် အလံကိုင်(၃)တပ်တွင် (၂)တပ်သည်လုံးဝပျက်စီးသွားပြီး ဘုရင့်ကိုယ်ရံတော်အဝါရောင်အလံကိုင်တပ်ပင်အတော်အင်အားချိနဲ့သွားလေသည်။ ဤစစ်ပွဲတွင် တရုတ်စစ်သည် စုစုပေါင်း ၁သိန်းကျော်ကျဆုံးကာ ၄သောင်းကျော်သုံပန်းအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရပါသည်။ မုန်းယုရှိ စစ်သူကြီးမင်ယွီ၏အလောင်းအားမြန်မာတို့မှ ကောင်းမွန်စွာသင်္ဂြိုလ်၍ ၄◌င်း၏ချပ်ဝတ်နှင့်အတူ အရိုးအိုးအား တရုတ်ပြည်သို့ပြန်လည်ပေးပို့ခဲ့လေသည်။ 

Latest Articles