ကမ္ဘာကပ်ရောဂါကြီးတွေထဲမှာထင်ရှားတဲ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ပလိပ်ရောဂါကို တော်တော်များများသိပြီးကြပြီးဖြစ်မှာပါ။ ပလိပ်ရောဂါဟာကြွက်ကနေတစ်ဆင့်ဖြစ်ပ...
ကမ္ဘာကပ်ရောဂါကြီးတွေထဲမှာထင်ရှားတဲ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ပလိပ်ရောဂါကို တော်တော်များများသိပြီးကြပြီးဖြစ်မှာပါ။ ပလိပ်ရောဂါဟာကြွက်ကနေတစ်ဆင့်ဖြစ်ပွားခဲ့တဲ့ရောဂါတစ်ခုဖြစ်ပြီး ၁၄ ရာစုနှစ်တွေမှာ စတင်ဖြစ်ပွားခဲ့တဲ့ ပုလိပ်ရောဂါဟာ ကမ္ဘာလူဦးရေရဲ့ ၂၀% ဖြစ်တဲ့ လူဦးရေ ၇၅ သန်းကနေ သန်း၂၀၀ အထိ သေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒီအထဲမှာသေဆုံးမှုအများဆုံးက ဥရောပနိုင်ငံတွေကဖြစ်ပြီး ဥရောပလူဦးရေရဲ့ ၃၀% ကနေ ၆၀ % အထိသေဆုံးခဲ့ရပါတယ်။ ပလိပ်ရောဂါဟာအရှေ့အာရှဘက်မှာကျက်စားတဲ့ Black Rat လို့ခေါပြီး သင်္ဘောသားကြွက်လို့လူသိများတဲ့ကြွက်တစ်မျိုးကနေတစ်ဆင့်ကူးစက်မှုတွေဖြစ်ပေါ်တာပါ။
မန္တလေးမှာပလိပ်ကာကွယ်ဆေးထိုးပေးနေစဉ်
၁၈ ရာစုနှစ်မှာတစ်ဖန်စတင်ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါဆိုးကြီးမှာ မြန်မာနိုင်ငံဟာလည်းပြေးမလွတ်ခဲ့ပါဘူး။ အဲ့ဒိအချိန်ကတော့ သီပေါမင်းပါတော်မူပြီးစ မြန်မာနိုင်ငံကို ဗြိတိသျှတို့ကအုပ်စိုးနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ခရစ်နှစ် ၁၉၀၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းမှာ ပလိပ်ရောဂါဆိုးကြီးစတင်ဖြစ်ပွားနေပြီဆိုတာ ဗြိတိသျှတို့ ရဲ့မှတ်တမ်းများအရသိရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ပလိပ်ကပ်ဆိုးကြီးပထမဆုံးအကြီးအကျယ်ဖြစ် ပွားခဲ့တဲ့နေရာကတော့ မန္တလေးမြို့ပဲဖြစ်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းကတော့ မြန်မာနိုင်ငံမှာ ပလိပ်ကပ်ကြီးစတင်ဖြစ်ပွားတဲ့အချိန်က ၁၉၀၇ ခုနှစ်လို့ဆိုပါတယ်။
ဆရာကြီးရွှေဥဒေါင်းရဲ့မှတ်တမ်းများအရ အင်္ဂလိပ်မင်းသားဝေလမင်းသားဟာ ၁၉၀၆ ခုနှစ်မှာမန္တလေးကို အလည်ရောက်ရှိလာပြီး အဲ့ဒိနောက်ပိုင်းမှာတော့ ပလိပ်ရောဂါကြီးစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။ ခေတ်မီနည်းပညာတွေပေါ်ပေါက်ခြင်းမရှိသေးတဲ့အဲ့ဒိခေတ်မှာ မြန်မာတွေဟာပလိပ်ရောဂါကြီးကို ရိုးရာဆေးနည်းပညာများ ဓာတ် နတ်နဲ့ ခေါစာပစ်ခြင်း၊ ပရိတ်ရွတ်ခြင်း၊ ပရိတ်ရေပက်ခြင်းစတာတွေနဲ့လဲ ကုသခဲ့ကြပါတယ်။ မြန်မာအယူအဆအရ ကပ်ရောဂါဟူသည် ဘီလူးသဘက်နဲ့စူဠသူရာလို့ခေါ်တဲ့ နတ်တစ်မျိုး ကြောင့်ဖြစ်ပွားတာလို့ယူဆတာကြောင့် ဒီဘီလူး သဘက်ရန်တွေကိုကာကွယ်ဖို့ အမဲသား၊ ကျွဲသားစတာတွေ ကိုမစားသုံးဖို့ လယ်တီဆရာတော်ရဲ့ ရောဂန္ဓရဒိပဏီကျမ်းမှာရေးသားထားတာကိုတွေ့ရပါတယ်။
၁၉၁၁ ခုနှစ်ထုတ် ရတနာပုံမဂ္ဂဇင်းမှာပါရှိတဲ့ ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းအရ သီပေါမင်းပါတော်မူပြီး တဲ့အချိန်ကစပြီး ၁၉၁၁ ခုနှစ်အထိ မန္တလေးမြို့ရဲ့လူဦးရေဟာ ၄၅၀၀၀ ကျော်လျော့နည်းသွားတာကိုလည်းတွေ့ ရှိရပါတယ်။ အခြားမြို့တွေအကုန်လူဦးရေတိုးလာသော်လည်း မန္တလေးတစ်မြို့တည်းလူဦးရေ လေးသောင်းကျော်လျော့သွားတာနဲ့ပတ်သက်ပြီး အင်္ဂလိပ်အစိုးရကမှတ်တမ်းတစ်စုံတရာထားခဲ့တာမျိုးတော့မတွေ့ရှိရပါ။ တိုက်ဆိုင်တာမျိုးတော့ဖြစ်နိုင်ပေမဲ့ ဒီကာလဟာမြန်မာနိုင်ငံမှာ ပလိပ်ရောဂါအကြီးအကျယ်ဖြစ်ပွားနေ တဲ့ကာလဖြစ်ပါတယ်။
ပလိပ်ရောဂါဟာမြန်မာနိုင်ငံမှာအကြီးအကျယ်ဖြစ်ပွားနေတဲ့အချိန်တုန်းက မြန်မာတွေဟာနယ်ချဲ့တွေကို လုံးဝယုံကြည်မှုမရှိခဲ့တာကြောင့် ရိုးရာတိုင်းရင်းဆေးပညာတွေနဲ့သာကုသခဲ့ကြပါတယ်။ ၁၉၀၉ ခုနှစ်မှထွက်ရှိ တဲ့ဆရာပေါရဲ့ ပလိပ်ရောဂါကုထုံးကျမ်းမှာဆိုရင် အင်္ဂလိပ်တွေဟာပလိပ်ရောဂါကိုကုသနိုင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။ ထို့အပြင် ပလိပ်ရောဂါဖြစ်တဲ့ကြွက်တွေကို အင်္ဂလိပ်တွေကလွှတ်တယ်ဆိုတဲ့အယူ အဆကြောင့် မြန်မာတွေဟာအင်္ဂလိပ်တို့ထိုးပေးတဲ့ ပလိပ်ရောဂါကာကွယ်ဆေးကို ထိုးခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။ ထိုစဉ်ကပလိပ်ရောဂါဆိုတာဖြစ်ပွားပြီး ၂ ရက် ၃ ရက်အတွင်းမှာပင်သေဆုံးတဲ့အထိ ပြင်းထန်ခဲ့တာမို့ မန္တလေးမြို့ခံအတော်များများက မြို့ကိုစွန့်ခွာပြီးထွက်ပြေးကြရပါတယ်။
ပလိပ်ရောဂါကြောင့်လူသေခဲ့ရတဲ့အိမ်နှင့်ထိုခေတ်ကမြူနီစပယ်
ထိုစဉ်အခါကပလိပ်ဖြစ်ပြီးသေဆုံးသွားတဲ့လူနာတွေကို ကိုယ်သဘောနဲ့ကိုယ်သင်္ဂြိုလ်ပါက အင်္ဂလိပ်မြူနီစပယ်ကဒဏ်ရိုက်တဲ့စနစ်ကိုကျင့်သုံးပါတယ်။ ပလိပ်ကြောင့်သေဆုံးပြီဆိုတာနဲ့ အလောင်းကို မြင်းနက်ရထားကြီးနဲ့လာရောက်သယ်ဆောင်ပြီး သေဆုံးသူသုံးစွဲခဲ့တဲ့ အဝတ်အစားအသုံးအဆောင်တွေကိုလည်း တစ်ခါတည်းမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ လူထုဒေါ်အမာရေးသားတဲ့မှတ်တမ်းတွေမှာဖတ်ရှုခဲ့ဖူးပါတယ်။ ထိုအပြင်ထိုခေတ်ကလည်း ပလိပ်ရောဂါကိုကာကွယ်ဖို့ အင်္ဂလိပ်မြူနီစပယ်ကဆေးဖြန်းတဲ့နည်းစနစ်ကိုလည်း အသုံးပြုခဲ့ပါတယ်။ ထိုစဉ်ကမြန်မာနိုင်ငံအတွင်းမှာ အနောက်တိုင်းဆေးပညာသင်ကြားတဲ့ဌာနလည်းမရှိ သေးတာမို့ အင်္ဂလိပ်အစိုးရဟာ ကုသဖို့ထက်ကာကွယ်ဖို့နည်းလမ်းကိုသာရွေးချယ်ခဲ့ရတဲ့ပုံပါပဲ။
ပလိပ်ရောဂါဖြစ်ပွားနေတဲ့အိမ်တွေရဲ့အရှေ့မှာ မြူနီစပယ်တို့က အလံနီလာစိုက်ပြီး လူသေထားတဲ့အိမ်ရဲ့ အရှေ့မှာတော့အလံနက်လာစိုက်ပါတယ်။ ၁၉၂၀ ခုနှစ်တွေမှာ မုံရွာဘက်မှာ ပလိပ်ကြောင့်သေဆုံးခဲ့ရသူတွေများလွန်းတာကြောင့် မြေတစ်ကျွင်းထဲအလောင်းသုံးလောင်းခန့်စုမြှုတ်တာတောင် နေရာမဆန့်တော့ခြင်း၊ အခေါင်းစပ်ဖို့တောင်မတက်နိုင်တော့တာကြောင့် အလောင်းတွေကိုဖျာနဲ့လိပ်ပြီးမြှုတ်တဲ့အထိ ဖြစ်ပွားခဲ့တယ်လို့လဲဆိုပါတယ်။ အင်္ဂလိပ်တို့ဟာ မြန်မာတွေကို ခေတ်မီဆေးပညာနဲ့ကုသလို့မရတော့ကြောင်းသိရှိလာတဲ့အခါ မြန်မာလူမျိုးတို့ယုံကြည်နဲ့ဘုရားကုကုတဲ့နည်းစနစ်ကိုအသုံးပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ပရှာဝါမြို့အနီးရှေးဟောင်းစေတီတစ်ဆူပြိုကျတဲ့အခါ တွေ့ရှိရတဲ့ ဘုရားရှင်ရဲ့ဓာတ်တော်တွေကို အင်္ဂလိပ်တွေက မြန်မာနိုင်ငံကိုသယ်ဆောင်ဖို့စီစဉ်ခဲ့ပြီး မင်းတုန်းမင်းသားကြီးရဲ့တူတော် ပျဉ်းမနားမင်းသားကြီးက အိန္ဒိယအထိ သွားရောက်သယ်ဆောင်ခဲ့ပြီး (၂၂-၃-၁၉၁၀)ရက်နေ့မှာ ရန်ကုန်မှာအပူဇော်ခံခဲ့ပြီး (၂၈-၃-၁၉၁၀)ခုနှစ်မှာတော့မန္တလေးမြို့ကိုပင့်ဆောင်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်အထိ အပူဇော်ခံခဲ့ပါတယ်။ နောက်ပိုင်းဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်မှာတော့ ၎င်းဓာတ်တော်တွေဟာပျောက်ဆုံးခဲ့ရတယ်လို့လဲ ဆိုကြပါတယ်။
ဒါပေမဲ့အင်္ဂလိပ်တွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဟာအောင်မြင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဓာတ်တော်များပင့်ဆောင်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာတွေဟာအင်္ဂလိပ်တွေအပေါ်အနည်းငယ်ယုံကြည်မှုရှိလာကြောင့် အနောက်တိုင်းဆေးပညာနဲ့ပါ ကုသမှုခံယူခဲ့တာကြောင့် နောက်ပိုင်းမှာရောဂါဖြစ်ပွားမှုတွေနည်းလာခဲ့ပါတယ်။ ထို့အပြင်နောက်ပိုင်းမှာ ထိုစဉ်ကပလိပ်အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ရန်ကုန်နဲ့မန္တလေးမြို့ခံတွေဟာ ကြွက်သေကိုကြည်ပြီး ပလိပ်ရှိတဲ့ကြွက်လား ပလိပ်မရှိတဲ့ကြွက်လားခွဲခြားနိုင်တဲ့အထိ ရောဂါရဲ့ဖြစ်ပွားမှုနဲ့ ကုထုံးအပေါ်ကျွမ်းကျင်လာခဲ့တယ်လို့ဆိုပါတယ် (အချာပင်တော့မဟုတ်)
ရှေးလူကြီးတွေရဲ့အဆိုအရ ပလိပ်ရှိတဲ့ကြွက်ဟာအမွှေးတွေခြောက်ကပ်နေပြီး သာမန်ကြွက်သေဟာ ရိုးရိုးပုံပဲလို့ဆိုကြပါတယ်။ ဒါပေမဲ့ကြွက်သေတွေ့တာနဲ့ ဓာတ်ဆီလောင်းမီးရှို့ပြီး ပတ်ဝန်းကျင်ကိုလည်း စနစ်တကျ သန့်ရှင်းရေးလုပ်ကြ၊ မြို့ရဲ့တစ်နေရာရာမှာပလိပ်ဖြစ်ကြောင်းသိပြီဆိုတာနဲ့ အပြင်သိပ်မထွက်ကြဘဲ အနေအထိုင်ဆင်ချင်ကြရာကနောက်ပိုင်းမှာပလိပ်ရောဂါပပျောက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ပလိပ်ရောဂါအဓိကဖြစ်ပွားခဲ့တဲ့ ရန်ကုန်နဲ့မန္တလေးမြို့နှစ်မြို့ထဲကို လူထောင်ချီသေဆုံးခဲ့တယ်လို့ လဲဆိုပါတယ်။ ထိုပလိပ်ရောဂါဟာကမ္ဘာတစ်ခုလုံးကိုပြန့်နှံခဲ့တဲ့ရောဂါဖြစ်ပြီး တရုတ်နဲ့အိန္ဒိယကအများဆုံးသေဆုံးခဲ့ကြတာပြီး လူဦးရေစုစုပေါင်း (၁၅)သန်းခန့်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြန်မာတွေကတော့ ရှေးရိုးစွဲတိုင်းရင်းဆေးပညာနဲ့သာအဓိကထားကုသခဲ့ပေမဲ့ ခေတ်မီတဲ့အတွေးတွေဖြစ်တဲ့ အနီးပတ်ဝန်းကျင်မှာ ရောဂါဖြစ်ကြောင်းကြားတာနဲ့ မိမိအိမ်အတွင်းမှာပဲ အတတ်နိုင်ဆုံးနေထိုင်ကြခြင်း(Lock Down)၊ ရောဂါဖြစ်တဲ့ကြွက်နဲ့ ရောဂါမဖြစ်တဲ့ကြွက်ကိုကြည့်ယုံနဲ့ပင်သိရှိနိုင်အောင်လေ့လာကြခြင်း(Research)၊ ကြိုတင်ကာကွယ်တဲ့စနစ်ကြောင်းမွန်ခြင်းစတာတွေကြောင့် အသေအပျောက်နည်းပါးခဲ့တဲ့လို့ဆိုနိုင်ပါတယ်။
သက်တံ့နောင် (Wizardry Myanmar)
ကိုးကား
လူထုဒေါ်အမာ၏ မန္တလေးမြို့နှင့်ပလိပ်ကပ်ရောဂါ
BBC ၏ ကျောက်၊ ပလိပ်နဲ့ ကာလဝမ်း ၊ မြန်မာတွေ ကြောက်ခဲ့ရတဲ့ ကူးစက်ရောဂါများဆောင်းပါး
Zawgyi ျဖင့္ဖတ္ရန္
ကမၻာကပ္ေရာဂါႀကီးေတြထဲမွာထင္ရွားတဲ့ကပ္ေရာဂါတစ္ခုျဖစ္တဲ့ပလိပ္ေရာဂါကို ေတာ္ေတာ္မ်ားမ်ားသိၿပီးၾကၿပီးျဖစ္မွာပါ။ ပလိပ္ေရာဂါဟာႂကြက္ကေနတစ္ဆင့္ျဖစ္ပြားခဲ့တဲ့ေရာဂါတစ္ခုျဖစ္ၿပီး ၁၄ ရာစုႏွစ္ေတြမွာ စတင္ျဖစ္ပြားခဲ့တဲ့ ပုလိပ္ေရာဂါဟာ ကမၻာလူဦးေရရဲ့ ၂၀% ျဖစ္တဲ့ လူဦးေရ ၇၅ သန္းကေန သန္း၂၀၀ အထိ ေသဆုံးမႈေတြျဖစ္ပြားခဲ့ပါတယ္။ ဒီအထဲမွာေသဆုံးမႈအမ်ားဆုံးက ဥေရာပနိုင္ငံေတြကျဖစ္ၿပီး ဥေရာပလူဦးေရရဲ့ ၃၀% ကေန ၆၀ % အထိေသဆုံးခဲ့ရပါတယ္။ ပလိပ္ေရာဂါဟာအေရွ႕အာရွဘက္မွာက်က္စားတဲ့ Black Rat လို႔ေခါၿပီး သေဘၤာသားႂကြက္လို႔လူသိမ်ားတဲ့ႂကြက္တစ္မ်ိဳးကေနတစ္ဆင့္ကူးစက္မႈေတြျဖစ္ေပၚတာပါ။
မႏၲေလးမွာပလိပ္ကာကြယ္ေဆးထိုးေပးေနစဥ္
၁၈ ရာစုႏွစ္မွာတစ္ဖန္စတင္ျဖစ္ပြားခဲ့တဲ့ ပလိပ္ေရာဂါဆိုးႀကီးမွာ ျမန္မာနိုင္ငံဟာလည္းေျပးမလြတ္ခဲ့ပါဘူး။ အဲ့ဒိအခ်ိန္ကေတာ့ သီေပါမင္းပါေတာ္မူၿပီးစ ျမန္မာနိုင္ငံကို ၿဗိတိသၽွတို႔ကအုပ္စိုးေနတဲ့အခ်ိန္ပဲျဖစ္ပါတယ္။ ခရစ္ႏွစ္ ၁၉၀၅ ခုႏွစ္မွာ ျမန္မာနိုင္ငံအတြင္းမွာ ပလိပ္ေရာဂါဆိုးႀကီးစတင္ျဖစ္ပြားေနၿပီဆိုတာ ၿဗိတိသၽွတို႔ ရဲ့မွတ္တမ္းမ်ားအရသိရွိခဲ့ရပါတယ္။ ျမန္မာနိုင္ငံအတြင္းမွာ ပလိပ္ကပ္ဆိုးႀကီးပထမဆုံးအႀကီးအက်ယ္ျဖစ္ ပြားခဲ့တဲ့ေနရာကေတာ့ မႏၲေလးၿမိဳ႕ပဲျဖစ္ပါတယ္။ ဆရာႀကီးေရႊဥေဒါင္းကေတာ့ ျမန္မာနိုင္ငံမွာ ပလိပ္ကပ္ႀကီးစတင္ျဖစ္ပြားတဲ့အခ်ိန္က ၁၉၀၇ ခုႏွစ္လို႔ဆိုပါတယ္။
ဆရာႀကီးေရႊဥေဒါင္းရဲ့မွတ္တမ္းမ်ားအရ အဂၤလိပ္မင္းသားေဝလမင္းသားဟာ ၁၉၀၆ ခုႏွစ္မွာမႏၲေလးကို အလည္ေရာက္ရွိလာၿပီး အဲ့ဒိေနာက္ပိုင္းမွာေတာ့ ပလိပ္ေရာဂါႀကီးစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိရွိရပါသည္။ ေခတ္မီနည္းပညာေတြေပၚေပါက္ျခင္းမရွိေသးတဲ့အဲ့ဒိေခတ္မွာ ျမန္မာေတြဟာပလိပ္ေရာဂါႀကီးကို ရိုးရာေဆးနည္းပညာမ်ား ဓာတ္ နတ္နဲ႔ ေခါစာပစ္ျခင္း၊ ပရိတ္ရြတ္ျခင္း၊ ပရိတ္ေရပက္ျခင္းစတာေတြနဲ႔လဲ ကုသခဲ့ၾကပါတယ္။ ျမန္မာအယူအဆအရ ကပ္ေရာဂါဟူသည္ ဘီလူးသဘက္နဲ႔စူဠသူရာလို႔ေခၚတဲ့ နတ္တစ္မ်ိဳး ေၾကာင့္ျဖစ္ပြားတာလို႔ယူဆတာေၾကာင့္ ဒီဘီလူး သဘက္ရန္ေတြကိုကာကြယ္ဖို႔ အမဲသား၊ ကၽြဲသားစတာေတြ ကိုမစားသုံးဖို႔ လယ္တီဆရာေတာ္ရဲ့ ေရာဂႏၶရဒိပဏီက်မ္းမွာေရးသားထားတာကိုေတြ႕ရပါတယ္။
၁၉၁၁ ခုႏွစ္ထုတ္ ရတနာပုံမဂၢဇင္းမွာပါရွိတဲ့ ၁၉၁၁ ခုႏွစ္ သန္းေခါင္စာရင္းအရ သီေပါမင္းပါေတာ္မူၿပီး တဲ့အခ်ိန္ကစၿပီး ၁၉၁၁ ခုႏွစ္အထိ မႏၲေလးၿမိဳ႕ရဲ့လူဦးေရဟာ ၄၅၀၀၀ ေက်ာ္ေလ်ာ့နည္းသြားတာကိုလည္းေတြ႕ ရွိရပါတယ္။ အျခားၿမိဳ႕ေတြအကုန္လူဦးေရတိုးလာေသာ္လည္း မႏၲေလးတစ္ၿမိဳ႕တည္းလူဦးေရ ေလးေသာင္းေက်ာ္ေလ်ာ့သြားတာနဲ႔ပတ္သက္ၿပီး အဂၤလိပ္အစိုးရကမွတ္တမ္းတစ္စုံတရာထားခဲ့တာမ်ိဳးေတာ့မေတြ႕ရွိရပါ။ တိုက္ဆိုင္တာမ်ိဳးေတာ့ျဖစ္နိုင္ေပမဲ့ ဒီကာလဟာျမန္မာနိုင္ငံမွာ ပလိပ္ေရာဂါအႀကီးအက်ယ္ျဖစ္ပြားေန တဲ့ကာလျဖစ္ပါတယ္။
ပလိပ္ေရာဂါဟာျမန္မာနိုင္ငံမွာအႀကီးအက်ယ္ျဖစ္ပြားေနတဲ့အခ်ိန္တုန္းက ျမန္မာေတြဟာနယ္ခ်ဲ႕ေတြကို လုံးဝယုံၾကည္မႈမရွိခဲ့တာေၾကာင့္ ရိုးရာတိုင္းရင္းေဆးပညာေတြနဲ႔သာကုသခဲ့ၾကပါတယ္။ ၁၉၀၉ ခုႏွစ္မွထြက္ရွိ တဲ့ဆရာေပါရဲ့ ပလိပ္ေရာဂါကုထုံးက်မ္းမွာဆိုရင္ အဂၤလိပ္ေတြဟာပလိပ္ေရာဂါကိုကုသနိုင္ျခင္းမရွိဘူးလို႔ ေဖာ္ျပထားပါတယ္။ ထို႔အျပင္ ပလိပ္ေရာဂါျဖစ္တဲ့ႂကြက္ေတြကို အဂၤလိပ္ေတြကလႊတ္တယ္ဆိုတဲ့အယူ အဆေၾကာင့္ ျမန္မာေတြဟာအဂၤလိပ္တို႔ထိုးေပးတဲ့ ပလိပ္ေရာဂါကာကြယ္ေဆးကို ထိုးခဲ့ျခင္းလည္းမရွိခဲ့ပါဘူး။ ထိုစဥ္ကပလိပ္ေရာဂါဆိုတာျဖစ္ပြားၿပီး ၂ ရက္ ၃ ရက္အတြင္းမွာပင္ေသဆုံးတဲ့အထိ ျပင္းထန္ခဲ့တာမို႔ မႏၲေလးၿမိဳ႕ခံအေတာ္မ်ားမ်ားက ၿမိဳ႕ကိုစြန႔္ခြာၿပီးထြက္ေျပးၾကရပါတယ္။
ပလိပ္ေရာဂါေၾကာင့္လူေသခဲ့ရတဲ့အိမ္ႏွင့္ထိုေခတ္ကျမဴနီစပယ္
ထိုစဥ္အခါကပလိပ္ျဖစ္ၿပီးေသဆုံးသြားတဲ့လူနာေတြကို ကိုယ္သေဘာနဲ႔ကိုယ္သၿဂႋဳလ္ပါက အဂၤလိပ္ျမဴနီစပယ္ကဒဏ္ရိုက္တဲ့စနစ္ကိုက်င့္သုံးပါတယ္။ ပလိပ္ေၾကာင့္ေသဆုံးၿပီဆိုတာနဲ႔ အေလာင္းကို ျမင္းနက္ရထားႀကီးနဲ႔လာေရာက္သယ္ေဆာင္ၿပီး ေသဆုံးသူသုံးစြဲခဲ့တဲ့ အဝတ္အစားအသုံးအေဆာင္ေတြကိုလည္း တစ္ခါတည္းမီးရွို႔ဖ်က္ဆီးခဲ့ၾကတယ္လို႔ လူထုေဒၚအမာေရးသားတဲ့မွတ္တမ္းေတြမွာဖတ္ရႈခဲ့ဖူးပါတယ္။ ထိုအျပင္ထိုေခတ္ကလည္း ပလိပ္ေရာဂါကိုကာကြယ္ဖို႔ အဂၤလိပ္ျမဴနီစပယ္ကေဆးျဖန္းတဲ့နည္းစနစ္ကိုလည္း အသုံးျပဳခဲ့ပါတယ္။ ထိုစဥ္ကျမန္မာနိုင္ငံအတြင္းမွာ အေနာက္တိုင္းေဆးပညာသင္ၾကားတဲ့ဌာနလည္းမရွိ ေသးတာမို႔ အဂၤလိပ္အစိုးရဟာ ကုသဖို႔ထက္ကာကြယ္ဖို႔နည္းလမ္းကိုသာေရြးခ်ယ္ခဲ့ရတဲ့ပုံပါပဲ။
ပလိပ္ေရာဂါျဖစ္ပြားေနတဲ့အိမ္ေတြရဲ့အေရွ႕မွာ ျမဴနီစပယ္တို႔က အလံနီလာစိုက္ၿပီး လူေသထားတဲ့အိမ္ရဲ့ အေရွ႕မွာေတာ့အလံနက္လာစိုက္ပါတယ္။ ၁၉၂၀ ခုႏွစ္ေတြမွာ မုံရြာဘက္မွာ ပလိပ္ေၾကာင့္ေသဆုံးခဲ့ရသူေတြမ်ားလြန္းတာေၾကာင့္ ေျမတစ္ကၽြင္းထဲအေလာင္းသုံးေလာင္းခန႔္စုျမႇုတ္တာေတာင္ ေနရာမဆန႔္ေတာ့ျခင္း၊ အေခါင္းစပ္ဖို႔ေတာင္မတက္နိုင္ေတာ့တာေၾကာင့္ အေလာင္းေတြကိုဖ်ာနဲ႔လိပ္ၿပီးျမႇုတ္တဲ့အထိ ျဖစ္ပြားခဲ့တယ္လို႔လဲဆိုပါတယ္။ အဂၤလိပ္တို႔ဟာ ျမန္မာေတြကို ေခတ္မီေဆးပညာနဲ႔ကုသလို႔မရေတာ့ေၾကာင္းသိရွိလာတဲ့အခါ ျမန္မာလူမ်ိဳးတို႔ယုံၾကည္နဲ႔ဘုရားကုကုတဲ့နည္းစနစ္ကိုအသုံးျပဳခဲ့ပါတယ္။ အိႏၵိယနိုင္ငံ ပရွာဝါၿမိဳ႕အနီးေရွးေဟာင္းေစတီတစ္ဆူၿပိဳက်တဲ့အခါ ေတြ႕ရွိရတဲ့ ဘုရားရွင္ရဲ့ဓာတ္ေတာ္ေတြကို အဂၤလိပ္ေတြက ျမန္မာနိုင္ငံကိုသယ္ေဆာင္ဖို႔စီစဥ္ခဲ့ၿပီး မင္းတုန္းမင္းသားႀကီးရဲ့တူေတာ္ ပ်ဥ္းမနားမင္းသားႀကီးက အိႏၵိယအထိ သြားေရာက္သယ္ေဆာင္ခဲ့ၿပီး (၂၂-၃-၁၉၁၀)ရက္ေန႔မွာ ရန္ကုန္မွာအပူေဇာ္ခံခဲ့ၿပီး (၂၈-၃-၁၉၁၀)ခုႏွစ္မွာေတာ့မႏၲေလးၿမိဳ႕ကိုပင့္ေဆာင္လာခဲ့ၿပီး ဒုတိယကမၻာစစ္ႀကီးမျဖစ္ခင္အထိ အပူေဇာ္ခံခဲ့ပါတယ္။ ေနာက္ပိုင္းဒုတိယကမၻာစစ္ႀကီးျဖစ္ပြားစဥ္မွာေတာ့ ၎ဓာတ္ေတာ္ေတြဟာေပ်ာက္ဆုံးခဲ့ရတယ္လို႔လဲ ဆိုၾကပါတယ္။
ဒါေပမဲ့အဂၤလိပ္ေတြရဲ့ စိတ္ဓာတ္စစ္ဆင္ေရးဟာေအာင္ျမင္ခဲ့တယ္လို႔ဆိုနိုင္ပါတယ္။ ဓာတ္ေတာ္မ်ားပင့္ေဆာင္လာတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာေတြဟာအဂၤလိပ္ေတြအေပၚအနည္းငယ္ယုံၾကည္မႈရွိလာေၾကာင့္ အေနာက္တိုင္းေဆးပညာနဲ႔ပါ ကုသမႈခံယူခဲ့တာေၾကာင့္ ေနာက္ပိုင္းမွာေရာဂါျဖစ္ပြားမႈေတြနည္းလာခဲ့ပါတယ္။ ထို႔အျပင္ေနာက္ပိုင္းမွာ ထိုစဥ္ကပလိပ္အႀကီးအက်ယ္ျဖစ္ပြားခဲ့တဲ့ ရန္ကုန္နဲ႔မႏၲေလးၿမိဳ႕ခံေတြဟာ ႂကြက္ေသကိုၾကည္ၿပီး ပလိပ္ရွိတဲ့ႂကြက္လား ပလိပ္မရွိတဲ့ႂကြက္လားခြဲျခားနိုင္တဲ့အထိ ေရာဂါရဲ့ျဖစ္ပြားမႈနဲ႔ ကုထုံးအေပၚကၽြမ္းက်င္လာခဲ့တယ္လို႔ဆိုပါတယ္ (အခ်ာပင္ေတာ့မဟုတ္)
ေရွးလူႀကီးေတြရဲ့အဆိုအရ ပလိပ္ရွိတဲ့ႂကြက္ဟာအေမႊးေတြေျခာက္ကပ္ေနၿပီး သာမန္ႂကြက္ေသဟာ ရိုးရိုးပုံပဲလို႔ဆိုၾကပါတယ္။ ဒါေပမဲ့ႂကြက္ေသေတြ႕တာနဲ႔ ဓာတ္ဆီေလာင္းမီးရွို႔ၿပီး ပတ္ဝန္းက်င္ကိုလည္း စနစ္တက် သန႔္ရွင္းေရးလုပ္ၾက၊ ၿမိဳ႕ရဲ့တစ္ေနရာရာမွာပလိပ္ျဖစ္ေၾကာင္းသိၿပီဆိုတာနဲ႔ အျပင္သိပ္မထြက္ၾကဘဲ အေနအထိုင္ဆင္ခ်င္ၾကရာကေနာက္ပိုင္းမွာပလိပ္ေရာဂါပေပ်ာက္ခဲ့တယ္လို႔ဆိုပါတယ္။
ဒါေပမဲ့ ပလိပ္ေရာဂါအဓိကျဖစ္ပြားခဲ့တဲ့ ရန္ကုန္နဲ႔မႏၲေလးၿမိဳ႕ႏွစ္ၿမိဳ႕ထဲကို လူေထာင္ခ်ီေသဆုံးခဲ့တယ္လို႔ လဲဆိုပါတယ္။ ထိုပလိပ္ေရာဂါဟာကမၻာတစ္ခုလုံးကိုျပန႔္ႏွံခဲ့တဲ့ေရာဂါျဖစ္ၿပီး တ႐ုတ္နဲ႔အိႏၵိယကအမ်ားဆုံးေသဆုံးခဲ့ၾကတာၿပီး လူဦးေရစုစုေပါင္း (၁၅)သန္းခန႔္ေသဆုံးခဲ့တာျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ ျမန္မာေတြကေတာ့ ေရွးရိုးစြဲတိုင္းရင္းေဆးပညာနဲ႔သာအဓိကထားကုသခဲ့ေပမဲ့ ေခတ္မီတဲ့အေတြးေတြျဖစ္တဲ့ အနီးပတ္ဝန္းက်င္မွာ ေရာဂါျဖစ္ေၾကာင္းၾကားတာနဲ႔ မိမိအိမ္အတြင္းမွာပဲ အတတ္နိုင္ဆုံးေနထိုင္ၾကျခင္း(Lock Down)၊ ေရာဂါျဖစ္တဲ့ႂကြက္နဲ႔ ေရာဂါမျဖစ္တဲ့ႂကြက္ကိုၾကည့္ယုံနဲ႔ပင္သိရွိနိုင္ေအာင္ေလ့လာၾကျခင္း(Research)၊ ႀကိဳတင္ကာကြယ္တဲ့စနစ္ေၾကာင္းမြန္ျခင္းစတာေတြေၾကာင့္ အေသအေပ်ာက္နည္းပါးခဲ့တဲ့လို႔ဆိုနိုင္ပါတယ္။
သက္တံ့ေနာင္ (Wizardry Myanmar)
ကိုးကား
လူထုေဒၚအမာ၏ မႏၲေလးၿမိဳ႕ႏွင့္ပလိပ္ကပ္ေရာဂါ
BBC ၏ ေက်ာက္၊ ပလိပ္နဲ႔ ကာလဝမ္း ၊ ျမန္မာေတြ ေၾကာက္ခဲ့ရတဲ့ ကူးစက္ေရာဂါမ်ားေဆာင္းပါး