Page Nav

HIDE

Breaking News:

latest

Ads Place

ရန်ကုန်မြစ်ထဲမှာနစ်မြုတ်နေတဲ့ လျှို့ဝှက်ဆန်းကျယ်ရတနာသင်္ဘောကြီး

Unicode Version ရန်ကုန်မြစ်ထဲမှာနစ်မြုတ်နေတဲ့ဓမ္မစေတီခေါင်းလောင်းကြီးကိုရှာဖွေနေတဲ့ ဦးစံလင်းဆိုသူပုဂ္ဂိုလ်ကြီးကို စာဖတ်သူတို့အားလုံးသိရှိပြီ...



Unicode Version

ရန်ကုန်မြစ်ထဲမှာနစ်မြုတ်နေတဲ့ဓမ္မစေတီခေါင်းလောင်းကြီးကိုရှာဖွေနေတဲ့ ဦးစံလင်းဆိုသူပုဂ္ဂိုလ်ကြီးကို စာဖတ်သူတို့အားလုံးသိရှိပြီးသားဖြစ်မှာပါ။ ၎င်းဦးစံလင်းဟာ မြန်မာ့သမိုင်းမှာအထင်ကရဖြစ်တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကိုရှာဖွေနေတာပဲဖြစ်ပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ၁၄ ရာစုနှစ်များတွင် မွန်ဘုရင်ဓမ္မစေတီမင်းလက်ထက် ရွှေတိဂုံဘုရားတွင် သွန်းလုပ်လှူဒါန်းထားခြင်းဖြစ်ပြီး ကမ္ဘာအကြီးဆုံးခေါင်း လောင်းကြီးဖြစ်သည်ဟု၍လည်းဆိုကြပါသည်။ အဆိုပါခေါင်းလောင်းကြီးသည် ၁၆ ရာစုနှစ်တွင် မြန်မာ့သမိုင်းတွင်ထင်ရှားသူ ငဇင်ကာခေါ် ပေါ်တူဂီလူမျိုးဒီပရစ်တိုသည် ရွှေတိဂုံဘုရားပေါ်မှ ဓမ္မစေတီခေါင်းလောင်းကြီးအားအတင်းယူဆောင်သွားပြီးနောက် သန်လျှင်နှင့်ရန်ကုန်မြို့အကြား ရန်ကုန်မြစ်အတွင်းတွင်နစ်မြုတ်သွားသည်ဟူ၍လည်းသမိုင်းမှတ်တမ်းများအရ ဖတ်ရှုရပါသည်။

သမိုင်းများအရအဆိုပါခေါင်းလောင်းကြီးသည် ၁၈ တောင်မြင့်၍ ၈ တောင်ခန့်ကျယ်ပြန့်ကာ အလယ်ဖောင်းရစ်တွင် နှစ်ကျိတ်ရှစ်ဆူဘုရားရုပ်ပွားတော်များပါရှိပြီး ကျောက်သံပတ္တမြားပေါင်း ၄၀၀၀ ကျော်ပါရှိကာ ကြေးပိဿာချိန် ၁၈၀၀၀၀ ကျော်ဖြင့်သွန်းလုပ်ထားသည့်ရတနာခေါင်းလောင်းကြီးဖြစ်ပါသည်။ ထိုခေါင်းလောင်းကြီးအားငဇင်ကာမှအတင်းလုယူသွားစဉ် ရန်ကုန်မြစ်အတွင်းနစ်မြုတ်သွားသည့် ပျောက်ဆုံးနေသော မွန်တို့၏ရတနာခေါင်းလောင်းကြီးဖြစ်ပါသည်။

ရန်ကုန်မြစ်အတွင်းတွင် နစ်မြုတ်နေသည့်ရတနာပစ္စည်းများမှာထိုတစ်ခုထဲမဟုတ်ပေ။ သမိုင်းမှတ်တမ်းများအရ ရန်ကုန်မြစ်အတွင်းတွင် ဒက်ချ်ကုမ္ပဏီပိုင် သင်္ဘောနှစ်စီးဖြစ်သည့် ကိုးနင်းဒေးဗစ်အမည်ရ သင်္ဘောကြီးနှင့် ကိုးမိုင်းအမည်ရသင်္ဘောကြီးများလည်းနစ်မြုတ်လျှက်ရှိပါသည်။ အဆိုပါသင်္ဘောကြီးများသည် ၁၆ ရာစုနှစ်များတွင် မြန်မာနိုင်ငံအတွင်းသိုု့ကုန်သွယ်ရေးလုပ်ငန်းများလုပ်ဆောင်လျှက်ရှိသည့် ဒက်ချ်အရှေ့အိန္ဒိယကုမ္ပဏီပိုင်သင်္ဘောကြီးများဖြစ်ပြီး ၁၆၆၁ ခုနှစ် ဧပြီလအတွင်းနစ်မြုတ်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါသင်္ဘောကြီးများသည့် ဂွတ်ဟုပ်အငူမှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရန် ထိုစဉ်ကမြန်မာတို့အကြိုက်ဖြစ်သည့် အနောက်တိုင်းလက်ရာရွှေထည်ငွေထည်များ၊ ဟင်းချက်အမွှေးအကြိုင်ပစ္စည်းများ၊ ပိုးလိပ်အထည်လိပ်များစသည်တို့ကိုအပြည့်တင်ဆောင်လာခြင်းဖြစ်ပြီး သင်္ဘောကြီးများသည် သစ်သားဖြင့်ဆောက်လုပ်ထားသည့်သင်္ဘောအမျိုးအစားများဖြစ်ကာ သင်္ဘောပေါ်တွင် အမြောက်ကြီး အလက်(၂၀)ခန့်ပါဝင်သည့် ထိုခေတ်ထိုအခါက ပင်လယ်ကူးသင်္ဘောကြီးများဖြစ်၍ ရန်ကုန်မြို့နှင့်သန်လျင်မြို့အကြားသို့ရောက်ရှိလာစဉ်တွင် ၁၆၆၁ ခုနှစ် ဧပြီလတွင် ကိုးနင်းဒေးဗစ်သင်္ဘောကြီးနစ် မြုတ်ခဲ့ပြီး ထိုနှစ်အတွင်းမှာပင် ကိုးမိုင်းသင်္ဘောကြီးထပ်မံနစ်မြုတ်ခဲ့ပါသည်။ 

အနောက်တိုင်းပညာရှင်များ၏လေ့လာတွေ့ရှိချက်များအရ အဆိုပါသင်္ဘောကြီးများသည် ဓမ္မစေတီခေါင်းလောင်းကြီးပျောက်ဆုံးခဲ့သည့် တည်နေရာအနီးတွင်ပင်ရှိနိုင်ကြောင်းခန့်မှန်းထားပြီး ဓမ္မစေတီခေါင်းလောင်းကြီးနစ်မြုတ်ခဲ့သည့်နေရာဟုခန့်မှန်းရသောအနီးတစ်ဝိုက်တွင် ရေဝဲကြီးများမကြာခဏဆိုသလို ဖြစ်ပွားခဲ့ကြောင်း ၁၈၀၀ ပြည့်နှစ်များတွင် ရေးသားထားသည့် သမိုင်းအထောက်အထားများအရ သိရှိရပါသည်။

အဆိုပါခေါင်းလောင်းကြီးနှင့်သင်္ဘောကြီးများနစ်မြုစ်နေသည့်နေရာများအား အင်္ဂလိပ်အစိုးရလက်ထက်တွင်လည်း အင်္ဂလိပ်တို့မှဆယ်ယူရန်အကြိမ်ကြိမ်ကြိုးစားခဲ့ကြပြီးအောင်မြင်မှုမရရှိခဲ့ပေ။ ၁၉၈၇ ခုနှစ် ၁၉၈၉ ခုနှစ်များတွင်လည်း ယဉ်ကျေးမှုဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ဦးကြိုင်၊ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ဦးဆောင်သောအဖွဲ့မှ ရေငုတ်ရှာဖွေခဲ့ကြပြီး ၁၉၇၈ ခုနှစ်တွင်ဦးကျော်ဦးခေါင်းဆောင်သောအဖွဲ့ ၁၉၈၉ ခုနှစ်တွင် ဦးသိန်းထွန်းခေါင်းဆောင်သောအဖွဲ့များမှရှာဖွေခဲ့သော်လည်း ရုတ်တရက်ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းများကျခြင်း၊ ရေဝဲကြီးများပေါ်လာခြင်းတို့ကြောင့် ရှာဖွေမှုကိုရပ်တံ့ခဲ့ကြပါသည်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၇ ခုနှစ် ဇွန်လအထိ အမေရိကန်ရေငုတ်ကျွမ်းကျင်သူ ဂျင်ဘလန့်ဦးဆောင်၍ လည်းခေါင်လောင်းကြီးအားရှာဖွေခဲ့ကြပါသည်။ ၃ နှစ်အတွင်း ၁၁၅ ကြိမ်ခန့်ရေငုတ်ရှာဖွေခဲ့ပြီးနောက် ခေါင်းလောင်းကြီးအားလက်ဖြင့်ထိတွေ့ခဲ့ရကြောင်း ခေါင်းလောင်းကြီး၏အနီးတွင်လည်း သင်္ဘောပျက်ဟု ထင်ရသည့် အရာများရှိကြောင်းအခိုင်အမာပြောကြားခဲ့ပြီး နောက်ပိုင်းတွင်အကြိမ်ကြိမ်ဆယ်ယူရန်ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

ခေါင်းလောင်းကြီးနှင့်ရတနာသင်္ဘောကြီးများနှင့်ပတ်သက်၍ နောက်ဆုံးကွင်းဆက်မှာ ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် နှစ်ပေါင်း ၄၀၀ ကျော်ရန်ကုန်မြစ်အတွင်းနစ်မြုတ်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးနှင့် သင်္ဘောပျက်များ၏တည်နေရာဟုယူဆရသည့်နေရာအတိအကျကို အမေရိကန်နိုင်ငံမှလွှတ်တင်ထားသည့် Lan sat 7 ဂြိုလ်တုမှ ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါသင်္ဘောပျက်များနှင့်ခေါင်းလောင်းကြီးအားဆယ်ယူပါက ဒေါ်သန်း ၅ သိန်းခန့်ကုန်ကျမည်ဖြစ်ပြီး ထိုရတနာများကို အစိုးရမှတူးဖော်သယ်ဆောင်ခွင့်ပေးခြင်းမရှိသေးကြောင်း ဒဂုံတက္ကသိုလ် အငြိမ်းစားဘူမိဗေဒပါမောက္ခတစ်ဦးမှပြောကြားခြင်းပင်ဖြစ်ပါသည်။

သက်တံ့နောင်(Wizardry Myanmar)

Zawgyi Version

ရန္ကုန္ျမစ္ထဲမွာနစ္ျမဳတ္ေနတဲ့ဓမၼေစတီေခါင္းေလာင္းႀကီးကိုရွာေဖြေနတဲ့ ဦးစံလင္းဆိုသူပုဂၢိဳလ္ႀကီးကို စာဖတ္သူတို႔အားလုံးသိရွိၿပီးသားျဖစ္မွာပါ။ ၎ဦးစံလင္းဟာ ျမန္မာ့သမိုင္းမွာအထင္ကရျဖစ္တဲ့ ဓမၼေစတီေခါင္းေလာင္းႀကီးကိုရွာေဖြေနတာပဲျဖစ္ပါတယ္။ ဓမၼေစတီေခါင္းေလာင္းႀကီးသည္ ၁၄ ရာစုႏွစ္မ်ားတြင္ မြန္ဘုရင္ဓမၼေစတီမင္းလက္ထက္ ေရႊတိဂုံဘုရားတြင္ သြန္းလုပ္လႉဒါန္းထားျခင္းျဖစ္ၿပီး ကမၻာအႀကီးဆုံးေခါင္း ေလာင္းႀကီးျဖစ္သည္ဟု၍လည္းဆိုၾကပါသည္။ အဆိုပါေခါင္းေလာင္းႀကီးသည္ ၁၆ ရာစုႏွစ္တြင္ ျမန္မာ့သမိုင္းတြင္ထင္ရွားသူ ငဇင္ကာေခၚ ေပၚတူဂီလူမ်ိဳးဒီပရစ္တိုသည္ ေရႊတိဂုံဘုရားေပၚမွ ဓမၼေစတီေခါင္းေလာင္းႀကီးအားအတင္းယူေဆာင္သြားၿပီးေနာက္ သန္လၽွင္ႏွင့္ရန္ကုန္ၿမိဳ႕အၾကား ရန္ကုန္ျမစ္အတြင္းတြင္နစ္ျမဳတ္သြားသည္ဟူ၍လည္းသမိုင္းမွတ္တမ္းမ်ားအရ ဖတ္ရႈရပါသည္။



သမိုင္းမ်ားအရအဆိုပါေခါင္းေလာင္းႀကီးသည္ ၁၈ ေတာင္ျမင့္၍ ၈ ေတာင္ခန႔္က်ယ္ျပန႔္ကာ အလယ္ေဖာင္းရစ္တြင္ ႏွစ္က်ိတ္ရွစ္ဆူဘုရား႐ုပ္ပြားေတာ္မ်ားပါရွိၿပီး ေက်ာက္သံပတၱျမားေပါင္း ၄၀၀၀ ေက်ာ္ပါရွိကာ ေၾကးပိႆာခ်ိန္ ၁၈၀၀၀၀ ေက်ာ္ျဖင့္သြန္းလုပ္ထားသည့္ရတနာေခါင္းေလာင္းႀကီးျဖစ္ပါသည္။ ထိုေခါင္းေလာင္းႀကီးအားငဇင္ကာမွအတင္းလုယူသြားစဥ္ ရန္ကုန္ျမစ္အတြင္းနစ္ျမဳတ္သြားသည့္ ေပ်ာက္ဆုံးေနေသာ မြန္တို႔၏ရတနာေခါင္းေလာင္းႀကီးျဖစ္ပါသည္။



ရန္ကုန္ျမစ္အတြင္းတြင္ နစ္ျမဳတ္ေနသည့္ရတနာပစၥည္းမ်ားမွာထိုတစ္ခုထဲမဟုတ္ေပ။ သမိုင္းမွတ္တမ္းမ်ားအရ ရန္ကုန္ျမစ္အတြင္းတြင္ ဒက္ခ်္ကုမၸဏီပိုင္ သေဘၤာႏွစ္စီးျဖစ္သည့္ ကိုးနင္းေဒးဗစ္အမည္ရ သေဘၤာႀကီးႏွင့္ ကိုးမိုင္းအမည္ရသေဘၤာႀကီးမ်ားလည္းနစ္ျမဳတ္လၽွက္ရွိပါသည္။ အဆိုပါသေဘၤာႀကီးမ်ားသည္ ၁၆ ရာစုႏွစ္မ်ားတြင္ ျမန္မာနိုင္ငံအတြင္းသိုု႔ကုန္သြယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္လၽွက္ရွိသည့္ ဒက္ခ်္အေရွ႕အိႏၵိယကုမၸဏီပိုင္သေဘၤာႀကီးမ်ားျဖစ္ၿပီး ၁၆၆၁ ခုႏွစ္ ဧၿပီလအတြင္းနစ္ျမဳတ္ခဲ့ျခင္းျဖစ္ပါသည္။



အဆိုပါသေဘၤာႀကီးမ်ားသည့္ ဂြတ္ဟုပ္အငူမွ စတင္ထြက္ခြာလာျခင္းျဖစ္ၿပီး သေဘၤာေပၚတြင္ ျမန္မာနိုင္ငံႏွင့္ ကုန္သြယ္ရန္ ထိုစဥ္ကျမန္မာတို႔အႀကိဳက္ျဖစ္သည့္ အေနာက္တိုင္းလက္ရာေရႊထည္ေငြထည္မ်ား၊ ဟင္းခ်က္အေမႊးအႀကိဳင္ပစၥည္းမ်ား၊ ပိုးလိပ္အထည္လိပ္မ်ားစသည္တို႔ကိုအျပည့္တင္ေဆာင္လာျခင္းျဖစ္ၿပီး သေဘၤာႀကီးမ်ားသည္ သစ္သားျဖင့္ေဆာက္လုပ္ထားသည့္သေဘၤာအမ်ိဳးအစားမ်ားျဖစ္ကာ သေဘၤာေပၚတြင္ အေျမာက္ႀကီး အလက္(၂၀)ခန႔္ပါဝင္သည့္ ထိုေခတ္ထိုအခါက ပင္လယ္ကူးသေဘၤာႀကီးမ်ားျဖစ္၍ ရန္ကုန္ၿမိဳ႕ႏွင့္သန္လ်င္ၿမိဳ႕အၾကားသို႔ေရာက္ရွိလာစဥ္တြင္ ၁၆၆၁ ခုႏွစ္ ဧၿပီလတြင္ ကိုးနင္းေဒးဗစ္သေဘၤာႀကီးနစ္ ျမဳတ္ခဲ့ၿပီး ထိုႏွစ္အတြင္းမွာပင္ ကိုးမိုင္းသေဘၤာႀကီးထပ္မံနစ္ျမဳတ္ခဲ့ပါသည္။ 



အေနာက္တိုင္းပညာရွင္မ်ား၏ေလ့လာေတြ႕ရွိခ်က္မ်ားအရ အဆိုပါသေဘၤာႀကီးမ်ားသည္ ဓမၼေစတီေခါင္းေလာင္းႀကီးေပ်ာက္ဆုံးခဲ့သည့္ တည္ေနရာအနီးတြင္ပင္ရွိနိုင္ေၾကာင္းခန႔္မွန္းထားၿပီး ဓမၼေစတီေခါင္းေလာင္းႀကီးနစ္ျမဳတ္ခဲ့သည့္ေနရာဟုခန႔္မွန္းရေသာအနီးတစ္ဝိုက္တြင္ ေရဝဲႀကီးမ်ားမၾကာခဏဆိုသလို ျဖစ္ပြားခဲ့ေၾကာင္း ၁၈၀၀ ျပည့္ႏွစ္မ်ားတြင္ ေရးသားထားသည့္ သမိုင္းအေထာက္အထားမ်ားအရ သိရွိရပါသည္။



အဆိုပါေခါင္းေလာင္းႀကီးႏွင့္သေဘၤာႀကီးမ်ားနစ္ျမဳစ္ေနသည့္ေနရာမ်ားအား အဂၤလိပ္အစိုးရလက္ထက္တြင္လည္း အဂၤလိပ္တို႔မွဆယ္ယူရန္အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ၾကၿပီးေအာင္ျမင္မႈမရရွိခဲ့ေပ။ ၁၉၈၇ ခုႏွစ္ ၁၉၈၉ ခုႏွစ္မ်ားတြင္လည္း ယဥ္ေက်းမႈဝန္ႀကီးဌာန၏သေဘာတူညီခ်က္ျဖင့္ ဦးႀကိဳင္၊ ဦးတင္ေရႊ၊ ဦးစိုးလြင္တို႔ဦးေဆာင္ေသာအဖြဲ႕မွ ေရငုတ္ရွာေဖြခဲ့ၾကၿပီး ၁၉၇၈ ခုႏွစ္တြင္ဦးေက်ာ္ဦးေခါင္းေဆာင္ေသာအဖြဲ႕ ၁၉၈၉ ခုႏွစ္တြင္ ဦးသိန္းထြန္းေခါင္းေဆာင္ေသာအဖြဲ႕မ်ားမွရွာေဖြခဲ့ေသာ္လည္း ႐ုတ္တရက္ရာသီဥတုေဖာက္ျပန္ျခင္း၊ မုန္တိုင္းမ်ားက်ျခင္း၊ ေရဝဲႀကီးမ်ားေပၚလာျခင္းတို႔ေၾကာင့္ ရွာေဖြမႈကိုရပ္တံ့ခဲ့ၾကပါသည္။



၁၉၉၅ ခုႏွစ္ ဒီဇင္ဘာလမွ ၁၉၉၇ ခုႏွစ္ ဇြန္လအထိ အေမရိကန္ေရငုတ္ကၽြမ္းက်င္သူ ဂ်င္ဘလန႔္ဦးေဆာင္၍ လည္းေခါင္ေလာင္းႀကီးအားရွာေဖြခဲ့ၾကပါသည္။ ၃ ႏွစ္အတြင္း ၁၁၅ ႀကိမ္ခန႔္ေရငုတ္ရွာေဖြခဲ့ၿပီးေနာက္ ေခါင္းေလာင္းႀကီးအားလက္ျဖင့္ထိေတြ႕ခဲ့ရေၾကာင္း ေခါင္းေလာင္းႀကီး၏အနီးတြင္လည္း သေဘၤာပ်က္ဟု ထင္ရသည့္ အရာမ်ားရွိေၾကာင္းအခိုင္အမာေျပာၾကားခဲ့ၿပီး ေနာက္ပိုင္းတြင္အႀကိမ္ႀကိမ္ဆယ္ယူရန္ႀကိဳးစားခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေပ။



ေခါင္းေလာင္းႀကီးႏွင့္ရတနာသေဘၤာႀကီးမ်ားႏွင့္ပတ္သက္၍ ေနာက္ဆုံးကြင္းဆက္မွာ ၂၀၁၂ ခုႏွစ္ မတ္လ ၆ ရက္ေန႔တြင္ ႏွစ္ေပါင္း ၄၀၀ ေက်ာ္ရန္ကုန္ျမစ္အတြင္းနစ္ျမဳတ္ေနသည့္ ဓမၼေစတီေခါင္းေလာင္းႀကီးႏွင့္ သေဘၤာပ်က္မ်ား၏တည္ေနရာဟုယူဆရသည့္ေနရာအတိအက်ကို အေမရိကန္နိုင္ငံမွလႊတ္တင္ထားသည့္ Lan sat 7 ၿဂိဳလ္တုမွ ရွာေဖြေတြ႕ရွိခဲ့ၿပီး အဆိုပါသေဘၤာပ်က္မ်ားႏွင့္ေခါင္းေလာင္းႀကီးအားဆယ္ယူပါက ေဒၚသန္း ၅ သိန္းခန႔္ကုန္က်မည္ျဖစ္ၿပီး ထိုရတနာမ်ားကို အစိုးရမွတူးေဖာ္သယ္ေဆာင္ခြင့္ေပးျခင္းမရွိေသးေၾကာင္း ဒဂုံတကၠသိုလ္ အၿငိမ္းစားဘူမိေဗဒပါေမာကၡတစ္ဦးမွေျပာၾကားျခင္းပင္ျဖစ္ပါသည္။

သက္တံ့ေနာင္(Wizardry Myanmar)










Latest Articles